Sunday 26 October 2014

အီဘိုလာ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ၁၀၀၀၀ ကျော်ဖြစ်ပြီး သေဆုံးမှု ၅၀ ရာခိုင်နှုန်းရှိ

အီဘိုလာဗိုင်းရပ်စ် ဖြစ်ပွားသော နိုင်ငံ ရှစ်နိုင်ငံတွင် ကူးစက်ခံရသူ ၁၀၁၄၁ ဦးရှိ သည့်အနက် ၄၉၂၂ ဦး သေဆုံးခဲ့ကြောင်း အောက်တိုဘာ ၂၃ ရက်က ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ထုတ်ဖော်ပြောကြား ခဲ့သည်။ အနောက်အာဖရိကတွင် ဗိုင်းရပ်စ် ကူးစက်မှုအဖြစ်ပွားဆုံးနိုင်ငံသုံးနိုင်ငံမှာ ဂီနီ၊ လိုက်ဘေးရီးယားနှင့် ဆီရာလီယွန်နိုင်ငံတို့ ဖြစ်ကြသည်။

ထုတ်ပြန်ချက်များအရ နိုင်ဂျီးရီးယားတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၀ နှင့် သေဆုံးသူ ရှစ်ဦးရှိပြီး ဆီနီဂေါတွင် ကူးစက်ခံရသူ တစ်ဦးဖြစ်ပြီး သေဆုံးမှုမရှိကြောင်း သိရ သည်။

ဗိုင်းရပ်စ်ကူးစက်မှု ဆက်လက်ဖြစ်ပွား နေခြင်းသည် ဗိုင်းရပ်စ်ပိုး ကူးစက်ပြီး နိုင်ငံ များရှိ လူအများစုသည် ဆေးကုသမှုခံယူရန် အလားအလာမရှိသည့်အတွက်ကြောင့် ဖြစ် သည်။ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသော သွေးနမူနာများကို ဓာတ်ခွဲခန်းများက စနစ် တကျထိန်းသိမ်းမှုမရှိခြင်းသည် ရောဂါ ဖြစ် ပွားမှုကို ဆက်လက်တွန်းအားပေးနေသည်။
ကျန်းမာရေးလုပ်သား ၄၅၀ သည် ဗိုင်း ရပ်စ်ပိုးကူးစက်ခံထားရသည်ဟု ယူဆရသည်။

ထိုသူများအနက် ၂၄၄ ဦးသည် ဗိုင်း ရပ်စ် ပိုးကူးစက်မှုကြောင့် သေဆုံးခဲ့ရသည်။
အနောက်အာဖရိက၌ အီဘိုလာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်စစ်ဆေးမှုကို ဒီဇင် ဘာလတွင် ပြုလုပ်မည် ဖြစ်သည်။ ၂၀၁၅ နှစ်လယ်ပိုင်းတွင် ကာကွယ်ဆေးပမာဏ အများအပြား ရရှိမည်ဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ပြောကြားခဲ့သည်။

MOI

No comments:

Post a Comment