Saturday 29 November 2014

MH 17 လေယာဉ်ပေါ်ပါ ခရီးသည်အလောင်းများကို နောက်ဆုံးအသုတ် ပြန်ပို့

Photo: MH 17 လေယာဉ်ပေါ်ပါ ခရီးသည်အလောင်းများကို နောက်ဆုံးအသုတ် ပြန်ပို့
Saturday, November 29, 2014

ယူကရိန်းနိုင်ငံ အရှေ့ဘက်က စစ်မက်ဇုန်မှာ ဇူလိုင်လက ပျက်ကြသွားခဲ့တဲ့ လေယာဉ်ပေါ် ပါသွားခဲ့တဲ့ ခရီးသည်အလောင်းတွေထဲက နောက်ဆုံးအသုတ်ကို မနေ့က ယူကရိန်းကနေ နယ်သာလန်ကို ပြန်ပို့လိုက်ပါတယ်။

ကာကက်မြို့မှာ အကျဉ်းရုံး အခမ်းအနားတခုကို ကျင်းပခဲ့ပြီး ခေါင်းတလား ၆ ခုကို ဒတ်ခ်ျနိုင်ငံက ကုန်တင်လေယာဉ်ပေါ်ကို တင်ပို့လိုက်တာပါ။

နောက်ဆုံး ရှာဖွေတွေ့ရှိခဲ့တဲ့ ရုပ်ကြွင်းတွေဟာ ဒတ်ခ်ျနိုင်ငံသားတွေ ဖြစ်ပြီး မလေးရှားလေယာဉ် MH 17  လေယာဉ်နဲ့ လိုက်ပါရင်း ကံဆိုး မိုးမှောင်ကျခဲ့ ရသူတွေဖြစ်ပါတယ်။

ဘိုရင်း  777 လေယာဉ်ဟာ ရုရှားလိုလားတဲ့ သူပုန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေ မြေပြင်ကနေ ဝေဟင်ပစ် မစ်ဇိုင်း ဒုံးကျည်နဲ့ ပစ်ခတ်တာ ခံလိုက်ရတယ်လို့  ယုံကြည်နေကြတာပါ။

လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း ၂၉၈ ဦး လိုက်ပါခဲ့ပြီး သုံးပုံနှစ်ပုံဟာ နယ်သာလန် နိုင်ငံသားတွေ ဖြစ်ပါတယ်။

လေယာဉ် ပျက်ကျသွားတဲ့နေရာမှာ ရှင်းလင်းရေးလုပ်ငန်းတွေ တပတ်ကြာ လုပ်တာ ပြီးခဲ့တဲ့အပတ်က အဆုံးသတ်လိုက်ပြီလို့ ဒတ်ခ်ျ အစိုးရက ပြောပါတယ်။

လေယာဉ်ကို ဘယ်သူက ပစ်ချလိုက်သလဲဆိုတာကို တိတိကျကျ မသိရသေးပါဘူး၊ ယူကရိန်းအစိုးရက ရုရှားလိုလားတဲ့ ခွဲထွက်ရေးသူပုန်တွေကို စွပ်စွဲထားသလို၊ ရုရှားကလည်း ယူကရိန်းအစိုးရ စစ်တပ်ရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

ဒီဗွီဘီ
ယူကရိန်းနိုင်ငံ အရှေ့ဘက်က စစ်မက်ဇုန်မှာ ဇူလိုင်လက ပျက်ကြသွားခဲ့တဲ့ လေယာဉ်ပေါ် ပါသွားခဲ့တဲ့ ခရီးသည်အလောင်းတွေထဲက နောက်ဆုံးအသုတ်ကို မနေ့က ယူကရိန်းကနေ နယ်သာလန်ကို ပြန်ပို့ လိုက်ပါတယ်။

ကာကက်မြို့မှာ အကျဉ်းရုံး အခမ်းအနားတခုကို ကျင်းပခဲ့ပြီး ခေါင်းတလား ၆ ခုကို ဒတ်ခ်ျနိုင်ငံက ကုန်တင် လေယာဉ်ပေါ်ကို တင်ပို့လိုက်တာပါ။

နောက်ဆုံး ရှာဖွေတွေ့ရှိခဲ့တဲ့ ရုပ်ကြွင်းတွေဟာ ဒတ်ခ်ျနိုင်ငံသားတွေ ဖြစ်ပြီး မလေးရှားလေယာဉ် MH 17  လေယာဉ်နဲ့ လိုက်ပါရင်း ကံဆိုး မိုးမှောင်ကျခဲ့ ရသူတွေဖြစ်ပါတယ်။

ဘိုရင်း  777 လေယာဉ်ဟာ ရုရှားလိုလားတဲ့ သူပုန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေ မြေပြင်ကနေ ဝေဟင်ပစ် မစ်ဇိုင်း ဒုံးကျည်နဲ့ ပစ်ခတ်တာ ခံလိုက်ရတယ်လို့  ယုံကြည်နေကြတာပါ။

လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း ၂၉၈ ဦး လိုက်ပါခဲ့ပြီး သုံးပုံနှစ်ပုံဟာ နယ်သာလန် နိုင်ငံသားတွေ ဖြစ်ပါတယ်။

လေယာဉ် ပျက်ကျသွားတဲ့နေရာမှာ ရှင်းလင်းရေးလုပ်ငန်းတွေ တပတ်ကြာ လုပ်တာ ပြီးခဲ့တဲ့အပတ်က အဆုံးသတ်လိုက်ပြီလို့ ဒတ်ခ်ျ အစိုးရက ပြောပါတယ်။

လေယာဉ်ကို ဘယ်သူက ပစ်ချလိုက်သလဲဆိုတာကို တိတိကျကျ မသိရသေးပါဘူး၊ ယူကရိန်းအစိုးရက ရုရှားလိုလားတဲ့ ခွဲထွက်ရေးသူပုန်တွေကို စွပ်စွဲထားသလို၊ ရုရှားကလည်း ယူကရိန်းအစိုးရ စစ်တပ်ရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment