Sunday 5 October 2014

အီတီဟတ်လေကြောင်းလိုင်းနှင့် မန်စီးတီးတို့ စပွန်ဆာစာချုပ်သစ် ချုပ်ဆိုမည်

Photo: အီတီဟတ်လေကြောင်းလိုင်းနှင့် မန်စီးတီးတို့ စပွန်ဆာစာချုပ်သစ် ချုပ်ဆိုမည်
Sunday, October 5, 2014

မန်စီးတီးအသင်းသည် အီတီဟတ် လေကြောင်းလိုင်းဖြင့် စပွန်ဆာစာချုပ် သက်တမ်းတိုးရန် ဆွေးနွေးလျက်ရှိသည်။ မန်စီးတီးအသင်းသည် ၎င်းတို့၏ ပေါင်သန်း ၁၅၀ တန် လေ့ကျင့်ရေးစင်တာသစ်တွင်လည်း စပွန်ဆာကြော်ငြာသစ်များ ကြော်ငြာရန် ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိသည်။

ယင်းစာချုပ်သစ်များကြောင့် မန်စီးတီးအသင်းသည် ဘဏ္ဍာရေးညီမျှမှု စည်းမျဉ်းများအရ ယူအီးအက်ဖ်အေ၏ စုံစမ်းစစ်ဆေးမှုများကို သေချာပေါက် ခံရဦးမည်ဖြစ် သည်။ မန်စီးတီးအသင်းသည် ယခင်ကလည်း အီတီဟတ်လေကြောင်းလိုင်းဖြင့် ပေါင်သန်း ၄၀၀ တန်ဖိုးရှိ စပွန်ဆာစာချုပ် ချုပ်ဆိုခဲ့သည်။ သို့သော် မန်စီးတီးအ သင်း၏ ၀င်ငွေ၊ ထွက်ငွေမှာ မျှတမှုမရှိခဲ့ဘဲ အရှုံးပေါ်ကာ ယူအီးအက်ဖ်အေ၏ ဘဏ္ဍာရေးညီမျှမှုစည်းမျဉ်းနှင့် ငြိစွန်းခဲ့သောကြောင့် ပြီးခဲ့သည့် ရာသီကအရေးယူ ခံခဲ့ရသည်။

မန်စီးတီးအသင်းသည် ပြီးခဲ့သည့် သုံးနှစ်က အီတီဟတ်လေကြောင်းလိုင်းဖြင့် ၁၀ နှစ်စာအတွက် ပေါင်သန်း ၄၀၀ တန်ကြေးရှိ စပွန်ဆာစာချုပ်ကို ချုပ်ဆိုခဲ့ခြင်း သည်။ ထိုစာချုပ်မှာ မန်စီးတီးအိမ်ကွင်းနာမည်၊ အင်္ကျီစပွန်ဆာနှင့် လေ့ကျင့်ရေးကွင်းစပွန်ဆာများ ပါဝင်သည်။ထိုစာချုပ်ကို ပြိုင်ဖက်အသင်းများနှင့်ဥရောပ၏   ငွေကြေးဆိုင်ရာ စောင့်ကြည့်လေ့လာရေး အဖွဲ့တို့က ၀ိုင်းဝန်း ဝေဖန်ခဲ့ကြသည်။ သို့သော် မန်စီးတီးအသင်းသည် အီတီဟတ်နှင့် နောက်ငါးနှစ် စာချုပ်သက် တမ်းတိုးရန် ပြင်ဆင်လျက်ရှိသည်။ တစ်နှစ်လျှင် ပေါင်သန်း ၅၀ ရရှိမည် ဖြစ်သည်။

ထို့အပြင် မန်စီးတီးအသင်းသည် လေ့ကျင့်ရေးစင်တာသစ်စပွန်ဆာအတွက် ကုမ္ပဏီသုံးခုဖြင့် ဆွေးနွေးလျက်ရှိသည်။ ထိုကုမ္ပဏီများ၏အမည်များ ကို လေ့ကျင့်   ရေးစင်တာကြီးတစ်ခုလုံးတွင် ကြော်ငြာပေးသွားမည်ဖြစ်သည်။ လူငယ်ပြိုင်ပွဲများနှင့် အရန်အသင်းပြိုင်ပွဲများကျင်းပသည့် ပရိသတ်၇,၀၀၀ဆံ့ကွင်းတွင်လည်း   ကြော်ငြာပေးမည်ဖြစ်သည်။ ထို့အတွက် တစ်နှစ်လျှင် ပေါင် ၂၅ သန်းပေးချေရမည်ဖြစ်ပြီး ငါးနှစ်စာချုပ်ချုပ်ဆိုမည် ဖြစ်သည်။

ရည်ညွှန်း မယ်ရာ
Mizzima - News in Burmese
မန်စီးတီးအသင်းသည် အီတီဟတ် လေကြောင်းလိုင်းဖြင့် စပွန်ဆာစာချုပ် သက်တမ်းတိုးရန် ဆွေးနွေးလျက် ရှိသည်။ မန်စီးတီးအသင်းသည် ၎င်းတို့၏ ပေါင်သန်း ၁၅၀ တန် လေ့ကျင့်ရေးစင်တာသစ်တွင်လည်း စပွန်ဆာကြော်ငြာသစ်များ ကြော်ငြာရန် ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိသည်။

ယင်းစာချုပ်သစ်များကြောင့် မန်စီးတီးအသင်းသည် ဘဏ္ဍာရေးညီမျှမှု စည်းမျဉ်းများအရ ယူအီးအက်ဖ်အေ ၏ စုံစမ်းစစ်ဆေးမှုများကို သေချာပေါက် ခံရဦးမည်ဖြစ် သည်။ မန်စီးတီးအသင်းသည် ယခင်ကလည်း အီတီဟတ်လေကြောင်းလိုင်းဖြင့် ပေါင်သန်း ၄၀၀ တန်ဖိုးရှိ စပွန်ဆာစာချုပ် ချုပ်ဆိုခဲ့သည်။ သို့သော် မန်စီးတီးအ သင်း၏ ၀င်ငွေ၊ ထွက်ငွေမှာ မျှတမှုမရှိခဲ့ဘဲ အရှုံးပေါ်ကာ ယူအီးအက်ဖ်အေ၏ ဘဏ္ဍာရေး ညီမျှမှုစည်းမျဉ်းနှင့် ငြိစွန်းခဲ့သောကြောင့် ပြီးခဲ့သည့် ရာသီကအရေးယူ ခံခဲ့ရသည်။

မန်စီးတီးအသင်းသည် ပြီးခဲ့သည့် သုံးနှစ်က အီတီဟတ်လေကြောင်းလိုင်းဖြင့် ၁၀ နှစ်စာအတွက် ပေါင်သန်း ၄၀၀ တန်ကြေးရှိ စပွန်ဆာစာချုပ်ကို ချုပ်ဆိုခဲ့ခြင်း သည်။ ထိုစာချုပ်မှာ မန်စီးတီးအိမ်ကွင်းနာမည်၊ အင်္ကျီစပွန်ဆာနှင့် လေ့ကျင့်ရေးကွင်းစပွန်ဆာများ ပါဝင်သည်။ထိုစာချုပ်ကို ပြိုင်ဖက်အသင်းများနှင့် ဥရောပ ၏   ငွေကြေးဆိုင်ရာ စောင့်ကြည့်လေ့လာရေး အဖွဲ့တို့က ၀ိုင်းဝန်း ဝေဖန်ခဲ့ကြသည်။ သို့သော် မန်စီးတီးအသင်းသည် အီတီဟတ်နှင့် နောက်ငါးနှစ် စာချုပ်သက် တမ်းတိုးရန် ပြင်ဆင်လျက်ရှိသည်။ တစ်နှစ်လျှင် ပေါင်သန်း ၅၀ ရရှိမည် ဖြစ်သည်။

ထို့အပြင် မန်စီးတီးအသင်းသည် လေ့ကျင့်ရေးစင်တာသစ်စပွန်ဆာအတွက် ကုမ္ပဏီသုံးခုဖြင့် ဆွေးနွေး လျက်ရှိသည်။ ထိုကုမ္ပဏီများ၏အမည်များ ကို လေ့ကျင့်   ရေးစင်တာကြီးတစ်ခုလုံးတွင် ကြော်ငြာပေးသွား မည်ဖြစ်သည်။ လူငယ်ပြိုင်ပွဲများနှင့် အရန်အသင်းပြိုင်ပွဲများကျင်းပသည့် ပရိသတ်၇,၀၀၀ ဆံ့ကွင်းတွင် လည်း   ကြော်ငြာပေးမည်ဖြစ်သည်။ ထို့အတွက် တစ်နှစ်လျှင် ပေါင် ၂၅ သန်းပေးချေရမည်ဖြစ်ပြီး ငါးနှစ် စာချုပ်ချုပ်ဆိုမည် ဖြစ်သည်။

ရည်ညွှန်း မယ်ရာ
Mizzima - News in Burmese

No comments:

Post a Comment