Sunday 5 October 2014

ဗြိတိန်စွမ်းအင် ကုမ္ပဏီများ ဈေးကွက်နှင့် အခွင့်အလမ်းများ ဆွေးနွေးရန် ငါးရက်ကြာ လာရောက်မည်

ဗြိတိန်စွမ်းအင်ဆိုင်ရာ ကောင်စီ၏ ဦးဆောင်မှုဖြင့် ဗြိတိန်ရေနံနှင့် သဘာဝဓာတ်ငွေ့စွမ်း အင်ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့သည် မြန် မာနိုင်ငံသို့ ငါး ရက်ကြာ လာရောက်မည်ဟု သတင်းရရှိသည်။
ဗြိတိန်စွမ်းအင်ကုမ္ပဏီများသည် အောက်တိုဘာ ၁၃ ရက်မှ ၁၇ ရက်ထိ ရန်ကုန်မြို့သို့ လာ ရောက်ကာ မြန်မာကုမ္ပဏီများနှင့်တွေ့ဆုံပြီး ဈေး ကွက် အတွေ့ အကြုံနှင့် အခွင့်အလမ်းများကို ဆွေးနွေးညှိနှိုင်းကြမည်ဖြစ်သည်။

ဗြိတိန်စွမ်းအင်ကုမ္ပဏီများ နှင့် တွေ့ဆုံလိုသော မြန်မာကုမ္ပ ဏီများသည် ဗြိတိန်သံရုံးရှိ ကုန် သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဌာန (UKTI) နှင့် ဆက် သွယ်နိုင် ကြောင်း သံရုံးက ကြေညာထား သည်။

မြန်မာနိုင်ငံသည် နိုင်ငံတ ကာစွမ်းအင်ကုမ္ပဏီများကို ကမ်း လွန်နှင့် ကုန်းတွင်း ရေနံ နှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေး လုပ်ကွက်များ လုပ်ကိုင်ခွင့်ပေး ထားပြီး စွမ်းအင်ရှာဖွေတူးဖော် ရေးနည်းပညာနှင့် စက်ပစ္စည်း ထုတ်လုပ်သော နိုင်ငံခြားကုမ္ပဏီ များအတွက် အခွင့်အလမ်း များ ဖြစ်ပေါ်နေသည်။

မကြာမီက နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများကို ဖြေလျှော့ပေးထား သော မြန်မာဈေးကွက်သည် ပြည်ပလုပ်ငန်းရှင်များအတွက် စိတ်ဝင်စားစရာဖြစ်နေ ပြီး မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ သည် တိုင်းပြည်၏ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု တွင် ၃၀ ရာခိုင်နှုန်းကျော်ရှိနေသည်။

7Day DAILY

No comments:

Post a Comment