Sunday 26 October 2014

စင်ကာပူဘီလျံနာသူဌေး ပီတာလင်းမ် ဗလင်စီယာအသင်းပိုင်ရှင်ဖြစ်လာ

ဗလင်စီယာ− စင်ကာပူဘီလျံနာ သူဌေးဖြစ်သည့် ပီတာလင်းမ်သည်စပိန်လာလီဂါအသင်း ဗလင်စီယာ၏ ရှယ်ယာ ၇၀ ရာခိုင်နှုန်းကို ဝယ်ယူထိန်းချုပ်နိုင်ခဲ့ပြီးနောက် အသင်းသမိုင်းတွင် ပထမဆုံးသော နိုင်ငံခြားသားပိုင်ရှင် ဖြစ်လာသည်။

ပီတာလင်းမ်သည် ၁၀ လတာခန့် ညှိနှိုင်းဆွေးနွေးမှုများ လုပ်ခဲ့ပြီးနောက် ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်း၏ မာရီတန်ဟိုးဒင်း ကုမ္ပဏီက အသင်း၏ကြွေးမြီ ယူရိုသန်း ၂၃၀ ကို ပေးချေရန် မက်ဒရစ်တွင် သောကြာ နေ့က သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီးနောက် အသင်းရှယ်ယာအများစုကို ၇၀ ဒသမ ၄ ရာခိုင်နှုန်း (ယူရို သန်း ၁၀၀ ဖိုးခန့်)ကိုလည်း မက်စတယ်လာမြို့ရှိရုံးတွင် ကနဦးပေးငွေ ယူရို ၂၂ သန်းပေးချေသည့် စာချုပ်များ တရားဝင် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ ပီတာလင်းမ်သည် ဗလင်စီယာပိုင်ရှင်သစ်အဖြစ် အယ်လ်ချီ နှင့် ဗလင်စီယာပွဲကို စနေနေ့တွင် ကြည့်ရှုခဲ့သည်။ ဗလင်စီယာသည် ၁၉၁၉ တွင် စတင် တည်ထောင်ချိန်မှ စ၍ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားသားပိုင် ဖြစ်လာခြင်းဖြစ်ကာ အသင်းသည် ဘဏ္ဍာရေးပြေလည်မှု ရခဲ့၍ လာမည့် ၂၀၁၈-၁၉ ရာသီသစ်တွင် မက်စတယ်လာ ဘောလုံးကွင်းသစ်သို့ ပြောင်းရွှေ့မည်ဖြစ်သည်။       

Ref: AS
7Day DAILY 

No comments:

Post a Comment