Sunday 5 October 2014

မိတ္ထီလာတွင် နိုင်ငံသားပညာရေး (Civic Education) အခမဲ့သင်တန်း ဖွင့်မည်

နိုင်ငံရေးပညာရပ်များကို နိုင်ငံသားတိုင်း သိစေရန်အတွက် မိတ္ထီလာမြို့တွင် အောက်တိုဘာလ ၆ ရက်မှ ၈ ရက်နေ့အထိ နိုင်ငံသားပညာရေး (Civic Education) အခမဲ့သင်တန်း ဖွင့်လှစ်မည် ဖြစ်ကြောင်း အဆိုပါ သင်တန်းကို စီစဉ်သည့် ငြိမ်းဖောင်ဒေးရှင်းမှ သင်တန်းဆရာ ဦးအောင်မျိုးထွဋ်က ပြောကြားသည်။

အဆိုပါ သင်တန်းတွင် နိုင်ငံသားများ သိသင့်သိထိုက်သော နိုင်ငံရေးဆိုင်ရာ ဘာသာရပ် ခုနစ်ခုကို ဆရာဦးမျိုးမင်းက ဦးဆောင်၍ သင်ကြားပေးမည် ဖြစ်ကာ ယင်းသင်တန်းအတွက် ငြိမ်းဖောင်ဒေးရှင်းက ထောက်ပံ့ပေးထားသည်ဟု ၎င်းကဆိုသည်။

“ဒီဘာသာရပ်တွေကို ကျောင်းမှာ သင်ရင်လည်း အဆင်မပြေမှုတွေ ရှိနိုင်လို့ သီးသန့်လုပ်ပေးတာ။ ဒီသင်တန်းက ထူးချွန်သူတစ်ဦးကို ရွေးပြီး သင်တန်းဆရာဖြစ် T.O.T - training ထပ်ပေးမယ်” ဟု ဦးအောင်မျိုးထွဋ်က ရှင်းပြသည်။

ယင်းသင်တန်းကို မိတ္ထီလာ ဘူတာရုံအနီး ဈေးအရှေ့ပြင်ရပ်ကွက်ရှိ ကျူရှင်ဆရာကြီး ဦးခင်မောင်လေး၏ နေအိမ်တွင် ဖွင့်လှစ်ဖြစ်ကြောင်း သင်တန်းစီစဉ်သူ ဒေါ်ခင်မေစီက ပြောကြားသည်။ 

ငြိမ်းဖောင်ဒေးရှင်းသည် ဧရာဝတီတိုင်းဒေသကြီးရှိ မအူပင်နှင့် လပွတ္တာမြို့တို့တွင် လည်းကောင်း၊ ကရင်ပြည် နယ် ဘားအံမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့၊ မန္တလေးမြို့နှင့် ရန်ကုန်မြို့ တို့တွင်လည်း နိုင်ငံသားပညာရေး (Civic Education) သင်တန်းများ ဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်း၊ မိတ္ထီလာမြို့တွင် ဖွင့်လှစ်မည့် သင်တန်းကို တက်ရောက်လိုသူများ အနေနှင့် ဖုန်း ၀၉-၉၇၄၂၉၆၇၃၅ သို့ စာရင်းပေးသွင်း နိုင်ကြောင်း သင်တန်းစီစဉ်သူများထံမှ သိရှိရသည်။

The Voice Weekly 

No comments:

Post a Comment