Sunday 5 October 2014

Samsung Galaxy Note 4 အောက်တိုဘာလ ကုန်ပိုင်းတွင် ပြည်တွင်းဈေးကွက်ရောက်မည်

Samsung ၏ နောက်ဆုံးထုတ် စမတ်ဖုန်းဖြစ်သည့် Galaxy Note 4 ကို အောက်တိုဘာလ ကုန်ပိုင်းတွင် ပြည်တွင်းဈေးကွက်အတွင်းစတင်ဖြန့် ချိမိတ်ဆက်သွားမည်ဟု အောက်တိုဘာလ ၄ ရက်က သတင်းထုတ် ပြန်သည်။

Samsung ၏ အုပ်ချုပ်မှုဒါရိုက်တာ Mr.Nam Sik Ahn က "Galaxy Note Series တွေဟာ ပိုမို ကျယ်ပြန့် တဲ့ မျက်နှာပြင် နဲ့ S Pen နည်းပညာတွေကို စမတ်ဖုန်း ယဉ်ကျေးမှုအတွက် မိတ်ဆက်ပေးခဲ့ တာဖြစ်ပါ တယ်" ဟု ပြောသည်။

၂၀၁၄ ခုနှစ် ဇွန်လ အထိ Samsung ၏ စစ်တမ်းများအရ ကမ္ဘာတ၀ှမ်းရှိ စမတ်ဖုန်းအသုံးပြုသူများ၏ ထက် ၀က် ခန့်သည် မျက်နှာပြင်ကျယ်ပြန့်သည့် ဖုန်းများကို   ရွေးချယ်ဝယ်ယူလေ့ရှိသည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် Galaxy Note Series ဖုန်းများ၏ ရောင်းချရမှုသည် ၂၂ ရာခိုင်နှုန်းရှိနေပြီး ၂၀၂၀ ပြည့် နှစ်တွင် ၃၂ ရာခိုင်နှုန်းအထိ မြင့်တက် လာမည်ဟု Samsung က ခန့်မှန်းထားသည်။

အောက်တိုဘာလကုန်ပိုင်းတွင် ပြည်တွင်းသို့ ရောက်ရှိမည့် Galaxy Note 4 သည် အရွယ်အစား ၅ ဒသမ ၇ လက်မ ရှိမည်ဖြစ်ပြီးမျက်နှာပြင် ပုံရိပ်အရည် အသွေး 2560x1440 pixel ရှိမည်ဖြစ်သည်။ Galaxy Note 4 တွင် App များကို မျက်နှာပြင်အပြည့်၊ မျက်နှာပြင် တစ်ဝက် နှင့် မျက်နှာပြင် လေးပုံတစ်ပုံ စသည်ဖြင့် ရွေး ချယ် ဖွင့်နိုင်မည်ဖြစ်သည်ဟု ဆိုထားသည်။

ကင်မရာအနေဖြင့် နောက်ကင်မရာ16MPရှိမည်ဖြစ်ပြီးအလင်းရောင်အားနည်း ချိန်တွင်ရိုက်ကူးနိုင်ရန် ပြုလုပ် ထားသည်ဟုဆိုသည်။ရှေ့ကင်မရာမှာ3.7MP ဖြစ် သည်။ အရောင်အားဖြင့် မီးခိုး၊ အဖြူ၊ ရွှေရောင်၊ ပန်းရောင် များရရှိမည်ဟု Samsung ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ ဈေးနှုန်းကိုမူ ထည့် သွင်းဖော်ပြ ထားခြင်းမရှိပေ။

မဇ္ဈိမ

No comments:

Post a Comment