Saturday 1 March 2014

၂၀၁၄ တွင် GDP ၈ ဒသမ ၅ ရာခိုင်နှုန်း တက်မည်ဟု Oxford Business Group ဆို

င်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တိုးတက် ဝင်ရောက် နေမှုကြောင့် ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ GDP (ပြည်တွင်း စုစုပေါင်း ထုတ်ကုန်တန်ဖိုး) ၈ ဒသမ ၅ ရာခိုင်နှုန်း အထိ တိုးတက်လာမည် ဖြစ်ကြောင်း Oxford Business Group က သုတေသန ပြုလုပ်ထားသည့် “The Report Myanmar 2014” အစီရင်ခံစာတွင် ဖော်ပြထားသည်။

“မြန်မာ့ စီးပွားရေးက တိုးတက်ဖို့ အလားအလာတွေ ရှိတယ်။ ဒီနှစ်ထဲမှာ ဆက်သွယ်ရေး၊ ခရီးသွား လုပ်ငန်းနဲ့ ကုန်ထုတ် လုပ်ငန်းတွေမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အမြောက်အမြား ဝင်လာလိမ့်မယ်” ဟု Oxford Business Group မှ အမှုဆောင် အရာရှိချုပ် Mr. Andrew Jeffrey က ပြောကြားသည်။

ကမ္ဘာ့ဘဏ် အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ GDP ၇ ရာခိုင်နှုန်း အထက်တွင် ရှိနေမည်ဟု ခန့်မှန်းထားသည်။

“MIC (မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်) ဘက်ကလည်း ဒီနှစ် GDP ၈ ရာခိုင်နှုန်းနဲ့ ၉ ရာခိုင်နှုန်း ကြားမှာ ရှိမယ်လို့ ခန့်မှန်းထားပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

ဗြိတိန်နိုင်ငံ အခြေစိုက် Oxford Business Group သည် မြန်မာနိုင်ငံ အတွင်း ၁၂ လကြာ သုတေသနပြုပြီး “The Report Myanmar 2014” စီးပွားရေး အစီရင်ခံစာကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment