Saturday 29 November 2014

အသက် ၁၂၀ ရှည်စေမည့် ဆေးကို ရုရှားသိပ္ပံပညာရှင်တို့ စမ်းသပ်တွေ့ရှိ

ရုရှားသိပ္ပံပညာရှင်တို့သည် အိုမင်းမှု ဖြစ်စဉ်အစကို နှောင့်နှေးကြန့်ကြာစေမည့် နည်းဗျူဟာအသစ်ကို စမ်းသပ်ခဲ့သည်။ ထိုဆေးလုံးအား ကြွက်များ၊ ငါးများနှင့်ခွေး များတွင် စမ်းသပ်ခဲ့ပြီးနောက် လူတို့တွင် အနည်းဆုံး အသက် ၁၂၀ အထိ ရှည်စေနိုင်လိမ့်မည်ဟုသိပ္ပံပညာရှင်တို့က မျှော်လင့်ထားသည်။ ““အိုမင်းစေတဲ့ ရောဂါအများစုဟာ ပိုမိုနှေးကွေးစွာ ဖြစ်ပေါ်လာနေတာပါ”” ဟုမတ်စကော့ပြည်နယ် တက္က သိုလ် မှ လေ့လာသူ ဒေါက်တာမက်ဇင်းက ဆိုသည်။

သိပ်္ပံပညာရှင်တို့က အင်တီအောက် ဆီးဒင့် အမျိုးအစားအသစ်ကို စမ်းသပ်နေပြီး ထိုအရာ ကအိုမင်းမှု တိုးစေရန် လှုံ့ ဆော်ပေးသောအရာ ဟု ထင်မြင်ထားသည့် မိုက်တိုကွန်ဒရီးယားပေါ် တွင်သက်ရောက်မှုရှိ ကြောင်း သိရသည်။  မိုက် တိုကွန်ဒရီးယားသည် နှလုံးရောဂါထခြင်း(Heart Attack)ကို ဖြစ်စေပြီး အယ်လ်ဇိုင်းမားရောဂါ၊ ပါကင် ဆန်ရောဂါကဲ့သို့ ရောဂါများနှင့် ဆက်စပ်နေကြောင်း သိရသည်။ 

““အခုစမ်းသပ်ဆေးသာ အောင်မြင်ခဲ့ရင်အသက်ကြီးရင့်မှုဖြစ်စဉ်ကို ရွှေ့ပြောင်းဖို့ ဖြစ်နိုင်ပါလိမ့်မယ်””ဟု မက်စကော့ပြည်နယ်တကသိုလ်မှ ဒေါက်တာ မက်ဇင်းက ပြောသည်။ယခု ဆေးဖော်စပ်ခြင်း၏ စစ်မှန်သော ရည်မှန်းချက်မှာ လူတို့ အသက် ၁၂၀ တိုင် ရှည်စေရန်ဖြစ်ပြီး အိုမင်းမှုတားဆေးကုထုံး များသည် နည်းလမ်း တကျဖြစ်နိုင်ခြေရှိကြောင်း ဒေါက်တာမက်ဇင်းက ဆိုသည်။ ““အသက် ၈၀၀ အထိ ရှည်နိုင်တယ်လို့ တော့မယုံကြည်ပါဘူး။ ဖြစ်နိုင်တာက တချို့ရောဂါသစ်တွေ ထွက်ပေါ်လာလို့ပါ။ဥပမာပြောရရင် ကင်ဆာ
လိုရှားပါးတဲ့ ရောဂါကြောင့် ရှေးတုန်းက လူတွေပိုပြီး ငယ်ငယ်ရွယ် ရွယ်နဲ့ သေဆုံးလာနေကြပါတယ်”” ဟု သူကထပ်လောင်းပြောကြားခဲ့သည်။

ဇွန်(Ref: DM)
Pyimyanmar 

No comments:

Post a Comment