Saturday 1 March 2014

ဒုချီးရားတန်း စုံစမ်းရေး အစီရင်ခံစာ သမ္မတကိုပို့

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာမှာ ပြီးခဲ့တဲ့လက ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်တဲ့ စုံစမ်း စစ်ဆေးရေးကော်မရှင် ရဲ့အစီရင်ခံစာကို ဖေဖော်ဝါရီလ ၂၈ ရက် သောကြာနေ့က သမ္မတထံ တင် သွင်းလိုက် ပါတယ်။


ရဲတပ်ကြပ်ကြီး တစ်ယောက် ပျောက်ဆုံးနေပြီး ရွာသားတွေလည်း အသတ်ခံရတာ နေအိမ် မီးရှို့ခံရတာတွေ ရှိခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ စုံစမ်းဖို့ သမ္မတက ဖွဲ့စည်းပေးခဲ့တဲ့ ကော်မရှင်က လွတ်လွတ် လပ်လပ် တွေ့ဆုံ မေးမြန်းခွင့် ရခဲ့တယ်လို့ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ရွာသူရွာသား ၁ဝဝ ကျော်လောက်နဲ့ တွေ့ဆုံ မေးမြန်းနိုင်ခဲ့တဲ့ အပြင် အဖမ်းခံ ထားရသူ ၁၆ ယောက် ကို လည်း ထောင်ထဲမှာ တွေ့ခဲ့တယ်၊ အဲဒီထဲက အသက်ကြီးသူ၊ နာမကျန်း ဖြစ်သူ ၅ ယောက်လောက် ကိုလည်း ပြန်လွှတ် ပေးခဲ့ပြီးဖြစ်တယ်လို့ သူက ဆိုပါတယ်။

စွပ်စွဲချက်တွေ အမျိုးမျိုး ရှိနေပေမဲ့ ခိုင်လုံတဲ့ သက်သေ အထောက် အထားတွေတော့ မတွေ့ခဲ့ ဘူးလို့ ပြောပါ တယ်။

အခင်း စတင် ဖြစ်ခဲ့တဲ့ ဇန္နဝါရီ ၁၃ ရက်နေ့ ညက ပျောက်ဆုံး သွားခဲ့တဲ့ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ထိခိုက် ဒဏ်ရာ ရရှိခဲ့တဲ့ အထောက်အထား တချို့တွေ့ခဲ့ရ ပေမဲ့ အလောင်း မတွေ့တဲ့အတွက် သေဆုံးပြီးလို့ ကောက်ချက် မချနိုင်ဘဲ ပျောက်ဆုံး သူအဖြစ်သာ သတ်မှတ်ထား ပါတယ်။

အဲဒီညမှာပဲ ပစ်ခတ်မှု တွေကြောင့် သေဆုံး တယ်ဆိုပြီး ဒုချီးရားတန်း ရွာသားတွေ ပြောကြတဲ့ အရေအတွက် ကလည်း တစ်ယောက်နဲ့ တစ်ယောက် မတူဘဲ ကွဲလွဲနေတယ်လို့ ဆိုပါတယ်။

ဇန္နဝါရီ ၂၈ ရက်နေ့ ညက ရွာမီးလောင်မှုဟာ တပြိုင်တည်း ကွက်ကြား လောင်တဲ့အတွက် မီးရှို့မှုလို့ သုံး သပ်နိုင် ပေမဲ့ ဘယ်သူ့ လက်ချက် ဆိုတာကိုတော့ သုံးသပ်နိုင်ခဲ့ခြင်း မရှိဘူးလို့လည်း စုံစမ်းရေး အဖွဲ့ဝင် တစ်ယောက် ပြောပါတယ်။

အစိုးရဘက်က ပြောသလို ကောက်ရိုး အထုံးတွေ နဲ့ ရှို့တယ်ဆိုတဲ့ အထောက် အထားတော့ မတွေ့ရဘူး၊ အိမ် အမိုးတွေက သက်ကယ်လို အမိုးမျိုး ဖြစ်လို့ မီးလောင် လွယ်တယ်လို့လည်း ဘီဘီစီက မေးမြန်းခဲ့တဲ့ ကော်မရှင် အဖွဲ့ဝင် တွေက ပြောပါတယ်။

အစီရင်ခံစာထဲမှာ မေးမြန်းချက်တွေ၊ တွေ့ရှိချက် တွေကို အစုံအလင် ဖေါ်ပြထားတယ်လို့ ကော်မရှင်အဖွဲ့ဝင် တွေက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

No comments:

Post a Comment