Saturday 29 November 2014

ရန်ကုန်မြို့တော်စည်ပင်ကိုယ်စားလှယ်လောင်းများ ပြည်သူကရွေးချယ်မည် ဖြစ်သော်လည်း လူထုနှင့် ထိတွေ့ မှုအားနည်းသဖြင့် ဒေသအကျိုးပြု ကိုယ်စားလှယ် ဖြစ် မဖြစ် ပြည်သူများ သံသယရှိနေ

Photo: ရန်ကုန်မြို့တော်စည်ပင်ကိုယ်စားလှယ်လောင်းများ ပြည်သူကရွေးချယ်မည် ဖြစ်သော်လည်း လူထုနှင့် ထိတွေ့ မှုအားနည်းသဖြင့် ဒေသအကျိုးပြု ကိုယ်စားလှယ် ဖြစ် မဖြစ် ပြည်သူများ သံသယရှိနေ
Saturday, November 29, 2014

ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲအား ပြည် သူရွေးချယ်မှုဖြင့် တင်မြှောက်ခွင့်ရ ရှိမည်ဖြစ်သော်လည်း ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများအနေဖြင့် မိမိတို့သည် ကိုယ်စားလှယ်အရည် အချင်း ရှိမရှိ ပြည်သူများသိရှိစေရန် လူထုနှင့် ထိတွေ့မှုအားနည်းခြင်း ကြောင့် ယင်းတို့အပေါ် သက်ဆိုင် ရာ လူထုက ပြည်သူ့အကျိုးပြုကိုယ် စားလှယ်ဖြစ် မဖြစ် သံသယရှိနေကြောင်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီအဆင့်ဆင့်တွင် ရွေးချယ်ခံရန် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိသူကိုယ်စားလှယ်လောင်း ၂၉၃ဦး ရှိပြီး ယင်းကိုယ်စား လှယ် လောင်းများ အနေဖြင့် မိမိတို့ရွေးကောက်ခံမည့် မြို့နယ်များတွင် မြို့နယ်နေ ပြည်သူ များကို နိုဝင်ဘာ ၅ရက်တွင်စတင် မဲဆယ်စည်းရုံး နိုင်ကြောင်း ရန်ကုန် မြို့တော်ကော်မရှင်က ကြေညာထား သည်။

ယင်းသို့ ကြေညာထားသော် လည်း ရွေးကောက်ခံကိုယ်စားလှယ် အများစု အနေဖြင့် သက်ဆိုင်ရာမြို့ နယ်များရှိ လူထုကိုထိတွေ့မှု၊ မဲဆွယ် စည်းရုံး မှုပြုလုပ်ခြင်းများ အားနည်းနေကြောင်း ရန်ကုန်မြို့အတွင်းရှိပြည်သူ များကြား ဝေဖန်ပြောကြားမှု များရှိနေကြောင်း သိရသည်။

''ဒီဇင်ဘာ၂၇မှာ ကိုယ့်မြို့နယ် ရဲ့စည်ပင်ဥက္ကဋ္ဌနေရာအတွက် တစ် အိမ်ထောင် တစ်ယောက် မဲဆန္ဒပေး ရမည်ဆိုတာ သတင်းစာဖတ်လို့သာ သိရတယ်။ ခုချိန်ထိကို မြို့နယ်မှာဝင် ရောက်ယှဉ်ပြိုင်မယ့်သူက ဘယ်သူ လဲ မသိသေးဘူး။ ရပ်ကွက်ရုံးမှာ သွားကြည့်ဖို့ကလဲ ကိုယ့်စီးပွားရေးနဲ့ ဆိုတော့ မကြည့်ဖြစ်ဘူး။ တကယ်ဆို ဝင်ရောက်ယှဉ်ပြိုင်မယ့်သူက ကိုယ့် မြို့နယ်၊ ရပ်ကွက်က ပြည်သူတွေသိ အောင် မဲဆွယ်စည်းရုံးရေးဆင်းတာ တွေ၊ ပြည်သူတွေကို အသိပေး အ ကြောင်းကြားတာတွေ၊ လက်ကမ်း စာစောင်တွေဖြန့်ဝေဖို့တော့ လိုမယ်။ မြို့တော်၊ မြို့နယ်၊ ရပ်ကွက်တိုးတက် အောင် လုပ်ပေးမယ့်သူက ခုချိန်ထိ ဘာအကောင်အထည်မှ မဖော်သေး တော့ ကျွန်တော်တို့က ဘယ်လိုယုံ ကြည်ရမှာလဲ''ဟု စည်ပင်ရွေးကောက် ပွဲနှင့်ပတ်သက်၍ သာကေတမြို့နယ် ရှိ ပြည်သူတစ်ဦးဖြစ်သူ ဦးညီညီ အောင်က ပြောသည်။

ရန်ကုန်မြို့တော်နှင့် မြို့နယ်ဖွံ့ ဖြိုးတိုးတက်အောင်ပြုလုပ်မည်ဆိုပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့်ရွေးကောက် တင်မြှောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် မည့် ကိုယ်စားလှယ်လောင်းများ လူ ထုနှင့် ထိတွေ့မှုအားနည်းနေသဖြင့် မည်သူ့ကိုရွေးချယ်ရမည်ကိုပင် မသိ ဖြစ်နေကြောင်း ရန်ကုန်မြို့နေ ပြည် သူများထံမှ သိရသည်။

''ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ သူတို့သာ မြို့တော်စည်ပင် အဆင့်ဆင့် ရွေးချယ်ခံ ရရင် သူတို့ အနေနဲ့ သူတို့ကို ရွေးချယ်ပေးလိုက် တဲ့ပြည်သူတွေကို သူတို့တွေအနေနဲ့ ဘာတွေလုပ်ပေးမယ်။ ဘယ်လိုကတိ တွေပေးမယ်ဆိုတာ ကျွန်တော်တို့ တွေ သိပ်သိချင်နေကြပါတယ်''ဟု ရန်ကင်းမြို့နယ်နေ ကိုငြိမ်းပြည့်က ပြောသည်။

''အခုအချိန်ထိတော့ ကျွန် တော်တို့အနေနဲ့ သူတို့ဘာတွေလုပ် ပေးမယ်ဆိုတာ မသိရှိရသေးဘူး။ကတိစကားတွေမကြားရသေးဘူး။ ဒါကြောင့် ကျွန်တော်တို့ ဘယ်သူ့ကို ရွေးချယ်ရမယ်ဆိုတာ အခုချိန်ထိ မသိရှိသေးပါဘူး''ဟု ယင်းက ဆက်လက်ပြောကြားသည်။

''ကျွန်တော်တို့လသာမြို့နယ် မှာဆိုရင် ရပ်မိရပ်ဖက ရွေးချယ်ပေး မယ့် ဥက္ကဋ္ဌနေရာအတွက် မဲဆွယ် ယှဉ်ပြိုင်ရမယ့် ကိုယ်စားလှယ်လောင်း က တစ်ဦးပဲရှိတယ်လို့ သိရတယ်။ ရပ်မိရပ်ဖကရွေးချယ်ပေးမယ့် ကိုယ် စားလှယ် လောင်းက သူတစ်ဦးတည်း ပဲ။ လသာမြို့နယ်အတွက် ယှဉ်ပြိုင်ရ မှာဆိုတော့ သူမဲမဆွယ်လဲ ရဖို့ကျိန်း သေနေတယ်။ အခုချိန်ထိတော့ လ သာမြို့နယ်က ရပ်မိရပ်ဖတွေ သိ အောင် မဲဆွယ်စည်းရုံးတာတွေလဲ မရှိသေးဘူး။ တကယ်ဆို လသာမြို့ နယ်တိုးတက်အောင် ဘာတွေလုပ် ပေးမယ်၊ ပြည်သူတွေက ကိုယ်စား လှယ်လောင်းကို သိရှိအောင် မဲပေး ချင်အောင် မဲဆွယ်စည်းရုံး ရေးဆင်း ဖို့လိုပါတယ်။ ဒီဇင်ဘာ၂၇ရက်မှာ ကျင်းပမှာ ခုပဲ နိုဝင်ဘာပဲရှိနေပြီ။ အခုလိုမျိုးသာဆို ကိုယ့်မြို့နယ်တိုး တက်ဖို့ မဲဆန္ဒပေးတဲ့အခါ ဘယ်လို ယုံကြည်ပြီးပေးရမှာလဲ''ဟု လသာမြို့ နယ်မှ ကိုခင်မောင်သန်းက ထပ် လောင်းပြောကြားသည်။

ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီအဆင့်ဆင့် ရွေး ကောက်တင် မြှောက်ပွဲတွင် ဝင် ရောက်ယှဉ်ပြိုင်ခွင့်ရသည့် ကိုယ်စား လှယ်လောင်းများအား မဲအရေအ တွက်များသူကိုသာ ရွေးချယ်ပေးသွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော် ကော်မရှင်မှ သိရသည်။

''ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ကိုယ်စားလှယ်လောင်းတွေထဲက အ နိုင်ရရှိတဲ့သူကို ရွေးချယ်တဲ့အခါ မဲ အရေအတွက်များတဲ့သူကိုသာ ရွေး ချယ်သွားမယ်။ အနိုင်ရရှိနေတဲ့သူက တစ်မဲအသာနဲ့ အနိုင်ရလဲ အနိုင်ရရှိ တာပဲ။ လွှတ်တော် ရွေး ကောက်ပွဲ မဲ ပေးတဲ့စနစ်အတိုင်းပါ''ဟု ရန်ကုန် မြို့တော်ကော်မရှင်ဥက္ကဋ္ဌ ဦးတင် အေးက ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီအဆင့်ဆင့်ရွေး ကောက် တင်မြှောက်ပွဲတွင် ခရိုင် လေးခရိုင်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိ သည့် လူဦးရေမှာ စုစုပေါင်း ၄ဝ၁၆၃၄ ဦးရှိပြီး အရှေ့ပိုင်းခရိုင်တွင် ၁၁၅၁၅၂ ဦး၊ အနောက်ပိုင်း ခရိုင်တွင် ၄၈၂၂၇ ဦး၊ တောင်ပိုင်းခရိုင်တွင် ၈၈၃၉၈ဦး၊ မြောက်ပိုင်းခရိုင်တွင် ၁၄၉၈၅၇ဦး တို့ ဆန္ဒမဲပေးပိုင်ခွင့်ရှိကြောင်း သိရ သည်။

ခရိုင်အလိုက် မဲရုံများမှာလဲ စု စုပေါင်း ၁ဝ၈၆ရုံရှိပြီး အရှေ့ပိုင်း ခရိုင်တွင် ၃၂၄ရုံ၊ အနောက်ပိုင်းခရိုင် တွင် ၁၃၉ရုံ၊ တောင်ပိုင်းခရိုင် တွင်၂၅၆ရုံ၊ မြောက်ပိုင်းခရိုင်တွင် ၃၆၅ ရုံတွင် မဲရုံထားရှိပေးထားသည်။ မဲရုံများတွင် အနိုင်ရသည့်ကိုယ် စားလှယ်လောင်းမဲ၊ ပယ်မဲများကို ပြည်သူများရှေ့တွင် ရေတွက်၍ ပွင့် လင်းမြင်သာစွာ ကြေညာပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာ ယာအဆင့်ဆင့်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရသည့် ကိုယ် စားလှယ်လောင်း ၂၉၃ဦးတွင် ကိုယ် စားလှယ် လောင်း ၂၆၁ဦးမှာ အမျိုး သားများဖြစ်ပြီး ကိုယ်စားလှယ် ၃၂ ဦးမှာ အမျိုးသမီးများ ဖြစ်ကာ ယင်း တို့က ရန်ကုန်မြို့တော်စည်ပင်သာ ယာရေး ကော်မတီဝင် ကိုယ်စားလှယ် လေးဦး၊ ခရိုင် လေးခရိုင်မှ တစ်ခရိုင် လျှင် သုံးဦးစီ စုစုပေါင်းကိုယ်စားလှယ် ၁၂ဦး၊ မြို့နယ် ၃၃မြို့နယ်မှ တစ်မြို့နယ်လျှင် သုံးဦးစီ စုစုပေါင်း မြို့နယ်ကိုယ်စားပြုကိုယ်စားလှယ် ၉၉ဦး စုစုပေါင်း ၁၁၅ဦးရွေးချယ်ခံ ရမည်ဖြစ်သည်။

''လူထုနဲ့ ထိတွေ့မှုနည်းတာ မဲ ဆွယ်စည်းရုံးမှုနည်းတဲ့သူတွေက တော့သူတို့ လုပ်တဲ့ ရလဒ်ကို သူတို့ရ မှာပေါ့။ ကျွန်တော်တို့ဘက်ကတော့ ပြည်သူတွေ ဘယ်လိုပုံစံနဲ့ရွေးချယ် ရမယ်ဆိုတဲ့ ကျွန်တော်တို့လုပ်ရမယ့် တာဝန်တွေကိုတော့ မလစ်ဟင်းစေရ ပါဘူး''ဟု ရန်ကုန်မြို့တော်ကော်မရှင် မှ တာဝန်ရှိသူတစ်ဦးက ဒီမိုကရေစီ တူဒေးသတင်းစာသို့ပြောသည်။

Yangon Media Group
ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲအား ပြည် သူရွေးချယ်မှုဖြင့် တင်မြှောက်ခွင့်ရ ရှိမည်ဖြစ်သော်လည်း ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများအနေဖြင့် မိမိတို့သည် ကိုယ်စားလှယ်အရည် အချင်း ရှိမရှိ ပြည်သူများသိရှိစေရန် လူထုနှင့် ထိတွေ့မှုအားနည်းခြင်း ကြောင့် ယင်းတို့အပေါ် သက်ဆိုင် ရာ လူထုက ပြည်သူ့အကျိုးပြုကိုယ် စားလှယ်ဖြစ် မဖြစ် သံသယရှိနေကြောင်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီအဆင့်ဆင့်တွင် ရွေးချယ်ခံရန် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိသူကိုယ်စားလှယ်လောင်း ၂၉၃ဦး ရှိပြီး ယင်းကိုယ်စား လှယ် လောင်းများ အနေဖြင့် မိမိတို့ ရွေးကောက် ခံမည့် မြို့နယ်များတွင် မြို့နယ်နေ ပြည်သူ များကို နိုဝင်ဘာ ၅ရက်တွင်စတင် မဲဆယ်စည်းရုံး နိုင်ကြောင်း ရန်ကုန် မြို့တော်ကော်မရှင်က ကြေညာထား သည်။

ယင်းသို့ ကြေညာထားသော် လည်း ရွေးကောက်ခံကိုယ်စားလှယ် အများစု အနေဖြင့် သက်ဆိုင်ရာမြို့ နယ်များရှိ လူထုကိုထိတွေ့မှု၊ မဲဆွယ် စည်းရုံး မှုပြုလုပ်ခြင်းများ အားနည်းနေကြောင်း ရန်ကုန်မြို့ အတွင်းရှိပြည်သူ များကြား ဝေဖန်ပြောကြားမှု များရှိနေကြောင်း သိရသည်။

''ဒီဇင်ဘာ၂၇မှာ ကိုယ့်မြို့နယ် ရဲ့စည်ပင်ဥက္ကဋ္ဌနေရာအတွက် တစ် အိမ်ထောင် တစ်ယောက် မဲဆန္ဒပေး ရမည်ဆိုတာ သတင်းစာဖတ်လို့သာ သိရတယ်။ ခုချိန်ထိကို မြို့နယ်မှာဝင် ရောက်ယှဉ်ပြိုင်မယ့်သူက ဘယ်သူ လဲ မသိသေးဘူး။ ရပ်ကွက်ရုံးမှာ သွားကြည့်ဖို့ကလဲ ကိုယ့်စီးပွားရေးနဲ့ ဆိုတော့ မကြည့်ဖြစ်ဘူး။ တကယ်ဆို ဝင်ရောက်ယှဉ်ပြိုင်မယ့်သူက ကိုယ့် မြို့နယ်၊ ရပ်ကွက်က ပြည်သူတွေသိ အောင် မဲဆွယ်စည်းရုံးရေးဆင်းတာ တွေ၊ ပြည်သူတွေကို အသိပေး အ ကြောင်းကြားတာတွေ၊ လက်ကမ်း စာစောင်တွေဖြန့်ဝေဖို့တော့ လိုမယ်။ မြို့တော်၊ မြို့နယ်၊ ရပ်ကွက်တိုးတက် အောင် လုပ်ပေးမယ့်သူက ခုချိန်ထိ ဘာအကောင်အထည်မှ မဖော်သေး တော့ ကျွန်တော်တို့က ဘယ်လိုယုံ ကြည်ရမှာလဲ''ဟု စည်ပင်ရွေးကောက် ပွဲနှင့်ပတ်သက်၍ သာကေတမြို့နယ် ရှိ ပြည်သူတစ်ဦးဖြစ်သူ ဦးညီညီ အောင်က ပြောသည်။

ရန်ကုန်မြို့တော်နှင့် မြို့နယ်ဖွံ့ ဖြိုးတိုးတက်အောင်ပြုလုပ်မည်ဆိုပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့်ရွေးကောက် တင်မြှောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် မည့် ကိုယ်စားလှယ်လောင်းများ လူ ထုနှင့် ထိတွေ့မှုအားနည်းနေသဖြင့် မည်သူ့ကိုရွေးချယ်ရမည်ကိုပင် မသိ ဖြစ်နေကြောင်း ရန်ကုန်မြို့နေ ပြည် သူများထံမှ သိရသည်။

''ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ သူတို့သာ မြို့တော်စည်ပင် အဆင့်ဆင့် ရွေးချယ်ခံ ရရင် သူတို့ အနေနဲ့ သူတို့ကို ရွေးချယ်ပေးလိုက် တဲ့ပြည်သူတွေကို သူတို့တွေအနေနဲ့ ဘာတွေလုပ်ပေးမယ်။ ဘယ်လိုကတိ တွေပေးမယ်ဆိုတာ ကျွန်တော်တို့ တွေ သိပ်သိချင်နေကြပါတယ်''ဟု ရန်ကင်းမြို့နယ်နေ ကိုငြိမ်းပြည့်က ပြောသည်။

''အခုအချိန်ထိတော့ ကျွန် တော်တို့အနေနဲ့ သူတို့ဘာတွေလုပ် ပေးမယ်ဆိုတာ မသိရှိရသေးဘူး။ ကတိစကားတွေမကြားရသေးဘူး။ ဒါကြောင့် ကျွန်တော်တို့ ဘယ်သူ့ကို ရွေးချယ်ရမယ်ဆိုတာ အခုချိန်ထိ မသိရှိသေးပါဘူး''ဟု ယင်းက ဆက်လက်ပြောကြားသည်။

''ကျွန်တော်တို့လသာမြို့နယ် မှာဆိုရင် ရပ်မိရပ်ဖက ရွေးချယ်ပေး မယ့် ဥက္ကဋ္ဌနေရာအတွက် မဲဆွယ် ယှဉ်ပြိုင်ရမယ့် ကိုယ်စားလှယ်လောင်း က တစ်ဦးပဲရှိတယ်လို့ သိရတယ်။ ရပ်မိရပ်ဖကရွေးချယ်ပေးမယ့် ကိုယ် စားလှယ် လောင်းက သူတစ်ဦးတည်း ပဲ။ လသာမြို့နယ်အတွက် ယှဉ်ပြိုင်ရ မှာဆိုတော့ သူမဲမဆွယ်လဲ ရဖို့ကျိန်း သေနေတယ်။ အခုချိန်ထိတော့ လ သာမြို့နယ်က ရပ်မိရပ်ဖတွေ သိ အောင် မဲဆွယ်စည်းရုံးတာတွေလဲ မရှိသေးဘူး။ တကယ်ဆို လသာမြို့ နယ်တိုးတက်အောင် ဘာတွေလုပ် ပေးမယ်၊ ပြည်သူတွေက ကိုယ်စား လှယ်လောင်းကို သိရှိအောင် မဲပေး ချင်အောင် မဲဆွယ်စည်းရုံး ရေးဆင်း ဖို့လိုပါတယ်။ ဒီဇင်ဘာ၂၇ရက်မှာ ကျင်းပမှာ ခုပဲ နိုဝင်ဘာပဲရှိနေပြီ။ အခုလိုမျိုးသာဆို ကိုယ့်မြို့နယ်တိုး တက်ဖို့ မဲဆန္ဒပေးတဲ့အခါ ဘယ်လို ယုံကြည်ပြီးပေးရမှာလဲ''ဟု လသာမြို့ နယ်မှ ကိုခင်မောင်သန်းက ထပ် လောင်းပြောကြားသည်။

ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီအဆင့်ဆင့် ရွေး ကောက်တင် မြှောက်ပွဲတွင် ဝင် ရောက်ယှဉ်ပြိုင်ခွင့်ရသည့် ကိုယ်စား လှယ်လောင်းများအား မဲအရေအ တွက်များသူကိုသာ ရွေးချယ်ပေးသွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော် ကော်မရှင်မှ သိရသည်။

''ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ကိုယ်စားလှယ်လောင်းတွေထဲက အ နိုင်ရရှိတဲ့သူကို ရွေးချယ်တဲ့အခါ မဲ အရေအတွက်များတဲ့သူကိုသာ ရွေး ချယ်သွားမယ်။ အနိုင်ရရှိနေတဲ့သူက တစ်မဲအသာနဲ့ အနိုင်ရလဲ အနိုင်ရရှိ တာပဲ။ လွှတ်တော် ရွေး ကောက်ပွဲ မဲ ပေးတဲ့စနစ်အတိုင်းပါ''ဟု ရန်ကုန် မြို့တော်ကော်မရှင်ဥက္ကဋ္ဌ ဦးတင် အေးက ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီအဆင့်ဆင့်ရွေး ကောက် တင်မြှောက်ပွဲတွင် ခရိုင် လေးခရိုင်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိ သည့် လူဦးရေမှာ စုစုပေါင်း ၄ဝ၁၆၃၄ ဦးရှိပြီး အရှေ့ပိုင်းခရိုင်တွင် ၁၁၅၁၅၂ ဦး၊ အနောက်ပိုင်း ခရိုင်တွင် ၄၈၂၂၇ ဦး၊ တောင်ပိုင်းခရိုင်တွင် ၈၈၃၉၈ဦး၊ မြောက်ပိုင်းခရိုင်တွင် ၁၄၉၈၅၇ဦး တို့ ဆန္ဒမဲပေးပိုင်ခွင့်ရှိကြောင်း သိရ သည်။

ခရိုင်အလိုက် မဲရုံများမှာလဲ စု စုပေါင်း ၁ဝ၈၆ရုံရှိပြီး အရှေ့ပိုင်း ခရိုင်တွင် ၃၂၄ရုံ၊ အနောက်ပိုင်းခရိုင် တွင် ၁၃၉ရုံ၊ တောင်ပိုင်းခရိုင် တွင်၂၅၆ရုံ၊ မြောက်ပိုင်းခရိုင်တွင် ၃၆၅ ရုံတွင် မဲရုံထားရှိပေးထားသည်။ မဲရုံများတွင် အနိုင်ရသည့်ကိုယ် စားလှယ်လောင်းမဲ၊ ပယ်မဲများကို ပြည်သူများရှေ့တွင် ရေတွက်၍ ပွင့် လင်းမြင်သာစွာ ကြေညာပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာ ယာအဆင့်ဆင့်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရသည့် ကိုယ် စားလှယ်လောင်း ၂၉၃ဦးတွင် ကိုယ် စားလှယ် လောင်း ၂၆၁ဦးမှာ အမျိုး သားများဖြစ်ပြီး ကိုယ်စားလှယ် ၃၂ ဦးမှာ အမျိုးသမီးများ ဖြစ်ကာ ယင်း တို့က ရန်ကုန်မြို့တော်စည်ပင်သာ ယာရေး ကော်မတီဝင် ကိုယ်စားလှယ် လေးဦး၊ ခရိုင် လေးခရိုင်မှ တစ်ခရိုင် လျှင် သုံးဦးစီ စုစုပေါင်းကိုယ်စားလှယ် ၁၂ဦး၊ မြို့နယ် ၃၃မြို့နယ်မှ တစ်မြို့နယ်လျှင် သုံးဦးစီ စုစုပေါင်း မြို့နယ်ကိုယ်စားပြုကိုယ်စားလှယ် ၉၉ဦး စုစုပေါင်း ၁၁၅ဦးရွေးချယ်ခံ ရမည်ဖြစ်သည်။

''လူထုနဲ့ ထိတွေ့မှုနည်းတာ မဲ ဆွယ်စည်းရုံးမှုနည်းတဲ့သူတွေက တော့သူတို့ လုပ်တဲ့ ရလဒ်ကို သူတို့ရ မှာပေါ့။ ကျွန်တော်တို့ဘက်ကတော့ ပြည်သူတွေ ဘယ်လိုပုံစံနဲ့ရွေးချယ် ရမယ်ဆိုတဲ့ ကျွန်တော်တို့လုပ်ရမယ့် တာဝန်တွေကိုတော့ မလစ်ဟင်းစေရ ပါဘူး''ဟု ရန်ကုန်မြို့တော်ကော်မရှင် မှ တာဝန်ရှိသူတစ်ဦးက ဒီမိုကရေစီ တူဒေးသတင်းစာသို့ပြောသည်။

Yangon Media Group

No comments:

Post a Comment