Saturday 1 March 2014

ရန်ကုန်အရှေ့ပိုင်းကို ရေပေးမည့် လဂွန်းပြင် ရေသန့်စင်စက်ရုံ ၂၀၁၅ အပြီးဆောက်မည်

Photo: ရန်ကုန်အရှေ့ပိုင်းကို ရေပေးမည့် လဂွန်းပြင် ရေသန့်စင်စက်ရုံ ၂၀၁၅ အပြီးဆောက်မည်
Saturday, March 1, 2014

ရန်ကုန် အရှေ့ပိုင်းမြို့နယ်များသို့ ရေဂါလံသန်း ၄၀ ဖြန့်ဝေနိုင်မည့် လဂွန်းပြင် ရေပေးဝေရေး စီမံကိန်း၏ ရေသန့်စင်စက်ရုံ ဆောက်လုပ်မှုကို ၂၀၁၅ ခုနှစ် သြဂုတ်လတွင် အပြီးသတ် ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
“မြေသားညှိတာ၊ ဘိုးပိုင်စိုက်တာတွေနဲ့ ဆောက်လုပ်မှုတွေကတော့ စနေပါပြီ” ဟု ၎င်းကပြောဆိုသည်။

လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းကို ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် အမှတ် (၂) လမ်းမဘေးတွင် ၂၀၁၃ ခုနှစ် ဇူလိုင်လက စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ အချိန်တွင် စီမံကိန်း တစ်ခုလုံး၏ ၁၅ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းစီမံကိန်းမှ ရရှိမည့်ရေများကို ယုဇန ဥယျာဉ်မြို့တော် အပါအဝင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံနှင့် သီလဝါ မြို့နယ်များသို့ ဖြန့်ဝေမည် ဖြစ်ကြောင်း အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) က ထုတ်ပြန်ထားသည်။
“အခုနောက်ပိုင်း ရေမပျက်တာ တော်တော်ကြာပြီ။ ခြောက်လနီးပါးလောက် ရှိနေပြီ။ ရေပမာဏ ထပ်တိုးပေးတာထက် ရေမပျက်ရင် တော်ပါပြီ” ဟု ဒဂုံမြို့သစ် (မြောက်ပိုင်း) တွင် နေထိုင်သူ ဦးအောင်ရဲကျော်က ပြောကြားသည်။

ရန်ကုန်မြို့အတွင်းသို့ တစ်ရက်လျှင် ရေဂါလံသန်း ၁၆၀ ဖြန့်ဝေလျက်ရှိပြီး ၂၀၄၀ ပြည့်နှစ်တွင် လိုအပ်မည့် ရေဂါလန်သန်း ၆၀၀ ခန့် ဖြန့်ဝေနိုင်ရန် တိုးမြစ်နှင့် ကုက္ကိုဝမြစ်ရေတင် ရေပေးစီမံကိန်း များကိုလည်း ဆောင်ရွက်ရန် စီစဉ်လျက် ရှိကြောင်း အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) ထံမှ သိရသည်။

The Voice Weekly
ရန်ကုန် အရှေ့ပိုင်းမြို့နယ်များသို့ ရေဂါလံသန်း ၄၀ ဖြန့်ဝေနိုင်မည့် လဂွန်းပြင် ရေပေးဝေရေး စီမံကိန်း၏ ရေသန့်စင်စက်ရုံ ဆောက်လုပ်မှုကို ၂၀၁၅ ခုနှစ် သြဂုတ်လတွင် အပြီးသတ် ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ “မြေသားညှိတာ၊ ဘိုးပိုင်စိုက်တာတွေနဲ့ ဆောက်လုပ်မှုတွေကတော့ စနေပါပြီ” ဟု ၎င်းကပြောဆိုသည်။


လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းကို ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် အမှတ် (၂) လမ်းမဘေးတွင် ၂၀၁၃ ခုနှစ် ဇူလိုင်လက စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ အချိန်တွင် စီမံကိန်း တစ်ခုလုံး၏ ၁၅ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းစီမံကိန်းမှ ရရှိမည့်ရေများကို ယုဇန ဥယျာဉ်မြို့တော် အပါအဝင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံနှင့် သီလဝါ မြို့နယ်များသို့ ဖြန့်ဝေမည် ဖြစ်ကြောင်း အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) က ထုတ်ပြန်ထားသည်။
“အခုနောက်ပိုင်း ရေမပျက်တာ တော်တော်ကြာပြီ။ ခြောက်လနီးပါးလောက် ရှိနေပြီ။ ရေပမာဏ ထပ်တိုးပေးတာထက် ရေမပျက်ရင် တော်ပါပြီ” ဟု ဒဂုံမြို့သစ် (မြောက်ပိုင်း) တွင် နေထိုင်သူ ဦးအောင်ရဲကျော်က ပြောကြားသည်။

ရန်ကုန်မြို့အတွင်းသို့ တစ်ရက်လျှင် ရေဂါလံသန်း ၁၆၀ ဖြန့်ဝေလျက်ရှိပြီး ၂၀၄၀ ပြည့်နှစ်တွင် လိုအပ်မည့် ရေဂါလန်သန်း ၆၀၀ ခန့် ဖြန့်ဝေနိုင်ရန် တိုးမြစ်နှင့် ကုက္ကိုဝမြစ်ရေတင် ရေပေးစီမံကိန်း များကိုလည်း ဆောင်ရွက်ရန် စီစဉ်လျက် ရှိကြောင်း အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment