Sunday 5 October 2014

ထိုင်းနိုင်ငံတွင် ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်သည်ဟုဆိုကာ မြန်မာနှစ်ဦးအား တရားစွဲဆိုမှု၌ သံသယဖြစ်ဖွယ် အချက်များရှိနေ

Photo: ထိုင်းနိုင်ငံတွင် ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်သည်ဟုဆိုကာ မြန်မာနှစ်ဦးအား တရားစွဲဆိုမှု၌ သံသယဖြစ်ဖွယ် အချက်များရှိနေ
Sunday, October 5, 2014

ထိုင်းနိုင်ငံတွင် ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်သည်ဟုဆိုကာ မြန်မာနှစ်ဦးအား တရားစွဲဆိုမှု၌ သံသယဖြစ်ဖွယ်အချက်များ ရှိနေသည်ဟု အောက်တိုဘာ ၄ ရက်တွင် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

ခိုထောင်ကျွန်းပေါ်တွင် ဗြိတိန်နိုင်ငံသား ခရီးသည်နှစ်ဦး သတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့က မြန်မာနှစ်ဦးကို အောက်တိုဘာ ၃ ရက်တွင် လူသတ်မှု၊ မုဒိမ်းမှုတို့ဖြင့် တရားစွဲဆိုလိုက်သည့်အပေါ် မြန်မာနိုင်ငံသားများသာမက ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားသားများပင် တရားခံအစစ်ဖြစ်ကြောင်း ယုံကြည်မှု မရှိသည်ကို ဘန်ကောက်ပို့စ်က ဖော်ပြခဲ့သော သတင်းအောက်၌ ရေးသားထားသည့် ကွန်မန့်များအရ သိရသည်။

တရားမဝင် ရွှေ့ပြောင်းအလုပ်သမား နှစ်ဦးက ဒေးဗစ်မီလာ(၂၄ နှစ်)နှင့် ဟန်နာဝှစ်သာရစ်(၂၃ နှစ်) တို့ကို သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောကြားပြီးနောက် ယခုကဲ့သို့ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ဗြိတိန်နိုင်ငံသားနှစ်ဦး၏ အလောင်းများကို ခိုထောင်ကျွန်းပေါ်တွင် စက်တင်ဘာ ၁၅ ရက်က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ မြန်မာနှစ်ဦး၏ DNA နမူနာများသည် ဝှစ်သာရစ်၏ ခန္ဓာကိုယ်တွင် တွေ့ရှိရသော DNA နမူနာများနှင့် ကိုက်ညီမှုရှိသည်ဟု ဆိုသည်။ ထိုင်းရဲတပ်ဖွဲ့သည် အခင်းဖြစ်ပွားရာဒေသတွင် နေထိုင်အလုပ်လုပ်နေသော အမျိုးသား ၂ဝဝ ကျော်ထံမှ DNA နမူနာများ ရယူခဲ့ရာ ထိုသူအများစုသည် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ကြသည်။ သို့သော် ဗြိတိန်နိုင်ငံသူထံတွင် တွေ့ရှိရသည့် DNA နမူနာများနှင့် ကိုက်ညီမှုမရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ သို့သော် မြန်မာအလုပ်သမားနှစ်ဦးက ၎င်းတို့ ပြစ်မှုကျူးလွန်ခဲ့သည်ဟု ဝန်ခံခဲ့သည်ဟု ထုတ်ပြန်ခဲ့ပြီးနောက် မကြာမီမှာပင် မြန်မာအလုပ်သမားနှစ်ဦး၏ DNA နမူနာများသည် ဝှစ်သာရစ်၏ ခန္ဓာကိုယ်တွင် တွေ့ရသည့် DNA နမူနာများနှင့် ကိုက်ညီသည်ဟု ရုတ်တရက် ထုတ်ပြန်ခဲ့ပြန်သည်။

မကြာသေးမီက အခင်းဖြစ်ပွားရာနေရာတွင် ကွန်ဒုံးတစ်ခုတွေ့ရှိခဲ့ပြီး ကွန်ဒုံး၏ အပြင်မျက်နှာပြင်တွင် ဝှစ်သာရစ်၏ DNA ကို တွေ့ရှိရသည်ဟု ထိုင်းရဲတပ်ဖွဲ့က ဆိုခဲ့သေးသည်။ သို့သော် ကွန်ဒုံးအတွင်းပိုင်း၌ မည်ကဲ့သို့သောအရာ တွေ့ရှိရကြောင်းနှင့် ယင်းနှင့်ပတ်သက်သည့် DNA နမူနာအကြောင်း ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

အမှုကို စစ်ဆေးသည့်အဖွဲ့က မြန်မာအလုပ်သမားများဖြစ်သော ဝင်း (၂၁နှစ်) နှင့် စော (၂၁ နှစ်) တို့ကို တရားခံများအဖြစ် အမည်ဖော်ပြသည်။ ထိုင်းရဲတပ်ဖွဲ့က ဝင်းနှင့် စောတို့အပြင် အခြားမြန်မာ အလုပ်သမား တစ်ဦးဖြစ်သော မောင် (၂၃ နှစ်) ကိုပါ ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဆိုသည်။

ဝင်းက သူသည် ဗြိတိန်နိုင်ငံသားနှင့် ဗြိတိန်နိုင်ငံသူတို့ လိင်ဆက်ဆံနေသည်ကို မြင်တွေ့ခဲ့ရပြီး အမျိုးသမီးကို မုဒိမ်းကျင့်ရန်အတွက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်ဟု ဆိုသည်။ သို့သော် ဝင်း၏ ဝန်ခံချက်သည် ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ဖြစ်သည့် ဝှစ်သာရစ်နှင့် မီလာတို့သည် ကမ်းခြေတွင် လမ်းလျှောက်ပြီး တည်းခိုခန်းအနီး၌ ရပ်တန့်လျက် လိင်ဆက်ဆံခဲ့ကြောင်း အထောက်အထားများ မတွေ့ရဟူသည့် အချက်နှင့် ကိုက်ညီခြင်းမရှိပေ။ ၎င်းအပြင် ထိုင်းရဲတပ်ဖွဲ့သည် ဝှစ်သာရစ်၏ ခန္ဓာကိုယ်တွင် မီလာ၏ DNA သဲလွန်စကို တွေ့ရှိရခြင်းမရှိဟု အစောပိုင်းက ထုတ်ပြန်ထားသည်။ ထိုင်းရဲတပ်ဖွဲ့က မီလာသည် မကြာသေးမီကမှ သိကျွမ်းခဲ့သည့် ဝှစ်သာရစ်အား ကူညီရန်အလာ အသတ်ခံရခြင်း ဖြစ်သည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားထားသည်။

မြန်မာအလုပ်သမားနှစ်ဦး တရားစွဲဆိုခံထားရမှု၌ လိုက်ပါဆောင်ရွက်နေသော မြန်မာရှေ့နေ တစ်ဦးကလည်း အသတ်ခံရသူ၏ ဖုန်းကို မြန်မာများနေထိုင်သည့် အခန်းတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သော်လည်း ကာယကံရှင်တို့၏ ရှေ့မှောက်တွင် ဝင်ရောက်ရှာဖွေခဲ့ခြင်း မဟုတ်ကြောင်းနှင့် အဆိုပါဖုန်းကို အသတ်ခံရသူ မိန်းကလေး၏ သူငယ်ချင်းက အခင်းဖြစ်ပွားပြီး နောက်တစ်နေ့တွင် ရဲစခန်းသို့ လာရောက်အပ်နှံခဲ့သည့် အထောက်အထားများရှိကြောင်း ဘီဘီစီသတင်းဌာနသို့ ပြောကြားထားသည်။

ထိုင်းရဲတပ်ဖွဲ့သည် လူသတ်မှုနှင့် ပတ်သက်၍ သတင်းပေးနိုင်သူကို ဘတ်ငွေ ၇ဝဝ,ဝဝဝ ဆုချမည်ဟု ထုတ်ပြန်ခဲ့သည်။ အောက်တိုဘာ ၁ ရက်တွင် ထိုင်းရဲတပ်ဖွဲ့သည် အပျော်တမ်း ဘောလုံးအသင်း တစ်သင်းမှ အသင်းသားများ လူသတ်မှုတွင် ပါဝင်သည်ဟု လိမ်လည်ထွက်ဆိုရန် တက္ကစီဒရိုင်ဘာ တစ်ဦးအား ခိုင်းစေခဲ့ပြီး မလိုက်နာသောကြောင့် ရိုက်နှက်ခဲ့သည်ဟု အဆိုပါဒရိုင်ဘာက ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲကို တိုင်ကြားထားမှုလည်းရှိသည်။

ယခုကဲ့သို့ အမှုကို မဖော်ထုတ်နိုင်မီ အခင်းဖြစ်ပွားပြီး ရက်များအတွင်း စုံစမ်းစစ်ဆေးမှုများ အလွဲလွဲအချော်ချော် ဖြစ်နေသည်ဟု ထိုင်းအာဏာပိုင်များကို ဗြိတိန်မီဒီယာများ ဦးဆောင်လျက် အပြင်းအထန် ဝေဖန်ထိုးနှက်မှုများ ပြုလုပ်ခဲ့သည်။ ဖိအားများအောက် ကျရောက်နေသော ထိုင်းရဲတပ်ဖွဲ့သည် မြန်မာအလုပ်သမားနှစ်ဦးအား တရားခံအဖြစ် အစားထိုးခဲ့ခြင်း ဖြစ်နိုင်သည်ဟု ယူဆကြသူ အများအပြားရှိနေသည်။

မြန်မာအလုပ်သမားများကို တရားခံများ ဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့၏ ကြေညာချက်အပေါ် သံသယရှိသောကြောင့် အမှုမှန် ပေါ်ပေါက်နိုင်စေရေးအတွက် မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၅ ရက် (ယနေ့)တွင် စွပ်စွဲခံရသူများနှင့် သွားရောက် တွေ့ဆုံမည်ဟု သိရသည်။

ထိုသို့စွပ်စွဲခံရသည့် မြန်မာလုပ်သားများထံသို့ အောက်တိုဘာ ၄ ရက်တွင် သွားရောက်တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း အချက်အလက်အချို့ စုဆောင်းနေသဖြင့် မသွားရောက်နိုင်ခဲ့ဘဲ ယနေ့တွင်မှ သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း အမှုဆောင် ဒါရိုက်တာ ဦးကျော်သောင်းက The Daily Eleven သတင်းစာသို့ အောက်တိုဘာ ၄ ရက်က ပြောကြားခဲ့သည်။

မြန်မာသံရုံး ကောင်စစ်အရာရှိ၊ ထိုင်းနိုင်ငံ ရှေ့နေကောင်စီမှ ရှေ့နေနှစ်ဦးနှင့် ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမား အဖွဲ့စည်းများ ပါဝင်သည့် မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့သည် ဆူရတ်ဌာနီမှတစ်ဆင့် စွပ်စွဲခံထားရသူများ ထိန်းသိမ်းထားရာ အကျဉ်းထောင်သို့ သွားရောက်ကာ တိုက်ရိုက်တွေ့ဆုံရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း တွေ့ဆုံရာတွင် ပါဝင်မည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း အမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်းက ပြောကြားခဲ့သည်။

သူက “မနေ့က ထိုင်းရဲချုပ်ကနေပြီး လိပ်ကျွန်း(ခိုထောင်ကျွန်း)မှာ တရားခံလို့ ကြေညာထားတဲ့ မြန်မာလုပ်သားနှစ်ဦးကို သရုပ်ပြခိုင်းတယ်။ ဒီသတင်းကို ထိုင်းနိုင်ငံထုတ် သတင်းစာတွေ ရုပ်သံတွေမှာ လွှင့်သွားတယ်။ ထိုင်းတွေရော နိုင်ငံခြားသားတွေကပါ မြန်မာတွေက သတ်တယ်ဆိုတာ မယုံကြည်ကြဘူး။ တရားခံအစစ်က လွတ်သွားပြီဆိုပြီး ဒီနေ့ထုတ် ထိုင်းသတင်းစာတွေမှာ ကာတွန်းတွေ နဲ့လှောင်ပြောင်ပြီး ရေးထားတာ တွေ့ရတယ်။ ဒီကိစ္စကို အမှန်တိုင်းပေါ်အောင် စုံစမ်းဖို့အတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကနေပြီးတော့ အကူအညီတောင်းခံ လာတဲ့အတွက် ထိုင်းရှေ့နေကောင်စီက ရှေ့နေနှစ်ဦး အပါအဝင် ကိုယ်စားလှယ်အဖွဲ့က တရားခံလို့ စွပ်စွဲထားတဲ့ မြန်မာနိုင်ငံသားတွေဆီကို တိုက်ရိုက်သွားပြီး တွေ့ဆုံမေးမြန်းမှာ ဖြစ်တယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စွပ်စွဲခံရတဲ့ မြန်မာသုံးဦးအပြင် သူတို့ရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေကိုပါ တွေ့ခွင့်ရဖို့ ကြိုးစားသွားမှာ ဖြစ်တယ်။ အားလုံးအဖမ်းခံရတာ ဆယ်ဦးထက် မနည်းရှိတယ်လို့ သိရတယ်” ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ထိုင်းနိုင်ငံတွင် လူသတ်မှုများ ပေါ်ပေါက်လာပါက ထိုင်းရဲများမှာ မြန်မာလုပ်သားများကို ဦးစွာဖမ်းဆီး စစ်ဆေးလေ့ရှိပြီး စစ်ဆေးရာတွင် ရေနွေးဖြင့် လက်ကိုလောင်းကာ စစ်ဆေးခြင်း၊ ခြေသလုံးအား မျဉ်းလုံးဖြင့်လှိမ့်ခြင်း စသည့် ညှဉ်းပန်းနှိပ်စက် နည်းများသုံးကာ စစ်ဆေးလေ့ရှိကြောင်းနှင့် ယခင်က ချင်းမိုင်မြို့တွင် တက္ကသိုလ်ကျောင်းသူတစ်ဦး အသတ်ခံရမှုတွင် တရားခံမှာ မြန်မာလုပ်သား ချင်းတိုင်းရင်းသားဖြစ်သည်ဟု သတ်မှတ်ခဲ့ပြီးနောက် တရားခံအစစ်မှာ ကမ္ဘောဒီးယား နိုင်ငံသား ဖြစ်သည်ဟု အမှုမှန်ပေါ်ပေါက်ခဲ့သည့် သာဓကရှိခဲ့သဖြင့် ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အပေါ် သံသယဖြစ်မိကြောင်း ဦးကျော်သောင်းက ဆိုသည်။

Eleven Media Group 

အောက်တိုဘာ ၃ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သောပုံ၌ ခိုထောင်ကျွန်းပေါ်၌ မြန်မာအလုပ်သမား နှစ်ဦးကို ပြစ်မှုမြင်ကွင်း သရုပ်ဖော်ခိုင်းနေပုံအား တွေ့ရစဉ် (Photo:AFP)
အောက်တိုဘာ ၃ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သောပုံ၌ ခိုထောင်ကျွန်းပေါ်၌ မြန်မာအလုပ်သမား နှစ်ဦးကို ပြစ်မှုမြင်ကွင်း သရုပ်ဖော် ခိုင်းနေပုံ အား တွေ့ရစဉ် (Photo:AFP)
ထိုင်းနိုင်ငံတွင် ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်သည်ဟုဆိုကာ မြန်မာနှစ်ဦးအား တရားစွဲဆိုမှု၌ သံသယဖြစ်ဖွယ်အချက်များ ရှိနေသည် ဟု အောက်တိုဘာ ၄ ရက်တွင် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။
ခိုထောင်ကျွန်းပေါ်တွင် ဗြိတိန်နိုင်ငံသား ခရီးသည်နှစ်ဦး သတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့က မြန်မာနှစ်ဦးကို အောက်တိုဘာ ၃ ရက်တွင် လူသတ်မှု၊ မုဒိမ်းမှုတို့ဖြင့် တရားစွဲဆိုလိုက်သည့်အပေါ် မြန်မာနိုင်ငံသားများသာမက ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားသားများပင် တရားခံအစစ်ဖြစ်ကြောင်း ယုံကြည်မှု မရှိသည်ကို ဘန်ကောက်ပို့စ်က ဖော်ပြခဲ့သော သတင်းအောက်၌ ရေးသားထားသည့် ကွန်မန့်များအရ သိရသည်။

တရားမဝင် ရွှေ့ပြောင်းအလုပ်သမား နှစ်ဦးက ဒေးဗစ်မီလာ(၂၄ နှစ်)နှင့် ဟန်နာဝှစ်သာရစ်(၂၃ နှစ်) တို့ကို သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံခဲ့ သည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောကြားပြီးနောက် ယခုကဲ့သို့ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ဗြိတိန်နိုင်ငံသားနှစ်ဦး၏ အလောင်းများကို ခိုထောင် ကျွန်းပေါ်တွင် စက်တင်ဘာ ၁၅ ရက်က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ မြန်မာနှစ်ဦး၏ DNA နမူနာများသည် ဝှစ်သာရစ်၏ ခန္ဓာကိုယ်တွင် တွေ့ရှိရသော DNA နမူနာများနှင့် ကိုက်ညီမှု ရှိသည်ဟု ဆိုသည်။ ထိုင်းရဲတပ်ဖွဲ့သည် အခင်းဖြစ်ပွားရာဒေသတွင် နေထိုင်အလုပ်လုပ်နေသော အမျိုးသား ၂ဝဝ ကျော်ထံမှ DNA နမူနာများ ရယူခဲ့ရာ ထိုသူအများစုသည် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ကြသည်။ သို့သော် ဗြိတိန်နိုင်ငံသူထံတွင် တွေ့ရှိရသည့် DNA နမူနာများနှင့် ကိုက်ညီမှုမရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ သို့သော် မြန်မာအလုပ်သမားနှစ်ဦးက ၎င်းတို့ ပြစ်မှု ကျူးလွန်ခဲ့ သည်ဟု ဝန်ခံခဲ့သည်ဟု ထုတ်ပြန်ခဲ့ပြီးနောက် မကြာမီမှာပင် မြန်မာအလုပ်သမားနှစ်ဦး၏ DNA နမူနာများသည် ဝှစ်သာရစ်၏ ခန္ဓာကိုယ်တွင် တွေ့ရသည့် DNA နမူနာများနှင့် ကိုက်ညီသည်ဟု ရုတ်တရက် ထုတ်ပြန်ခဲ့ပြန်သည်။

မကြာသေးမီက အခင်းဖြစ်ပွားရာနေရာတွင် ကွန်ဒုံးတစ်ခုတွေ့ရှိခဲ့ပြီး ကွန်ဒုံး၏ အပြင်မျက်နှာပြင်တွင် ဝှစ်သာရစ်၏ DNA ကို တွေ့ရှိရသည်ဟု ထိုင်းရဲတပ်ဖွဲ့က ဆိုခဲ့သေးသည်။ သို့သော် ကွန်ဒုံးအတွင်းပိုင်း၌ မည်ကဲ့သို့သောအရာ တွေ့ရှိရကြောင်းနှင့် ယင်းနှင့်ပတ်သက်သည့် DNA နမူနာအကြောင်း ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

အမှုကို စစ်ဆေးသည့်အဖွဲ့က မြန်မာအလုပ်သမားများဖြစ်သော ဝင်း (၂၁နှစ်) နှင့် စော (၂၁ နှစ်) တို့ကို တရားခံများအဖြစ် အမည်ဖော်ပြသည်။ ထိုင်းရဲတပ်ဖွဲ့က ဝင်းနှင့် စောတို့အပြင် အခြားမြန်မာ အလုပ်သမား တစ်ဦးဖြစ်သော မောင် (၂၃ နှစ်) ကိုပါ ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဆိုသည်။

ဝင်းက သူသည် ဗြိတိန်နိုင်ငံသားနှင့် ဗြိတိန်နိုင်ငံသူတို့ လိင်ဆက်ဆံနေသည်ကို မြင်တွေ့ခဲ့ရပြီး အမျိုးသမီးကို မုဒိမ်းကျင့်ရန်အတွက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်ဟု ဆိုသည်။ သို့သော် ဝင်း၏ ဝန်ခံချက်သည် ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ဖြစ်သည့် ဝှစ်သာရစ်နှင့် မီလာတို့သည် ကမ်းခြေတွင် လမ်းလျှောက်ပြီး တည်းခိုခန်းအနီး၌ ရပ်တန့်လျက် လိင်ဆက်ဆံခဲ့ကြောင်း အထောက်အထားများ မတွေ့ရဟူသည့် အချက်နှင့် ကိုက်ညီခြင်းမရှိပေ။ ၎င်းအပြင် ထိုင်းရဲတပ်ဖွဲ့သည် ဝှစ်သာရစ်၏ ခန္ဓာကိုယ်တွင် မီလာ၏ DNA သဲလွန်စကို တွေ့ရှိရခြင်းမရှိဟု အစောပိုင်းက ထုတ်ပြန်ထားသည်။ ထိုင်းရဲတပ်ဖွဲ့က မီလာသည် မကြာသေးမီကမှ သိကျွမ်းခဲ့သည့် ဝှစ်သာရစ်အား ကူညီရန်အလာ အသတ်ခံရခြင်း ဖြစ်သည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားထားသည်။

မြန်မာအလုပ်သမားနှစ်ဦး တရားစွဲဆိုခံထားရမှု၌ လိုက်ပါဆောင်ရွက်နေသော မြန်မာရှေ့နေ တစ်ဦးကလည်း အသတ်ခံရသူ၏ ဖုန်းကို မြန်မာ များနေထိုင် သည့် အခန်းတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သော်လည်း ကာယကံရှင်တို့၏ ရှေ့မှောက်တွင် ဝင်ရောက် ရှာဖွေခဲ့ခြင်း မဟုတ်ကြောင်းနှင့် အဆိုပါဖုန်းကို အသတ်ခံရသူ မိန်းကလေး၏ သူငယ်ချင်းက အခင်းဖြစ်ပွားပြီး နောက်တစ်နေ့တွင် ရဲစခန်းသို့ လာရောက်အပ်နှံခဲ့သည့် အထောက်အထားများရှိကြောင်း ဘီဘီစီသတင်းဌာနသို့ ပြောကြားထားသည်။

ထိုင်းရဲတပ်ဖွဲ့သည် လူသတ်မှုနှင့် ပတ်သက်၍ သတင်းပေးနိုင်သူကို ဘတ်ငွေ ၇ဝဝ,ဝဝဝ ဆုချမည်ဟု ထုတ်ပြန်ခဲ့သည်။ အောက်တိုဘာ ၁ ရက်တွင် ထိုင်းရဲတပ်ဖွဲ့သည် အပျော်တမ်း ဘောလုံးအသင်း တစ်သင်းမှ အသင်းသားများ လူသတ်မှုတွင် ပါဝင်သည်ဟု လိမ်လည်ထွက်ဆိုရန် တက္ကစီဒရိုင်ဘာ တစ်ဦးအား ခိုင်းစေခဲ့ပြီး မလိုက်နာသောကြောင့် ရိုက်နှက်ခဲ့သည်ဟု အဆိုပါဒရိုင်ဘာက ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲကို တိုင်ကြားထားမှုလည်းရှိသည်။

ယခုကဲ့သို့ အမှုကို မဖော်ထုတ်နိုင်မီ အခင်းဖြစ်ပွားပြီး ရက်များအတွင်း စုံစမ်းစစ်ဆေးမှုများ အလွဲလွဲအချော်ချော် ဖြစ်နေသည်ဟု ထိုင်း အာဏာပိုင် များကို ဗြိတိန်မီဒီယာများ ဦးဆောင်လျက် အပြင်းအထန် ဝေဖန်ထိုးနှက်မှုများ ပြုလုပ်ခဲ့သည်။ ဖိအားများအောက် ကျရော က်နေေ သာ ထိုင်း ရဲ တပ်ဖွဲ့သည် မြန်မာအလုပ်သမားနှစ်ဦးအား တရားခံအဖြစ် အစားထိုးခဲ့ခြင်း ဖြစ်နိုင်သည်ဟု ယူဆကြသူ အများအပြားရှိနေသည်။

မြန်မာအလုပ်သမားများကို တရားခံများ ဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့၏ ကြေညာချက်အပေါ် သံသယရှိသောကြောင့် အမှုမှန် ပေါ်ပေါ က်နိုင်စေရေး အတွက် မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၅ ရက် (ယနေ့)တွင် စွပ်စွဲခံရသူများနှင့် သွားရောက် တွေ့ဆုံ မည်ဟု သိရသည်။

ထိုသို့စွပ်စွဲခံရသည့် မြန်မာလုပ်သားများထံသို့ အောက်တိုဘာ ၄ ရက်တွင် သွားရောက်တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း အချက်အလက်အချို့ စုဆောင်းနေသဖြင့် မသွားရောက်နိုင်ခဲ့ဘဲ ယနေ့တွင်မှ သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း အမှုဆောင် ဒါရိုက်တာ ဦးကျော်သောင်းက The Daily Eleven သတင်းစာသို့ အောက်တိုဘာ ၄ ရက်က ပြောကြားခဲ့သည်။

မြန်မာသံရုံး ကောင်စစ်အရာရှိ၊ ထိုင်းနိုင်ငံ ရှေ့နေကောင်စီမှ ရှေ့နေနှစ်ဦးနှင့် ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမား အဖွဲ့စည်းများ ပါဝင်သည့် မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့သည် ဆူရတ်ဌာနီမှတစ်ဆင့် စွပ်စွဲခံထားရသူများ ထိန်းသိမ်းထားရာ အကျဉ်းထောင်သို့ သွားရောက်ကာ တိုက်ရိုက်တွေ့ဆုံရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း တွေ့ဆုံရာတွင် ပါဝင်မည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း အမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်းက ပြောကြားခဲ့သည်။

သူက “မနေ့က ထိုင်းရဲချုပ်ကနေပြီး လိပ်ကျွန်း(ခိုထောင်ကျွန်း)မှာ တရားခံလို့ ကြေညာထားတဲ့ မြန်မာလုပ်သားနှစ်ဦးကို သရုပ်ပြခိုင်းတယ်။ ဒီသတင်းကို ထိုင်းနိုင်ငံထုတ် သတင်းစာတွေ ရုပ်သံတွေမှာ လွှင့်သွားတယ်။ ထိုင်းတွေရော နိုင်ငံခြားသားတွေကပါ မြန်မာတွေက သတ်တယ်ဆိုတာ မယုံကြည်ကြဘူး။ တရားခံအစစ်က လွတ်သွားပြီဆိုပြီး ဒီနေ့ထုတ် ထိုင်းသတင်းစာတွေမှာ ကာတွန်းတွေ နဲ့လှောင်ပြောင်ပြီး ရေးထားတာ တွေ့ရတယ်။ ဒီကိစ္စကို အမှန်တိုင်းပေါ်အောင် စုံစမ်းဖို့အတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကနေပြီးတော့ အကူအညီတောင်းခံ လာတဲ့အတွက် ထိုင်းရှေ့နေကောင်စီက ရှေ့နေနှစ်ဦး အပါအဝင် ကိုယ်စားလှယ်အဖွဲ့က တရားခံလို့ စွပ်စွဲထားတဲ့ မြန်မာနိုင်ငံသားတွေဆီကို တိုက်ရိုက်သွားပြီး တွေ့ဆုံမေးမြန်းမှာ ဖြစ်တယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စွပ်စွဲခံရတဲ့ မြန်မာသုံးဦးအပြင် သူတို့ရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေကိုပါ တွေ့ခွင့်ရဖို့ ကြိုးစားသွားမှာ ဖြစ်တယ်။ အားလုံးအဖမ်းခံရတာ ဆယ်ဦးထက် မနည်းရှိတယ်လို့ သိရတယ်” ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ထိုင်းနိုင်ငံတွင် လူသတ်မှုများ ပေါ်ပေါက်လာပါက ထိုင်းရဲများမှာ မြန်မာလုပ်သားများကို ဦးစွာဖမ်းဆီး စစ်ဆေးလေ့ရှိပြီး စစ်ဆေးရာ တွင် ရေနွေးဖြင့် လက်ကိုလောင်းကာ စစ်ဆေးခြင်း၊ ခြေသလုံးအား မျဉ်းလုံးဖြင့်လှိမ့်ခြင်း စသည့် ညှဉ်းပန်းနှိပ်စက် နည်းများသုံးကာ စစ်ဆေးလေ့ ရှိကြောင်းနှင့် ယခင်က ချင်းမိုင်မြို့တွင် တက္ကသိုလ်ကျောင်းသူတစ်ဦး အသတ်ခံရမှုတွင် တရားခံမှာ မြန်မာလုပ်သား ချင်းတိုင်းရင်း သားဖြစ်သည်ဟု သတ်မှတ်ခဲ့ပြီးနောက် တရားခံအစစ်မှာ ကမ္ဘောဒီးယား နိုင်ငံသား ဖြစ်သည်ဟု အမှုမှန်ပေါ်ပေါက်ခဲ့သည့် သာဓကရှိခဲ့သဖြင့် ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အပေါ် သံသယဖြစ်မိကြောင်း ဦးကျော်သောင်းက ဆိုသည်။

Eleven Media Group

No comments:

Post a Comment