Sunday 26 October 2014

မန္တလေးအခြေခံ ပညာကျောင်းများတွင် အမှိုက်စွန့်ပစ်မှု ပညာပေးမည်

မန္တလေးမြို့နယ် ခြောက်မြို့နယ်ရှိ အခြေခံပညာကျောင်း များတွင် အမှိုက်စွန့်ပစ်မှုပညာပေး အစီအစဉ် များပြုလုပ် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အခြေခံပညာကျောင်းသား၊ ကျောင်းသူများ အမှိုက်ကို စနစ် တကျစွန့်ပစ်တတ်စေရန် အမှိုက် အမျိုးအစား ခွဲခြားပစ်သည့်စနစ်၊ အမှိုက်စွန့်ပစ်ခြင်းမပြုရသည့် နေရာများ၊ အမှိုက်စွန့်ပစ်ရမည့် နေရာနှင့် အချိန်၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းကို  အရေးယူမှုများ  အစရှိသည်တို့   သရုပ်ပြ ပညာပေးသွား မည်ဖြစ်ကြော င်း မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီ သန့်ရှင်းရေးဌာနမှ ဌာနခွဲမှူး ဦးစိုးတင့်အောင်ကပြော သည်။

‘‘ကလေးတွေ စည်းကမ်းရှိ အောင်၊ နောက်ပြီး ကျောင်းသား ကနေတစ်ဆင့် မိသားစုတွေပါ သိစေ ချင်လို့လုပ်တာပါ’’ဟု ဌာန ခွဲမှူးကပြောသည်။

  အဆိုပါအစီအစဉ်ကို အောက်တိုဘာလကုန်မှ စတင်ဆောင်ရွက်မည်ဖြစ်ပြီး စည်ပင် သာယာအပြင်  အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနများလည်း  ပူး ပေါင်းပါဝင်မည်ဖြစ်ကြောင်း ဌာနခွဲမှူးကပြောသည်။

အမှိုက်စွန့်ပစ်မှုပညာပေး သရုပ်ပြပွဲများအပြင် စာစီစာကုံး ပြိုင်ပွဲများလည်း ကျင်းပပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။

7Day DAILY 

No comments:

Post a Comment