Monday 6 October 2014

မြန်မာသို့ အိန္ဒိယရေကြောင်းကုန်သွယ်မှု စတင်

Photo: မြန်မာသို့ အိန္ဒိယရေကြောင်းကုန်သွယ်မှု စတင်
Monday, October 6, 2014

နယူးဒေလီ- အိန္ဒိယနိုင်ငံပို့ဆောင် ရေးကော်ပိုရေးရှင်း SCI က မြန် မာနိုင်ငံသို့ တိုက်ရိုက်ကုန်တင်ပို့ မှုကို စတင်လိုက်ပြီး ထိုင်းနှင့် ဗီ ယက်နမ်နိုင်ငံများသို့ သင်္ဘောဖြင့် ကုန်တင်ပို့မှုများပြုလုပ်ရန်လည်း စီစဉ်ထားကြောင်း သိရသည်။  ယင်းသည်အစိုးရ၏ အရှေ့ကို မျှော်ကြည့်ခြင်း မူဝါဒနှင့် အညီပြုလုပ်ခြင်းဖြစ်သည်။

နှစ်ပတ်တစ်ကြိမ် တင်ပို့မည့် ၀န်ဆောင်မှုသည် အိန္ဒိယ အရှေ့ပိုင်းကမ်းခြေတွင် အလျင်မြန်ဆုံး တိုးတက်လာနေသည့် ခရစ်ရှ်နာပတ်နမ်ဆိပ်ကမ်းမှ လုပ်ဆောင် မည်ဖြစ်ပြီး ပြီးခဲ့သည့်သောကြာ နေ့က ချန်နိုင်းမြို့က စတင်ထွက်ခွာခဲ့သည်။

၁၂၀၀ TEUs(တစ်ယူနစ်ကို ပေ ၂၀ ရှိသည်) သင်္ဘော MV Kamal က ချန်နိုင်း-ခရစ်ရှ်နာပတ်နမ်-ရန်ကုန်-ကိုလမ်ဘိုစသည့် မြို့များသို့ ဆက်သွယ်ပြေးဆွဲ သွားမည်ဖြစ်ပြီး ကုန်ကျစရိတ်နည်းနည်းဖြင့် ကုန်ပို့ဆောင်မှုမြန်ဆန်ရန် ရည်ရွယ်သည်ဟုဆိုသည်။

အဆိုပါဝန်ဆောင်မှုကို ကုန် များလာလျှင် တစ်ပတ်တစ်ကြိမ် ပြေးဆွဲသွားမည်ဟု သယ်ယူပို့ ဆောင်ရေးဝန်ဆောင်မှု SCI ၏ ဒါရိုက်တာကပ္ပတိန်နာရူလာက သတင်းထောက်များအား ပြောကြားသည်။ ကုန်တင်သင်္ဘောကိုလည်း ဒုတိယအဆင့်တွင် ၂၅၀၀ TEUs သို့ တိုးမြှင့်ရန် စီစဉ်ထားပြီး၄၅၀၀ TEUs အထိ တိုးမြှင့်သွားမည်ဟု မစ္စတာနာရူလာကပြောဆိုသည်။

‘‘အခုမှ စခါရှိပါသေးတယ်။ ခရစ်ရှ်နာပတ်နမ်ကုန်တင်ဆိပ် ကမ်းနဲ့ ရေရှည်တွဲဖက်လုပ်ကိုင် သွားဖို့ ရည်ရွယ်ထားပါတယ်’’

နောက်တစ်ဆင့်အနေဖြင့် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ ကို ဆက်သွယ်ပို့ဆောင်နိုင်ရန် ပြင်ဆင်နေပြီး လာမည့် သုံးလနှင့် ခြောက်လအတွင်း ၀န်ဆောင်မှုစတင်နိုင်မည်ဟု မျှော်လင့်ထားသည်။

အစိုးရ၏ အရှေ့မျှော်ကြည့် သည့် မူဝါဒအရ ဘင်္ဂလားပင် လယ်အော်ရှိ ဆိပ်ကမ်းများအား လုံးကို များစွာ ပံ့ပိုးသွားမည်ဖြစ် ပြီး ခရစ်ရှ်နာပတ်နမ်က ပုဂ္ဂလိက ဆိပ်ကမ်းတစ်ခုအဖြစ် ဖောက် သည်များနှင့် အဆင်ပြေမည့် အခွန်အကောက်များရနိုင်မည်ဟု ယူဆရကြောင်း မစ္စတာနာရူလာ ကပြောသည်။

 မြန်မာနိုင်ငံသို့ သယ်ယူမည့် ကုန်အများစုမှာ အင်္ဂတေဖြစ်ပြီး နောက်ပိုင်းတွင် အခြားကုန်အမျိုး မျိုးလည်း ပါဝင်လာမည်ဟု SCI က မျှော်လင့်ထားသည်။ အင်္ဂတေ အများစုတင်ပို့မှုကို ဤဆိပ်ကမ်း မှ တစ်ဆင့်ပြုလုပ်နေကြောင်းလည်း သိရသည်။

အိန္ဒိယသည် မြန်မာနိုင်ငံမှ ပဲအမျိုးမျိုးကို တင်သွင်းနေသော် လည်း ယခင်က တင်ပို့မှုတစ်စုံ တစ်ရာမရှိခဲ့ကြောင်း ခရစ်ရှနာ ပတ်နမ်ဆိပ်ကမ်းကုန်တင်ကုန်ချ ဌာနဒါရိုက်တာ ဗီနီတာကဆို သည်။

‘‘အခုအင်္ဂတေတင်ပို့ပြီဆို တော့ တင်သွင်းတဲ့ စရိတ်ကို လျှော့ချနိုင်ပြီပေါ့’’  

ကိုးကား-NDTV
7Day DAILY 

ရန်ကုန်ဆိပ်ကမ်းအတွင်းရှိ ကုန်သေတ္တာများ (ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ))
ရန်ကုန်ဆိပ်ကမ်းအတွင်းရှိ ကုန်သေတ္တာများ (ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ))
နယူးဒေလီ- အိန္ဒိယနိုင်ငံပို့ဆောင် ရေးကော်ပိုရေးရှင်း SCI က မြန် မာနိုင်ငံသို့ တိုက်ရိုက်ကုန်တင်ပို့ မှုကို စတင်လိုက်ပြီး ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများသို့ သင်္ဘောဖြင့် ကုန်တင်ပို့မှုများပြုလုပ်ရန်လည်း စီစဉ်ထား ကြောင်း သိရသည်။  ယင်းသည်အစိုးရ၏ အရှေ့ကို မျှော်ကြည့်ခြင်း မူဝါဒနှင့် အညီပြုလုပ်ခြင်းဖြစ်သည်။

နှစ်ပတ်တစ်ကြိမ် တင်ပို့မည့် ၀န်ဆောင်မှုသည် အိန္ဒိယ အရှေ့ပိုင်းကမ်းခြေတွင် အလျင်မြန်ဆုံး တိုးတက် လာနေသည့် ခရစ်ရှ်နာပတ်နမ်ဆိပ်ကမ်းမှ လုပ်ဆောင် မည်ဖြစ်ပြီး ပြီးခဲ့သည့်သောကြာ နေ့က ချန်နိုင်းမြို့ က စတင်ထွက်ခွာခဲ့သည်။

၁၂၀၀ TEUs(တစ်ယူနစ်ကို ပေ ၂၀ ရှိသည်) သင်္ဘော MV Kamal က ချန်နိုင်း-ခရစ်ရှ်နာပတ်နမ်-ရန်ကုန်-ကိုလမ်ဘိုစသည့် မြို့များသို့ ဆက်သွယ်ပြေးဆွဲ သွားမည်ဖြစ်ပြီး ကုန်ကျစရိတ်နည်းနည်းဖြင့် ကုန်ပို့ဆောင် မှုမြန်ဆန်ရန် ရည်ရွယ်သည်ဟုဆိုသည်။

အဆိုပါဝန်ဆောင်မှုကို ကုန် များလာလျှင် တစ်ပတ်တစ်ကြိမ် ပြေးဆွဲသွားမည်ဟု သယ်ယူပို့ ဆောင်ရေး ၀န်ဆောင် မှု SCI ၏ ဒါရိုက်တာကပ္ပတိန်နာရူလာက သတင်းထောက်များအား ပြောကြားသည်။ ကုန်တင် သင်္ဘောကိုလည်း ဒုတိယအဆင့်တွင် ၂၅၀၀ TEUs သို့ တိုးမြှင့်ရန် စီစဉ်ထားပြီး၄၅၀၀ TEUs အထိ တိုးမြှင့် သွားမည်ဟု မစ္စတာနာရူလာကပြောဆိုသည်။

‘‘အခုမှ စခါရှိပါသေးတယ်။ ခရစ်ရှ်နာပတ်နမ်ကုန်တင်ဆိပ် ကမ်းနဲ့ ရေရှည်တွဲဖက်လုပ်ကိုင် သွားဖို့ ရည်ရွယ် ထားပါတယ်’’

နောက်တစ်ဆင့်အနေဖြင့် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ ကို ဆက်သွယ်ပို့ဆောင်နိုင်ရန် ပြင်ဆင်နေပြီး လာမည့် သုံးလနှင့် ခြောက်လအတွင်း ၀န်ဆောင်မှုစတင်နိုင်မည်ဟု မျှော်လင့်ထားသည်။

အစိုးရ၏ အရှေ့မျှော်ကြည့် သည့် မူဝါဒအရ ဘင်္ဂလားပင် လယ်အော်ရှိ ဆိပ်ကမ်းများအား လုံးကို များစွာ ပံ့ပိုးသွားမည်ဖြစ် ပြီး ခရစ်ရှ်နာပတ်နမ်က ပုဂ္ဂလိက ဆိပ်ကမ်းတစ်ခုအဖြစ် ဖောက်သည်များနှင့် အဆင်ပြေ မည့် အခွန်အကောက်များရနိုင်မည်ဟု ယူဆရကြောင်း မစ္စတာနာရူလာ ကပြောသည်။

 မြန်မာနိုင်ငံသို့ သယ်ယူမည့် ကုန်အများစုမှာ အင်္ဂတေဖြစ်ပြီး နောက်ပိုင်းတွင် အခြားကုန်အမျိုး မျိုးလည်း ပါဝင်လာမည်ဟု SCI က မျှော်လင့်ထားသည်။ အင်္ဂတေ အများစုတင်ပို့မှုကို ဤဆိပ်ကမ်းမှ တစ်ဆင့်ပြု လုပ်နေကြောင်းလည်း သိရသည်။

အိန္ဒိယသည် မြန်မာနိုင်ငံမှ ပဲအမျိုးမျိုးကို တင်သွင်းနေသော်လည်း ယခင်က တင်ပို့မှုတစ်စုံ တစ်ရာ မရှိခဲ့ကြောင်း ခရစ်ရှနာ ပတ်နမ်ဆိပ်ကမ်းကုန်တင်ကုန်ချ ဌာနဒါရိုက်တာ ဗီနီတာကဆို သည်။

‘‘အခုအင်္ဂတေတင်ပို့ပြီဆို တော့ တင်သွင်းတဲ့ စရိတ်ကို လျှော့ချနိုင်ပြီပေါ့’’  

ကိုးကား-NDTV
7Day DAILY 

No comments:

Post a Comment