Saturday 29 November 2014

ကျောင်းသားများ တောင်းဆိုထားသည့် အချက် အချို့ကို ဖြည့်ဆည်းပေး သွားမည်ဟု ရတနာပုံ တက္ကသိုလ်ပါမောက္ခချုပ် ပြောကြား

Photo: ကျောင်းသားများ တောင်းဆိုထားသည့် အချက် အချို့ကို ဖြည့်ဆည်းပေး သွားမည်ဟု ရတနာပုံ တက္ကသိုလ်ပါမောက္ခချုပ် ပြောကြား
Saturday, November 29, 2014

ကျောင်းသားများ တောင်းဆိုထားသည့်အချက်အချို့ကို ဖြည့် ဆည်းပေးသွား မည်ဖြစ်ကြောင်း ရတနာပုံ တက္ကသိုလ်ပါမောက္ခချုပ်ကပြောကြားသည်။

အမျိုးသားပညာရေးဥပဒေကို သပိတ် မှောက်ခဲ့ရာတွင် ပါဝင်ခဲ့သည့် ရတနာပုံတက္က သိုလ်မှ ကျောင်းသားသမဂ္ဂများနှင့် မန္တလေး တိုင်းဒေသကြီးရှိ ပါမောက္ခချုပ်ခြောက်ဦး တို့သည် နိုဝင်ဘာ ၂၈ ရက်က ကျောင်းသား ဆရာအလွတ်သဘော တံခါးပိတ်တွေ့ဆုံဆွေး နွေးမှုပြုလုပ်ခဲ့ရာ ကျောင်းသားသမဂ္ဂများမှ ရတနာပုံတက္ကသိုလ်တွင် ကားပါကင်ရရှိရန်၊ မိန်းတံခါးနှစ်ခုကို ပြန်ဖွင့်ပေးရန်၊ ကျောင်း သားသမဂ္ဂများနှင့် ပတ်သက်၍ အစည်းအဝေး ပွဲတစ်ခုကို ပြုလုပ်နိုင်သည့်နေရာ စီစဉ်ပေး ရန်၊ စာကြည့်တိုက် တွင် စာဖတ်ဝိုင်းစီစဉ် ပေးရန်၊ ဝေဖန်အကြံပြုနိုင်သည့် ပညာရေး ဆွေးနွေးပွဲ များပြုလုပ်ခွင့်ရရှိရန်ဟူသော အ ချက်ငါးချက်ကို တောင်းဆိုလိုက်ကြကြောင်း သိရသည်။

''ကျောင်းသားတွေနဲ့ တွေ့ဆုံရတယ်ဆို တာက သားအဖတွေ တွေ့သလို တွေ့ဆုံရ ခြင်းဖြစ်ပါတယ်။ ဘာလိုတာရှိလဲဆိုပြီး ရှိရင် ပြောဆိုပြီး ခေါ်တွေ့ ကြတာပါပဲ။ သူတို့က လဲ သူတို့လိုချင်တာလေးတွေကို ပြောသွား တယ်။ ဆရာတို့ဘက်ကလဲ သူတို့တောင်းဆို ထားတာတွေထဲက တတ်နိုင်တာ မှန်သမျှလုပ် ပေးမယ်လို့ ပြောခဲ့ကြပါတယ်''ဟု မန္တလေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင် သင်းက ပြောသည်။

ယင်းကဲ့သို့ အလွတ်သဘောတွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ခဲ့သော ပါမောက္ခချုပ်များ သည် အထက်မှညွှန်ကြားချက်ကြောင့်သာ ယင်းတို့နှင့်တွေ့ဆုံခြင်းဖြစ်ကြောင်း ကျောင်း သားသမဂ္ဂများကလည်း ဝေဖန်ပြောကြား ခဲ့သည်။

''အခုလို ပါမောက္ခချုပ်တွေ လာတွေ့ တာက အထက်ကလာခိုင်းတဲ့အတွက် လာ တာမျိုးဖြစ်နေတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လာတဲ့သဘောမဖြစ်နိုင်ပါဘူး။ အရင်ကပါ ချုပ်နဲ့ တွေ့ဖို့သွားတဲ့အခါ တွေ့ဆုံခွင့်မရခဲ့ ဘူး။ လက်ရှိတွေ့ဆုံ ခဲ့တာတွေကိုတော့အားရ ခြင်းမရှိပါဘူး။ တောင်းဆိုထားတဲ့အချက် တွေကိုလည်း ညှိနှိုင်းမယ်၊စဉ်းစားဦးမယ်ပြော နေတယ်။ ပညာရေးနဲ့ပတ် သက်ပြီး ကျောင်း တွင်းဆွေးနွေးပွဲတွေလုပ်ပေးမယ်။ ဖြစ်အောင် လုပ်ပေး မယ်လို့တော့ ပြောသွားတယ်''ဟု ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ပြင်ပပြန်ကြားရေးတာဝန်ခံ ကိုနိုင်ရဲဝေက ပြောသည်။

ကျောင်းသားသမဂ္ဂများမှ တောင်းဆိုခဲ့ သောအချက်အချို့သည် အကောင် အထည် ဖော်သည့်လုပ်ငန်းစဉ်များတွင်ပါဝင်နေသည့် အတွက် တောင်းဆိုချက် အချို့သည် အဆင် ပြေနိုင်ကြောင်း၊ မိန်းတံခါးကို လုံခြုံရေးအ တွက် ပိတ်ထားခြင်း ဖြစ်သည့်အတွက် ပြန် လည်ဖွင့်ပေးရန် ညှိနှိုင်းမှုများ ပြုလုပ်ရန် လို အပ်ကြောင်း ရတနာပုံတက္ကသိုလ်ပါမောက္ခ ချုပ်က ပြောသည်။

''ကျောင်းတွင်းရေးရာကိစ္စနဲ့ပတ်သက် ပြီး တွေ့ဆုံတာဖြစ်ပါတယ်။ ဆရာတပည့် တွေ့ဆုံခြင်းသာဖြစ်ပါတယ်။ ကျောင်းသား တွေက လိုအပ်ချက်တွေကို ပြောပြတာ ဝမ်း သာပါတယ်။ လုပ်ပေးနိုင်တာမှန်သမျှ လုပ် ပေးမှာပါ''ဟု ယင်းက ဆက်လက်ပြောသည်။

ကျောင်းသားသမဂ္ဂများ ဝေဖန်သော အထက်မှ ညွှန်ကြားချက်ကြောင့် တွေ့ဆုံခြင်း ဆိုသည်ကို မန္တလေးတက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာ မောင်သင်းက ''ဆရာတို့က အထက်က ညွှန်ကြားလို့ ဒီလိုတွေ့ဆုံတာမျိုး မဟုတ်ပါဘူး။ ဆရာတို့က ဝန်ထမ်းဆိုတော့ လည်း ဒီလိုတွေ့ဆုံပါတယ် ဆိုတာတော့ ဖုန်း ဆက်ပြီးတော့ ပြောရတာပေါ့''ဟု ပြန်လည် ပြောကြားသည်။

ရတနာပုံတက္ကသိုလ်မှ ကျောင်းသားဦး ရေ ၅ဝ ခန့်ပါဝင်သော ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၇ ရက်က အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် သပိတ်မှောက်မှုများအား မန္တလေးမြို့တွင်း လှည့်လည်ပြုလုပ်ခဲ့သည်။

Democracytoday
ကျောင်းသားများ တောင်းဆိုထားသည့်အချက်အချို့ကို ဖြည့် ဆည်းပေးသွား မည်ဖြစ်ကြောင်း ရတနာပုံ တက္ကသိုလ်ပါမောက္ခချုပ်ကပြောကြားသည်။

အမျိုးသားပညာရေးဥပဒေကို သပိတ် မှောက်ခဲ့ရာတွင် ပါဝင်ခဲ့သည့် ရတနာပုံတက္က သိုလ်မှ ကျောင်းသား သမဂ္ဂများနှင့် မန္တလေး တိုင်းဒေသကြီးရှိ ပါမောက္ခချုပ်ခြောက်ဦး တို့သည် နိုဝင်ဘာ ၂၈ ရက်က ကျောင်းသား ဆရာအလွတ်သဘော တံခါးပိတ်တွေ့ဆုံဆွေး နွေးမှုပြုလုပ်ခဲ့ရာ ကျောင်းသားသမဂ္ဂများမှ ရတနာပုံတက္ကသိုလ်တွင် ကားပါကင်ရရှိရန်၊ မိန်းတံခါးနှစ်ခုကို ပြန်ဖွင့်ပေးရန်၊ ကျောင်း သားသမဂ္ဂများနှင့် ပတ်သက်၍ အစည်းအဝေး ပွဲတစ်ခုကို ပြုလုပ်နိုင်သည့်နေရာ စီစဉ်ပေး ရန်၊ စာကြည့်တိုက် တွင် စာဖတ်ဝိုင်းစီစဉ် ပေးရန်၊ ဝေဖန်အကြံပြုနိုင်သည့် ပညာရေး ဆွေးနွေးပွဲ များပြုလုပ်ခွင့်ရရှိရန်ဟူသော အ ချက်ငါးချက်ကို တောင်းဆိုလိုက်ကြကြောင်း သိရသည်။

''ကျောင်းသားတွေနဲ့ တွေ့ဆုံရတယ်ဆို တာက သားအဖတွေ တွေ့သလို တွေ့ဆုံရ ခြင်းဖြစ်ပါတယ်။ ဘာလိုတာရှိလဲဆိုပြီး ရှိရင် ပြောဆိုပြီး ခေါ်တွေ့ ကြတာပါပဲ။ သူတို့က လဲ သူတို့လိုချင်တာလေးတွေကို ပြောသွား တယ်။ ဆရာတို့ဘက်ကလဲ သူတို့တောင်းဆို ထားတာတွေထဲက တတ်နိုင်တာ မှန်သမျှလုပ် ပေးမယ်လို့ ပြောခဲ့ကြပါတယ်''ဟု မန္တလေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင် သင်းက ပြောသည်။

ယင်းကဲ့သို့ အလွတ်သဘောတွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ခဲ့သော ပါမောက္ခချုပ်များ သည် အထက်မှ ညွှန်ကြားချက်ကြောင့်သာ ယင်းတို့နှင့်တွေ့ဆုံခြင်းဖြစ်ကြောင်း ကျောင်း သားသမဂ္ဂများကလည်း ဝေဖန် ပြောကြား ခဲ့သည်။

''အခုလို ပါမောက္ခချုပ်တွေ လာတွေ့ တာက အထက်ကလာခိုင်းတဲ့အတွက် လာ တာမျိုးဖြစ်နေတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လာတဲ့သဘောမဖြစ်နိုင်ပါဘူး။ အရင်ကပါ ချုပ်နဲ့ တွေ့ဖို့သွားတဲ့အခါ တွေ့ဆုံခွင့် မရခဲ့ ဘူး။ လက်ရှိတွေ့ဆုံ ခဲ့တာတွေကိုတော့အားရ ခြင်းမရှိပါဘူး။ တောင်းဆိုထားတဲ့အချက် တွေကိုလည်း ညှိနှိုင်းမယ်၊စဉ်းစားဦးမယ်ပြော နေတယ်။ ပညာရေးနဲ့ပတ်သက်ပြီး ကျောင်းတွင်း ဆွေးနွေး ပွဲတွေ လုပ်ပေးမယ်။ ဖြစ်အောင် လုပ်ပေး မယ်လို့တော့ ပြောသွားတယ်''ဟု ရတနာပုံတက္ကသိုလ် ကျောင်းသား သမဂ္ဂ ပြင်ပပြန်ကြားရေးတာဝန်ခံ ကိုနိုင်ရဲဝေက ပြောသည်။

ကျောင်းသားသမဂ္ဂများမှ တောင်းဆိုခဲ့ သောအချက်အချို့သည် အကောင် အထည် ဖော်သည့် လုပ်ငန်းစဉ်များတွင် ပါဝင်နေသည့် အတွက် တောင်းဆိုချက် အချို့သည် အဆင် ပြေနိုင်ကြောင်း၊ မိန်းတံခါး ကို လုံခြုံရေးအ တွက် ပိတ်ထားခြင်း ဖြစ်သည့်အတွက် ပြန် လည်ဖွင့်ပေးရန် ညှိနှိုင်းမှုများ ပြုလုပ်ရန် လို အပ်ကြောင်း ရတနာပုံတက္ကသိုလ်ပါမောက္ခ ချုပ်က ပြောသည်။

''ကျောင်းတွင်းရေးရာကိစ္စနဲ့ပတ်သက် ပြီး တွေ့ဆုံတာဖြစ်ပါတယ်။ ဆရာတပည့် တွေ့ဆုံခြင်းသာဖြစ်ပါ တယ်။ ကျောင်းသား တွေက လိုအပ်ချက်တွေကို ပြောပြတာ ဝမ်း သာပါတယ်။ လုပ်ပေးနိုင်တာမှန်သမျှ လုပ် ပေးမှာပါ''ဟု ယင်းက ဆက်လက်ပြောသည်။

ကျောင်းသားသမဂ္ဂများ ဝေဖန်သော အထက်မှ ညွှန်ကြားချက်ကြောင့် တွေ့ဆုံခြင်း ဆိုသည်ကို မန္တလေးတက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာ မောင်သင်းက ''ဆရာတို့က အထက်က ညွှန်ကြားလို့ ဒီလို တွေ့ဆုံ တာမျိုး မဟုတ်ပါဘူး။ ဆရာတို့က ဝန်ထမ်းဆိုတော့ လည်း ဒီလိုတွေ့ဆုံပါတယ် ဆိုတာတော့ ဖုန်း ဆက်ပြီးတော့ ပြောရတာပေါ့''ဟု ပြန်လည် ပြောကြားသည်။

ရတနာပုံတက္ကသိုလ်မှ ကျောင်းသားဦး ရေ ၅ဝ ခန့်ပါဝင်သော ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၇ ရက်က အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် သပိတ်မှောက်မှုများအား မန္တလေးမြို့တွင်း လှည့်လည်ပြုလုပ်ခဲ့သည်။

Democracytoday

No comments:

Post a Comment