Sunday 2 March 2014

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သည့် ပုဒ်မများပြင်ဆင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၌ မတ် ၁ ရက်တည်း နှစ်ကြိမ်ဆန္ဒပြ

Photo: ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သည့် ပုဒ်မများပြင်ဆင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၌ မတ် ၁ ရက်တည်း နှစ်ကြိမ်ဆန္ဒပြ
Sunday, March 2, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြမှုများ မြင့်တက်လာပြီး ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါဝင်သော ဒီမိုကရေစီစနစ်နှင့် မကိုက်ညီသည့် ပုဒ်မများ ပြင်ဆင်နိုင်ရေးအတွက် မတ် ၁ ရက်တည်းတွင် ရန်ကုန်တိုင်းဒေသကြီး၌ နှစ်ကြိမ်ဆန္ဒပြခဲ့ကြောင်း သိရသည်။

မတ် ၁ ရက် နံနက် ၇ နာရီခွဲမှ ၉ နာရီခွဲ အထိ သာကေတမြို့နယ်ရှိ ပြည်သူ ၂ဝဝ ခန့် က အနော်မာမှတ်တိုင်မှ စတင်ကာ ရန်ပြေ၊ မာန်ပြေလမ်းများကိုဖြတ်ပြီး သာကေတဘောလုံးကွင်းအထိ ချီတက်ဆန္ဒပြခဲ့ကြပြီး ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ၂ဝ၁၅ အနာဂတ်မြန်မာနိုင်ငံသမ္မတ ဒေါ်အောင်ဆန်းစုကြည်(အင်္ဂလိပ်ဘာသာဖြင့်) ရိုက်နှိပ်ထားသော တီရှပ်များကို တူညီဝတ်ဆင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ အား ဖျက်သိမ်းပေးရေး၊ ပုဒ်မ ၅၉ (စ)နှင့် (ဃ) တို့အား ပြင်ဆင်ပေးရေး ဟစ်ကြွေးခဲ့ကြသည်။

ညနေ ၃ နာရီတွင်မူ သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်း၊ လေးထောင့်ကန်လမ်း၊ သုမင်္ဂလာလမ်း၊ ပြည်သာယာလမ်း၊ သုဒဿနလမ်းတို့တွင် လူဦးရေ ၅ဝဝ ခန့်က ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မများပြင်ဆင်ရေးအတွက် ဆန္ဒပြခဲ့ကြသည်။

“ဒီကိစ္စက တစ်ကမ္ဘာလုံးလည်း သိတယ်။ တစ်နိုင်ငံလုံးလည်း သိပါတယ်။ ဥပဒေတစ်ခုဆိုတာ ပြည်သူကို အကျိုးပြုနိုင်မှ၊ အကျိုးမပြုနိုင်ရင် အဲဒီဥပဒေပြည်သူ့အတွက် မဟုတ်ပါဘူး။ ပြည်သူ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်အောင် သက်သက်ရည်ညွှန်းထားတဲ့ ပုဒ်မတွေရှိနေသရွေ့တော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေက ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီပါဘူး။နိုင်ငံရေးအရ သက်သက် ဖိနှိပ်ထားတာပါ” ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် ဆန္ဒပြခဲ့သူ ဦးဇော်ဝင်းက ပြောကြားသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် နိုင်ငံရေးအရ ဖိနှိပ်ချုပ်ချယ်ထားသော ဒီမိုကရေစီစံနှုန်းနှင့် မညီသောပုဒ်မများ ဖျက်သိမ်းပေးရေးအတွက် အစိုးရနှင့် လွှတ်တော်များသိရှိစေရန် ဆန္ဒပြတောင်းဆိုမှုများမှာ ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများ ကတည်းက ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ယခုဆန္ဒပြမှုနှစ်ကြိမ်နှင့်ဆိုလျှင် ဆန္ဒပြမှု ကိုးကြိမ်အထိ ရှိနေပြီဖြစ်သည်။

ထို့ပြင် ယခုလအတွင်း ဆန္ဒပြမှုများ ဆက်တိုက်ပြုလုပ်မည်ဖြစ်ပြီး ခွင့်ပြုမိန့်များလည်း ရရှိထားပြီဖြစ်ကြောင်း ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ကွန်ရက်မှ ဦးရန်နိုင်ထွေးက ပြောကြားသည်။

Eleven Media Group

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် မတ် ၁ ရက် ညနေပိုင်းက သင်္ဃန်းကျွန်းမြို့နယ်တွင် ဆန္ဒပြစဉ်(ဓာတ်ပုံ - မျိုးမင်းထက်)
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် မတ် ၁ ရက် ညနေပိုင်းက သင်္ဃန်းကျွန်းမြို့နယ်တွင် ဆန္ဒပြစဉ်(ဓာတ်ပုံ - မျိုးမင်းထက်)

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြမှုများ မြင့်တက်လာပြီး ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါဝင်သော ဒီမို ကရေစီစနစ်နှင့် မကိုက်ညီသည့် ပုဒ်မများ ပြင်ဆင်နိုင်ရေးအတွက် မတ် ၁ ရက်တည်းတွင် ရန်ကုန် တိုင်းဒေသကြီး၌ နှစ်ကြိမ်ဆန္ဒပြခဲ့ကြောင်း သိရသည်။


မတ် ၁ ရက် နံနက် ၇ နာရီခွဲမှ ၉ နာရီခွဲ အထိ သာကေတမြို့နယ်ရှိ ပြည်သူ ၂ဝဝ ခန့် က အနော်မာ မှတ်တိုင်မှ စတင်ကာ ရန်ပြေ၊ မာန်ပြေလမ်းများကိုဖြတ်ပြီး သာကေတဘောလုံးကွင်းအထိ ချီတက် ဆန္ဒပြခဲ့ကြပြီး ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ၂ဝ၁၅ အနာဂတ်မြန်မာနိုင်ငံသမ္မတ ဒေါ်အောင်ဆန်း စုကြည်(အင်္ဂလိပ်ဘာသာဖြင့်) ရိုက်နှိပ်ထားသော တီရှပ်များကို တူညီဝတ်ဆင်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ အား ဖျက်သိမ်းပေးရေး၊ ပုဒ်မ ၅၉ (စ)နှင့် (ဃ) တို့အား ပြင်ဆင်ပေးရေး ဟစ်ကြွေးခဲ့ကြ သည်။

ညနေ ၃ နာရီတွင်မူ သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်း၊ လေးထောင့်ကန်လမ်း၊ သုမင်္ဂလာလမ်း၊ ပြည်သာယာလမ်း၊ သုဒဿနလမ်းတို့တွင် လူဦးရေ ၅ဝဝ ခန့်က ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မများပြင်ဆင်ရေး အတွက် ဆန္ဒပြခဲ့ကြသည်။

“ဒီကိစ္စက တစ်ကမ္ဘာလုံးလည်း သိတယ်။ တစ်နိုင်ငံလုံးလည်း သိပါတယ်။ ဥပဒေတစ်ခုဆိုတာ ပြည်သူကို အကျိုးပြုနိုင်မှ၊ အကျိုးမပြုနိုင်ရင် အဲဒီဥပဒေပြည်သူ့အတွက် မဟုတ်ပါဘူး။ ပြည်သူ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်အောင် သက်သက်ရည်ညွှန်းထားတဲ့ ပုဒ်မတွေရှိနေသရွေ့တော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေက ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီပါဘူး။နိုင်ငံရေးအရ သက်သက် ဖိနှိပ်ထားတာပါ” ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် ဆန္ဒပြခဲ့သူ ဦးဇော်ဝင်းက ပြောကြားသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် နိုင်ငံရေးအရ ဖိနှိပ်ချုပ်ချယ်ထားသော ဒီမိုကရေစီစံနှုန်းနှင့် မညီသောပုဒ်မများ ဖျက်သိမ်းပေးရေးအတွက် အစိုးရနှင့် လွှတ်တော်များသိရှိစေရန် ဆန္ဒပြတောင်းဆိုမှု များမှာ ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများ ကတည်းက ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ယခုဆန္ဒပြ မှုနှစ်ကြိမ်နှင့်ဆိုလျှင် ဆန္ဒပြမှု ကိုးကြိမ်အထိ ရှိနေပြီဖြစ်သည်။

ထို့ပြင် ယခုလအတွင်း ဆန္ဒပြမှုများ ဆက်တိုက်ပြုလုပ်မည်ဖြစ်ပြီး ခွင့်ပြုမိန့်များလည်း ရရှိထားပြီဖြစ်ကြောင်း ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ကွန်ရက်မှ ဦးရန်နိုင်ထွေးက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment