Sunday 26 October 2014

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲ,လေရောင်းလေဝယ် လုပ်လျှင် ၁၀ ရာခိုင်နှုန်း အာမခံရသောစနစ် စတင်အသုံးပြုနေဟုဆို

 ပြည်တွင်းဈေးကွက်တွင် ကြိုတင်အရောင်းအဝယ်ပြုလုပ် ပါက တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကို ရောင်းသူရော ဝယ်သူပါ ဘဏ်တွင် အာမခံထားသည့်စနစ်ကို ဘုရင့် နောင် ကုန်စည်ဒိုင်တွင် စတင် အသုံးပြုနေပြီဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်း မြင့်ကပြောသည်။

‘‘ဈေးကစားသူတွေကိုထိန်း ချုပ်ဖို့ပါ။ ဘုရင့်နောင်ကုန်စည်မှာ မြန်မာနိုင်ငံသားဘဏ်ခွဲငယ်တစ် ခုကိုလည်း ဒီနေ့(အောက်တိုဘာ ၂၆ရက်) ပဲဖွင့်တယ်’’ ဟု ပြည် ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

ပြည်တွင်းပဲဈေးကွက်တွင် ပဲမျိုးစုံရောင်းဝယ်ရာ၌ စာချုပ် ချုပ်ပြီး လက်ငင်းရောင်းဝယ်သည့် စနစ်ထက် ကြိုပွိုင့်ဖြင့် ရောင်းချမှုများကသာ ကြီးစိုးထားသည်။ ယင်းသို့ရောင်းချရာတွင် ယုံကြည် မှုပေါ်သာအခြေခံပြီး လုပ်ကိုင်နေ ကြသော်လည်း ပဲဈေးပြောင်းလဲ ခြင်း၊ မိမိရောင်းဝယ်နိုင်သည့် ပမာဏထက် ပိုမိုရောင်းဝယ်မှု များပြုလုပ်ခြင်းတို့ကြောင့် ကတိ ပျက်ထွက်ပြေးတိမ်းရှောင်မှုများ မကြာခဏဖြစ်ကြောင်း မြန်မာ နိုင်ငံကုန်သည်များနှင့်  စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း ချုပ်ဥက္ကဋ္ဌဦးဝင်းအောင်ကပြော ကြားသည်။

‘‘ပဲမှာ လေရောင်းလေဝယ် တွေမလုပ်ဖို့ အမြဲပြောနေတယ်။ ပြဿနာလည်း ခဏခဏ ဖြစ် တယ်။ ဖြစ်တိုင်း လည်း ကျွန်တော် တို့က ရှေ့ကရော၊ နောက်ကွယ် ကရော ဝင်ပြီးဖြေရှင်းပေးနေရ တယ်’’ ဟု ဦးဝင်းမြင့်က ပြော ကြားသည်။

ပြည်တွင်းပဲဈေးကွက်တွင် အလောင်းအစားဆန်သည့် လေ ရောင်းလေဝယ်များကြောင့် ယခု နှစ်တွင်လည်း ရန်ကုန်တွင်နှစ် ကြိမ်၊ မန္တလေးတွင်တစ်ကြိမ်လိမ် လည်မှုများရှိခဲ့သည်။ အရောင်း အဝယ်လုပ်ကိုင်နေသောပြည် တွင်းမှကုန်သည်များသည် ၂၀၀၈ ခုနှစ်ကကြုံတွေ့ခဲ့ရသည့် လိမ် လည်မှုမျိုး ထပ်မံကြုံတွေ့မည်ကို စိုးရိမ်နေကြကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်ဥက္ကဋ္ဌဦးအုံးဆိုင်က ပြောသည်။

ပြည်ပသို့ ပဲမျိုးစုံ တင်ပို့မှု သည် မြန်မာနိုင်ငံတွင် သဘာဝ ဓာတ်ငွေ့တင်ပို့မှုမှရငွေပြီးလျှင် ဒုတိယ အများဆုံးဖြစ် သည်။ တစ် နှစ်ကို ပဲမျိုးစုံပြည်ပတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကျော်ရှိသည်။

ယင်းပမာဏမှာ  သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် အပြောင်းအလဲမရှိဘဲ ရှိနေသဖြင့် ယင်းကို တိုးမြှင့်နိုင်ရန်ကြိုးစားဖို့ လိုအပ်နေကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာန အကြံ ပေး ဒေါက်တာမောင်အောင် က ပြောကြားသည်။

7Day DAILY 

No comments:

Post a Comment