Saturday 1 March 2014

ကွမ်းခြံကုန်း ကျောက်မီးသွေးစက်ရုံ စီမံကိန်း၌ မဂ္ဂါဝပ် ၃၀၀ ထွက်ရှိမည့် ပထမအဆင့်အတွက် အမေရိကန်ဒေါ်လာ သန်း ၄၈၀ ခန့် သုံးစွဲရန် လျာထား

Photo: ကွမ်းခြံကုန်း ကျောက်မီးသွေးစက်ရုံ စီမံကိန်း၌ မဂ္ဂါဝပ် ၃၀၀ ထွက်ရှိမည့် ပထမ အဆင့်အတွက် အမေရိကန်ဒေါ်လာ သန်း ၄၈၀ ခန့် သုံးစွဲရန် လျာထား
Saturday, March 1, 2014

ရန်ကုန်မြို့ ကွမ်းခြံကုန်းမြို့နယ်တွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း၌ မဂ္ဂါဝပ် ၃ဝဝ ထွက်ရှိမည့် ပထမအဆင့် စီမံကိန်းတွင် အမေရိကန်ဒေါ်လာ သန်း ၄၈ဝ ခန့် အသုံးပြုရန် လျာထားကြောင်း ယင်းစီမံကိန်း အထွေထွေ မန်နေဂျာ ဦးမြင့်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

“နိုင်ငံတကာ စံနှုန်းနဲ့တွက်ရင် ကျောက်မီးသွေးနဲ့ လျှပ်စစ်ဓာတ်အား ထုတ်တဲ့အခါမှာ တစ်မဂ္ဂါဝပ်ကို ဒေါ်လာ ၁ ဒသမ ၆ သန်း လောက်ရှိတယ်။ အဲဒါကြောင့်မို့ ပထမအဆင့် မဂ္ဂါဝပ် ၃ဝဝ ထွက်ရှိမယ့် စီမံကိန်းမှာ ဒေါ်လာသန်း ၄၈ဝ လောက် ကုန်ကျနိုင်တယ်။ ပထမစီမံကိန်းပြီးတော့မှ ဒုတိယအဆင့်နဲ့ တတိယအဆင့်ကို အခြေအနေ ကြည့်ပြီးတော့ တည်ဆောက်သွားမယ်”ဟု ဦးမြင့်ဦးက ပြောကြားသည်။

ကွမ်းခြံကုန်း ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံမှထွက်ရှိသော ဓာတ်အားများအား ရန်ကုန်တိုင်း ဒေသကြီးသို့ အဓိကပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။ “လျှပ်စစ်ရဲ့ သဘောတရားအရတော့ မဟာဓာတ်အားလိုင်းထဲ ထည့်ပေးရတာပေါ့။ ဖြန့်ဖြူးတာကတော့ နိုင်ငံတော်က ညွှန်ကြားချက်အတိုင်း လုပ်ရမှာ၊ အဓိကကတော့ ရန်ကုန်တိုင်း ဒေသကြီးကို ပေးသွားမှာ ဖြစ်တယ်”ဟု ဦးမြင့်ဦးက ဆက်လက်ပြောသည်။ ကျောက်မီးသွေး ကုန်ကြမ်းများအား အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းသွားမည်ဖြစ်ပြီး စီမံကိန်း ဆောက်လုပ်ဖြစ်ပါက ပြိုင်ဆိုင်မှုပုံစံမျိုးများနှင့် ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အစိုးရမှ သတ်မှတ်ထားသော လျှပ်စစ်ဓာတ်အားခနှုန်းနှင့် ဆိုပါက အရင်းကျေရန် နှစ်သုံးဆယ်ခန့် ကြာမြင့်မည်ဖြစ်ပြီး တစ်ယူနစ်ကို ၁၅ဝ ခန့် ကောက်ခံမှသာ ၁၅ နှစ်အတွင်း အရင်းကျေနိုင်သဖြင့် စီးပွားရေးတွက်ခြေကိုက်မှု ရှိမရှိအား သေချာစွာ လေ့လာရန် လိုအပ်ကြောင်း သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူက သုံးသပ်ပြောကြားသည်။

“တကယ်လို့ အဲဒီငွေပမာဏ အတိုင်းဆိုရင် နိုင်ငံခြားကနေ ငွေချေးမယ့် အနေအထားမှာရှိတယ်။ အစိုးရက လျှပ်စစ်ဓာတ်အားခကို ၇၅ ကျပ်ထက် ပိုမရောင်းဖို့ သတ်မှတ်ထားတယ်။ ၇၅ ကျပ်နဲ့ အရင်းကျေဖို့ဆိုရင် နှစ်သုံးဆယ်လောက် စောင့်ရမယ်။ များသောအားဖြင့် ရင်းနှီးထားတာကို ပြန်ရဖို့က ခုနစ်နှစ်၊ ၁ဝ နှစ်၊ ၁၂ နှစ် ကတော့ အကောင်းဆုံးပေါ့။ သန့်စင်နည်းပညာကို သုံးမယ်ဆိုရင်တော့ ၁၅ နှစ်လောက်နဲ့ အရင်းကျေရင်တော့ ကောင်းတာပေါ့။လျှပ်စစ်ဓာတ်အားကို ၁၅ဝ နဲ့ ရောင်းမှသာ ၁၅ နှစ်အတွင်း အရင်းကျေနိုင်မှာဖြစ်တယ်”ဟု ဦးဝင်းမျိုးသူက ပြောကြားသည်။ 

ကျောက်မီးသွေးစက်ရုံမှ လျှပ်စစ်ဓာတ်အား ထွက်ရှိလာပါက ဒေသခံများအား လျှပ်စစ်မီး အလကားပေးသွားမည်ဟု ပထမအကြိမ် အစည်းအဝေးတွင် ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွေ့ဆုံပွဲများတွင် လျှပ်စစ်ဓာတ်အား နိုင်ငံတော်မှချပေးမှသာ လျှပ်စစ်ရရှိရန် ပြန်လည်လျှောက်ထား ရမည်ဖြစ်ကြောင်း သောင်ခုံကျေးရွာမှ ဒေါ်နွယ်နွယ်ဦးက ပြောကြားသည်။

“ပထမအစည်းအဝေးတုန်းက စက်ရုံတည်ဆောက်ပြီးရင် လျှပ်စစ်အလကား ရမယ်လို့ပြောတယ်။ ဖေဖော်ဝါရီ ၂၇ ရက်က လုပ်သွားတဲ့ တွေ့ဆုံပွဲမှာတော့ အဲဒီလိုမပြောတော့ဘဲ လျှပ်စစ်ရရင် အစိုးရကိုပေးရမယ်။ အစိုးရကတစ်ဆင့်ြ ပန်ချပေးမှ လျှပ်စစ်ကို လျှောက်ထားပြီးတော့ ဝယ်သုံးရမယ်လို့ ပြောတယ်”ဟု ဒေါ်နွယ်နွယ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ကျောက်မီးသွေးလောင်စာမှ လျှပ်စစ်စွမ်းအင်ထုတ်ယူမှုမှာ သုံးရာခိုင်နှုန်းရှိပြီဖြစ်ကာ ကျောက်မီးသွေး အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းမှ ထွက်ပေါ်လာသော ဖန်လုံအိမ်ဓာတ်ငွေ့သည် သဘာဝဓာတ်ငွေ့ကြောင့် ထွက်ပေါ်လာသော ဖန်လုံအိမ်ဓာတ်ငွေ့၏ နှစ်ဆရှိကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းနှင့် စက်မှုလုပ်ငန်းများတွင် ကျောက်မီးသွေးအား လောင်စာအဖြစ် တန်ချိန်သန်းပေါင်းများစွာ အသုံးပြုနေသဖြင့် အက်စစ်မိုးကိုဖြစ်စေသော ဆာလ်ဖာဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့၊ အိုဇုန်းလွှာအား ပျက်စီးပြီး ကမ္ဘာကြီးအား ပူနွေးလာစေသော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့၊ ပြဒါး၊ ခဲ၊ သွပ်၊ ကတ်မီယံ၊ အာဆင်းနစ်၊ ပြာနှင့် အမှုန်အမွှားများ ထွက်ပေါ်ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။

Eleven Media Group

ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း လျာထားမြေနေရာ များကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)

ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း လျာထားမြေနေရာ များကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)

ရန်ကုန်မြို့ ကွမ်းခြံကုန်းမြို့နယ်တွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း၌ မဂ္ဂါဝပ် ၃ဝဝ ထွက်ရှိမည့် ပထမအဆင့် စီမံကိန်းတွင် အမေရိကန်ဒေါ်လာ သန်း ၄၈ဝ ခန့် အသုံးပြုရန် လျာထားကြောင်း ယင်းစီမံကိန်း အထွေထွေ မန်နေဂျာ ဦးမြင့်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။


“နိုင်ငံတကာ စံနှုန်းနဲ့တွက်ရင် ကျောက်မီးသွေးနဲ့ လျှပ်စစ်ဓာတ်အား ထုတ်တဲ့အခါမှာ တစ်မဂ္ဂါဝပ်ကို ဒေါ်လာ ၁ ဒသမ ၆ သန်း လောက်ရှိတယ်။ အဲဒါကြောင့်မို့ ပထမအဆင့် မဂ္ဂါဝပ် ၃ဝဝ ထွက်ရှိမယ့် စီမံကိန်းမှာ ဒေါ်လာသန်း ၄၈ဝ လောက် ကုန်ကျနိုင်တယ်။ ပထမစီမံကိန်းပြီးတော့မှ ဒုတိယအဆင့်နဲ့ တတိယအဆင့်ကို အခြေအနေ ကြည့်ပြီးတော့ တည်ဆောက်သွားမယ်”ဟု ဦးမြင့်ဦးက ပြောကြားသည်။

ကွမ်းခြံကုန်း ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံမှထွက်ရှိသော ဓာတ်အားများအား ရန်ကုန်တိုင်း ဒေသကြီးသို့ အဓိကပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။ “လျှပ်စစ်ရဲ့ သဘောတရားအရတော့ မဟာဓာတ်အားလိုင်းထဲ ထည့်ပေးရတာပေါ့။ ဖြန့်ဖြူးတာကတော့ နိုင်ငံတော်က ညွှန်ကြားချက်အတိုင်း လုပ်ရမှာ၊ အဓိကကတော့ ရန်ကုန်တိုင်း ဒေသကြီးကို ပေးသွားမှာ ဖြစ်တယ်”ဟု ဦးမြင့်ဦးက ဆက်လက်ပြောသည်။ ကျောက်မီးသွေး ကုန်ကြမ်းများအား အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းသွားမည်ဖြစ်ပြီး စီမံကိန်း ဆောက်လုပ်ဖြစ်ပါက ပြိုင်ဆိုင်မှုပုံစံမျိုးများနှင့် ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အစိုးရမှ သတ်မှတ်ထားသော လျှပ်စစ်ဓာတ်အားခနှုန်းနှင့် ဆိုပါက အရင်းကျေရန် နှစ်သုံးဆယ်ခန့် ကြာမြင့်မည်ဖြစ်ပြီး တစ်ယူနစ်ကို ၁၅ဝ ခန့် ကောက်ခံမှသာ ၁၅ နှစ်အတွင်း အရင်းကျေနိုင်သဖြင့် စီးပွားရေးတွက်ခြေကိုက်မှု ရှိမရှိအား သေချာစွာ လေ့လာရန် လိုအပ်ကြောင်း သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူက သုံးသပ်ပြောကြားသည်။

“တကယ်လို့ အဲဒီငွေပမာဏ အတိုင်းဆိုရင် နိုင်ငံခြားကနေ ငွေချေးမယ့် အနေအထားမှာရှိတယ်။ အစိုးရက လျှပ်စစ်ဓာတ်အားခကို ၇၅ ကျပ်ထက် ပိုမရောင်းဖို့ သတ်မှတ်ထားတယ်။ ၇၅ ကျပ်နဲ့ အရင်းကျေဖို့ဆိုရင် နှစ်သုံးဆယ်လောက် စောင့်ရမယ်။ များသောအားဖြင့် ရင်းနှီးထားတာကို ပြန်ရဖို့က ခုနစ်နှစ်၊ ၁ဝ နှစ်၊ ၁၂ နှစ် ကတော့ အကောင်းဆုံးပေါ့။ သန့်စင်နည်းပညာကို သုံးမယ်ဆိုရင်တော့ ၁၅ နှစ်လောက်နဲ့ အရင်းကျေရင်တော့ ကောင်းတာပေါ့။လျှပ်စစ်ဓာတ်အားကို ၁၅ဝ နဲ့ ရောင်းမှသာ ၁၅ နှစ်အတွင်း အရင်းကျေနိုင် မှာဖြစ်တယ်”ဟု ဦးဝင်းမျိုးသူက ပြောကြားသည်။ 

ကျောက်မီးသွေးစက်ရုံမှ လျှပ်စစ်ဓာတ်အား ထွက်ရှိလာပါက ဒေသခံများအား လျှပ်စစ်မီး အလကားပေး သွားမည်ဟု ပထမအကြိမ် အစည်းအဝေးတွင် ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွေ့ဆုံ ပွဲများတွင် လျှပ်စစ်ဓာတ်အား နိုင်ငံတော်မှချပေးမှသာ လျှပ်စစ်ရရှိရန် ပြန်လည်လျှောက်ထား ရမည်ဖြစ်ကြောင်း သောင်ခုံကျေးရွာမှ ဒေါ်နွယ်နွယ်ဦးက ပြောကြားသည်။

“ပထမအစည်းအဝေးတုန်းက စက်ရုံတည်ဆောက်ပြီးရင် လျှပ်စစ်အလကား ရမယ်လို့ပြောတယ်။ ဖေဖော်ဝါရီ ၂၇ ရက်က လုပ်သွားတဲ့ တွေ့ဆုံပွဲမှာတော့ အဲဒီလိုမပြောတော့ဘဲ လျှပ်စစ်ရရင် အစိုးရကိုပေးရမယ်။ အစိုးရကတစ်ဆင့်ြ ပန်ချပေးမှ လျှပ်စစ်ကို လျှောက်ထားပြီးတော့ ဝယ်သုံးရမယ်လို့ ပြောတယ်”ဟု ဒေါ်နွယ်နွယ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ကျောက်မီးသွေးလောင်စာမှ လျှပ်စစ်စွမ်းအင်ထုတ်ယူမှုမှာ သုံးရာခိုင်နှုန်းရှိပြီဖြစ်ကာ ကျောက်မီးသွေး အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းမှ ထွက်ပေါ်လာသော ဖန်လုံအိမ်ဓာတ်ငွေ့ သည် သဘာဝဓာတ်ငွေ့ကြောင့် ထွက်ပေါ်လာသော ဖန်လုံအိမ်ဓာတ်ငွေ့၏ နှစ်ဆရှိကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းနှင့် စက်မှုလုပ်ငန်းများတွင် ကျောက်မီးသွေးအား လောင်စာအဖြစ် တန်ချိန်သန်းပေါင်းများစွာ အသုံးပြုနေသဖြင့် အက်စစ်မိုးကိုဖြစ်စေသော ဆာလ်ဖာ ဒိုင်အောက် ဆိုဒ် ဓာတ်ငွေ့၊ အိုဇုန်းလွှာအား ပျက်စီးပြီး ကမ္ဘာကြီးအား ပူနွေးလာစေသော ကာဗွန်ဒိုင်အောက် ဆိုဒ် ဓာတ်ငွေ့၊ ပြဒါး၊ ခဲ၊ သွပ်၊ ကတ်မီယံ၊ အာဆင်းနစ်၊ ပြာနှင့် အမှုန်အမွှားများ ထွက်ပေါ်ပျံ့နှံ့လျက် ရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment