Sunday 5 October 2014

ဟောင်ကောင် ဆန္ဒပြပွဲကို စီးပွားရေးတကသ ထောက်ခံ

Photo: ဟောင်ကောင် ဆန္ဒပြပွဲကို စီးပွားရေးတကသ ထောက်ခံ
Sunday, October 5, 201

တရုတ်ပြည် ဟောင်ကောင် အထူး အုပ်ချုပ်ရေး နယ်မြေမှာ ဒီမိုကရေစီ အရေး တောင်းဆို ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ထောက်ခံတဲ့ လှုပ်ရှားမှုတစ်ရပ် ရန်ကုန်မြို့မှာ ဒီကနေ့ ထပ်မံပေါ်ပေါက်ခဲ့ပါတယ်။

ဒီနေ့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဌ ကိုမင်းသူကျော်က ဟောင်ကောင်ကျောင်းသားတွေရဲ့ ဒီမိုကရေစီအရေး ဆန္ဒပြပွဲကို သူတို့အပြည့်အ၀ ထောက်ခံတယ်လို့ RFA ကို ပြောပါတယ်။

" နိုင်ငံအတွက် သူတို့ဘာကိုမှ ဂရုမထားပဲနဲ့ ဆောင်ရွက်နေကြတာကို အင်မတန်လေးစားပါတယ်၊ အင်မတန်ကို ဂုဏ်ယူပါတယ်ပေါ့နော်၊ အားကြီးမားသူ နိုင်ရာစထုံးစံဆိုတဲ့အတိုင်းပဲ အစိုးရက ဖြိုခွင်းလိုက်မယ်လို့ပဲ ကျွန်တော်တို့ထင်မိတယ်၊ အဲ့အတွက်လည်း ကျွန်တော်တို့ တကယ်ကိုစိတ်မကောင်းဘူး၊ သူတို့ ရှုံးကောင်းရှုံးသွားလိမ့်မယ် ဒါပေမယ့် စိတ်ပိုင်းဆိုင်ရမှာတော့ မရှုံးဘူးဘယ်တောမှ၊ ဒီမျိုးဆက်မှာ ရှုံးသွားရင်တောင် နောက်မျိုးဆက်တွေမှာ နိုင်ပွဲဆင်မှာပဲ၊ ကျွန်တော်တို့လည်း သူတို့လိုပဲ တိုက်ပွဲဝင်နေရတဲ့ သူတွေမို့လို့ ကျွန်တော်တို့ သူတို့ခံစားချက်ကို ကောင်းကောင်းနားလည်တယ်၊ အဲ့အတွက် သူတို့လုပ်သမျှ ဒီမိုကရေစီအတွက် သူတို့ထမ်းဆောင်သမျှ အားလုံးကို ကျွန်တော်တို့ နောက်ကနေ ထောက်ခံအားပေးပြုနေမယ်"

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီးကလည်း ဟောင်ကောင်ကျောင်းသားတွေဘက်က မိမိတို့ ရပ်တည်ကြောင်း ပြောကြားခဲ့ပါတယ်။

" ဟောင်ကောင်မှာ ဆန္ဒပြနေတဲ့ ကျွန်တော်တို့နဲ့ ဘဝတူ ကျောင်းသားခေါင်းဆောင်တွေ ကျောင်းသားရဲဘော်တွေကို ပြောချင်တာက ဒီမိုကရေစီဟာ သေချာပေါက် အောင်ပွဲရမယ့် လမ်းစဉ်ဖြစ်တယ်၊ ဒါကို မလျှော့သောဇွဲနဲ့ ခိုင်ခိုင်မာမာ လုပ်ကြဖို့ နောက်ကိုယ့်ရဲ့ အကြမ်းမဖက်ဆန္ဒပြမှု ဆန္ဒဖော်ထုတ်မှုကို ပုံစံမပျက်အောင် ထိန်းသိမ်းပြီးတော့ ဇွဲရှိရှိနဲ့ ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်"

နောက်ဆုံးရသတင်းတွေအရ ဒီညသန်းခေါင်ယံ မတိုင်ခင် ဖယ်ရှားပေးဖို့ အစိုးရက ရာဇသံ ပေးထားတဲ့အတွက် ဆန္ဒပြကျောင်းသားတွေ ထောင်ပေါင်းများစွာဟာ ဟောင်ကောင်အမှုဆောင် အရာရှိချုပ် ရုံးခန်းရှေ့က ဆန္ဒပြစခန်းကို ရုပ်သိမ်းလိုက်ပြီဖြစ်ပြီး တခြား အဖွဲ့တွေ ရှိကြတဲ့ ပင်မဆန္ဒပြစခန်းကို နေရာပြောင်းရွှေ့ဖို့ စီစဉ်နေကြောင်း သိရှိရပါတယ်။

RFA Burmese
တရုတ်ပြည် ဟောင်ကောင် အထူး အုပ်ချုပ်ရေး နယ်မြေမှာ ဒီမိုကရေစီ အရေး တောင်းဆို ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ထောက်ခံတဲ့ လှုပ်ရှားမှုတစ်ရပ် ရန်ကုန်မြို့မှာ ဒီကနေ့ ထပ်မံပေါ်ပေါက်ခဲ့ပါတယ်။
ဒီနေ့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဌ ကိုမင်းသူ ကျော်က ဟောင်ကောင်ကျောင်း သားတွေရဲ့ ဒီမိုကရေစီအရေး ဆန္ဒပြပွဲကို သူတို့အပြည့်အ၀ ထောက်ခံ တယ်လို့ RFA ကို ပြောပါတယ်။

" နိုင်ငံအတွက် သူတို့ဘာကိုမှ ဂရုမထားပဲနဲ့ ဆောင်ရွက်နေကြတာကို အင်မတန်လေးစားပါတယ်၊ အင်မတန်ကို ဂုဏ်ယူပါတယ်ပေါ့နော်၊ အားကြီးမားသူ နိုင်ရာစထုံးစံဆိုတဲ့အတိုင်းပဲ အစိုးရက ဖြိုခွင်း လိုက်မယ်လို့ပဲ ကျွန်တော်တို့ထင်မိတယ်၊ အဲ့အတွက်လည်း ကျွန်တော်တို့ တကယ်ကို စိတ်မကောင်းဘူး၊ သူတို့ ရှုံးကောင်းရှုံးသွားလိမ့်မယ် ဒါပေမယ့် စိတ်ပိုင်းဆိုင်ရမှာတော့ မရှုံးဘူးဘယ်တောမှ၊ ဒီမျိုးဆက်မှာ ရှုံးသွားရင်တောင် နောက်မျိုးဆက်တွေမှာ နိုင်ပွဲဆင်မှာပဲ၊ ကျွန်တော်တို့လည်း သူတို့လိုပဲ တိုက်ပွဲဝင်နေရတဲ့ သူတွေမို့လို့ ကျွန်တော်တို့ သူတို့ခံစားချက်ကို ကောင်းကောင်းနားလည်တယ်၊ အဲ့အတွက် သူတို့လုပ်သမျှ ဒီမိုကရေစီအတွက် သူတို့ထမ်းဆောင်သမျှ အားလုံးကို ကျွန်တော်တို့ နောက်ကနေ ထောက်ခံအားပေးပြုနေမယ်"

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီးကလည်း ဟောင် ကောင် ကျောင်းသားတွေဘက်က မိမိတို့ ရပ်တည်ကြောင်း ပြောကြားခဲ့ပါတယ်။

" ဟောင်ကောင်မှာ ဆန္ဒပြနေတဲ့ ကျွန်တော်တို့နဲ့ ဘဝတူ ကျောင်းသားခေါင်းဆောင်တွေ ကျောင်းသား ရဲဘော်တွေကို ပြောချင်တာက ဒီမိုကရေ စီ ဟာ သေချာပေါက် အောင်ပွဲရမယ့် လမ်းစဉ်ဖြစ်တယ်၊ ဒါကို မလျှော့သော ဇွဲနဲ့ ခိုင်ခိုင်မာမာ လုပ်ကြဖို့ နောက်ကိုယ့်ရဲ့ အကြမ်းမဖက်ဆန္ဒပြမှု ဆန္ဒဖော်ထုတ်မှုကို ပုံစံမပျက်အောင် ထိန်းသိမ်းပြီးတော့ ဇွဲရှိရှိနဲ့ ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်"

နောက်ဆုံးရသတင်းတွေအရ ဒီညသန်းခေါင်ယံမတိုင်ခင် ဖယ်ရှားပေးဖို့ အစိုးရကရာဇသံ ပေးထားတဲ့ အတွက် ဆန္ဒပြ ကျောင်းသားတွေ ထောင်ေ ပါင်း များစွာဟာ ဟောင်ကောင်အမှုဆောင် အရာရှိချုပ် ရုံးခန်း ရှေ့ က ဆန္ဒပြစခန်းကို ရုပ်သိမ်းလိုက်ပြီဖြစ်ပြီး တခြား အဖွဲ့တွေ ရှိကြတဲ့ ပင်မဆန္ဒပြစခန်းကို နေရာ ပြောင်းရွှေ့ ဖို့ စီစဉ်နေကြောင်း သိရှိရပါတယ်။

RFA Burmese 

No comments:

Post a Comment