Friday 21 February 2014

လယ်ယာမြေတိုင်ကြားမှု ၇၄၅ မှုတွင် မြေဧက ငါးသိန်းကျော်ရှိသည့်အနက် အကြောင်းခိုင်မာ၍ ပြန်မပေးနိုင်သည့် မြေဧက သုံးသိန်းကျော်ရှိကြောင်း အစိုးရကိုယ်စား ပြည်ထဲရေးဒုဝန်ကြီး ကာကွယ်ပြောကြား

Photo: လယ်ယာမြေတိုင်ကြားမှု ၇၄၅ မှုတွင် မြေဧက ငါးသိန်းကျော်ရှိသည့်အနက် အကြောင်းခိုင်မာ၍ ပြန်မပေးနိုင်သည့် မြေဧက သုံးသိန်းကျော်ရှိကြောင်း အစိုးရကိုယ်စား ပြည်ထဲရေးဒုဝန်ကြီး ကာကွယ်ပြောကြား
Friday, February 21, 2014

ပြည်ထောင်စုလွှတ်တော် လယ်ယာမြေ နှင့်အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအပိုင်း ၁၊ ၂၊ ၃ တွင် လယ်ယာမြေတိုင်ကြားမှု ၇၄၅ မှု တွင် မြေဧရိယာဧက ငါးသိန်းကျော်ရှိသည့်အနက် အကြောင်းရင်း ခိုင်မာ၍ စွန့်လွှတ်ခြင်းမပြုနိုင်သည့် မြေဧရိယာ ဧကသုံးသိန်းကျော် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဖေဖော်ဝါရီ ၂၀ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။

အဆိုပါ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအပိုင်း ၁ တွင် အမှု ၅၆၅ မှုတွင် ၃၂၁၅၆၇ ဒသမ ၄၉၈ ဧက၊ အပိုင်း ၂ တွင် ဖော်ပြထားသည့်  ၆၃ မှုတွင် ၅၃၂၁၆ ဒသမ ၀၀၄ ဧက၊ အပိုင်း ၃ ၌ ၁၁၇ မှုတွင် ၁၃၇၄၂၁ ဒသမ ၁၈၉ ဧက စုစုပေါင်းမြေဧရိယာ ၅၁၂၂၀၄ ဒသမ ၇၀၁ ဧကရှိကြောင်း ဒုတိယ၀န်ကြီးက ပြောကြားခဲ့သည်။

ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက “ဒီပြဿနာတွေကို ဖြေရှင်းရာမှာ အထောက်အထား ခိုင်မာစွာရရှိရေးအတွက် ဆောင်ရွက်နေတဲ့အတွက် ကြန့်ကြာနေခြင်းဖြစ်ပါတယ်။ စွန့်လွှတ်မြေတွေကို သက်ဆိုင်သူ လက်ဝယ်ပြန်ပေးဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ နိုင်ငံတော်စီမံကိန်းတွေဖြစ်တဲ့ လမ်းဖောက်တာတွေ၊ တံတားဆောက်တာတွေ၊ စက်ရုံတည်ခြင်း၊ စာသင်ကျောင်း၊ ဆေးရုံတည်ဆောက်တာတွေ၊ တပ်ရင်း တပ်ဖွဲ့များ တည်ဆောက်ခြင်း၊
စိုက်ပျိုးရေး၊ မွေးမြူရေးခြံများ တည်ဆောက်ခြင်းတွေအတွက် ဥပဒေနဲ့အညီ မြေသိမ်းမြေလွှဲခြင်းတွေ ဆောင်ရွက်ပြီးဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ အကြောင်းရင်း ခိုင်မာသည့်အတွက် စွန့်လွှတ်ခြင်းမပြုနိုင်သည့် မြေယာမှု ၃၅၈ မှု၊ ဧရိယာ ၃၃၂၈၉၄ ဒသမ ၇၂၃ ဧက၊ လျော်ကြေးပေးကာ ညှိနှိုင်းပြေလည်သည့်အတွက် မစွန့်လွှတ်သည့် မြေမှုငါးမှု၊ ဧရိယာ ၁၆၉၈ ဒသမ ၉၈ ဧကဖြစ်ကြောင်း၊ အမှုပေါင်း ၃၆၃ မှုတွင် မြေဧရိယာ ၃၃၄၅၉၃ ဒသမ ၇၀၃ ဧက ကို စွန့်လွှတ်ခြင်း မပြုနိုင်ကြောင်း ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံကိန်းများ ဆောင်ရွက်ပြီး ပိုနေသည့်မြေများကို ပြန်လည်ပေးအပ်ရန် စိစစ်ရာတွင် မြေယာ ၅၁ မှု သိမ်းဆည်းမြေဧရိယာ ၇၉၀၂၆ ဒသမ ၆၉ ဧက ရှိသည့်အနက် ဧရိယာ ၃၈၉၅၆ ဒသမ ၀၆ ဧက ပြန်လည်ပေးအပ်မည် ဖြစ်ကြောင်း၊ အဆိုပါမြေများအနက်မှ ၅၈၇၂ ဒသမ ၆၅ ဧကအား သက်ဆိုင်သူများထံ ပေးအပ်ပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် မြေများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားခဲ့သည်။

ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် တိုင်ကြားစာပါ ဧကမှာ ၁၁၀၆ ဧကဖြစ်သော်လည်း တပ်မတော်မှ ပြန်လည်စွန့်လွှတ်ပေးသည့် ဧကမှာ ၁၆၃၇ ဧကဖြစ်ကြောင်း၊ တပ်မတော်မှ ပြန်လည်ပေးအပ်ခဲ့သော်လည်း မြေယာပိုင်ဆိုင်မှု အငြင်းပွားမှုဖြစ်ပွားနေ၍ သက်ဆိုင်သူများထံ ပြန်လည်ပေးအပ်နိုင်ခြင်း မရှိသေးကြောင်း ဆက်လက် ပြောကြားခဲ့သည်။

ပုဂ္ဂလိကမှ သိမ်းယူထားသည့် မြေယာကိစ္စ ၁၃၅ မှုမှ မြေဧရိယာ ၃၈၃၀ ဒသမ ၉၁ ဧကသည် လုပ်ငန်းရှင်များက တည်ဆဲဥပဒေနှင့်အညီ လျှောက်ထားရယူခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကိစ္စများအတွက် တိုင်ကြားသူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ညှိနှိုင်း၍ မရသဖြင့် ဥပဒေကြောင်းအရ ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။

မြေယာကိစ္စ ၇၄၅ မှုအနက် ၂၀၁၄ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်အထိ မြေယာကိစ္စ ၆၈၈ မှုကို စိစစ်ပြီးဖြစ်ကြောင်း၊ စွန့်လွှတ်မြေများအား သက်ဆိုင်သူများ၏ လက်ဝယ်သို့ ပြန်လည်လွှဲပြောင်းနိုင်ရန် ဆောင်ရွက်ဆဲဖြစ်ကြောင်း၊ အကြောင်းရင်း ခိုင်မာ၍မစွန့်သည့် မြေအချို့တွင် မြေယာနစ်နာကြေးနှင့် လျော်ကြေးပေးရန် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင်  ပြည်ထောင်စုငွေစာရင်း၌ တောင်းခံထားဆဲဖြစ်ကြောင်း၊ မူလပိုင်ရှင်များ၏ လက်ဝယ်သို့ မှန်မှန်ကန်ကန် ရောက်ရှိရန် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ဆဲဖြစ်ခြင်းတို့ကြောင့် အချိန်ယူဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့အပြင် ပြည်ထောင်စုလွှတ်တော်က ပြည်ထောင်စုအစိုးရအဖွဲ့သို့ ထပ်မံပေးပို့ထားသည့် တိုင်ကြားစာ ၃၃၈၇ စောင်၊ အစီရင်ခံစာအပိုင်း ၄ တိုင်ကြားစာနှစ်စောင် ကိုလည်း စိစစ်ဆဲဖြစ်ကြောင်း ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားခဲ့သည်။

ကော်မရှင်က နစ်နာသူ တောင်သူများ၏ တိုင်ကြားစာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ၄၂၄၃ စောင်၊ ကာကွယ်ရေးဝန်ကြီးဌာနသို့ ၂၁၉၂ စောင်၊ စုစုပေါင်း ၆၄၃၅ စောင်ပေးပို့သည်ဆိုသော်လည်း ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သည့် ၃၃၈၉ စောင်သာ လက်ခံရရှိကြောင်း၊ တိုက်ရိုက်ပေးပို့သည့်အတွက် ပြည်ထောင်စုအစိုးရက မသိရှိသည့်အတွက် အမြန်ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ဒုတိယ၀န်ကြီးက ပြောကြားခဲ့သည်။

လက်ရှိတွင် တိုင်းဒေသကြီး၊ ပြည်နယ်၊ နေပြည်တော်၊ ခရိုင်နှင့်မြို့နယ်အသီးသီးတွင် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီရုံးများကို ဖွင့်လှစ်ထားကြောင်း၊ ပြန်လည်စွန့်ပစ်သည့် မြေများတွင် တိုင်ကြားထားသည့် မြေများပါဝင်ခြင်း ရှိမရှိစုံစမ်းနိုင်ကြောင်း၊ ပါဝင်ပါက သက်ဆိုင်ရာ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု မြေအသုံးချမှုစီမံခန့်ခွဲရေး ကော်မတီများသို့ ခိုင်လုံသော အထောက်အထားဖြင့် လျှောက်ထားနိုင်ကြောင်း၊ မှန်ကန်ပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်ပေးအပ်သွားမည် ဖြစ်ကြောင်း ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသော လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းဖယ်ရှားမှုနှင့် ပတ်သက်၍ အချို့ကိစ္စရပ်များသည် စာရွက်ပေါ်နှင့် ပကတိအခြေအနေများအပေါ်၌ သက်ဆိုင်ရာ ဒေသဆိုင်ရာ အာဏာပိုင်များအနေဖြင့် လိုရာဆွဲ လုပ်ဆောင်မှုများ ရှိနေကြောင်း၊ ထို့အပြင် လာဘ်ပေးလာဘ်ယူ ပြဿနာများနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့် ပြန့် အရေးယူဆောင်ရွက်ခြင်းများ မရှိ၍ ယခုကဲ့သို့သောပြဿနာများ ပိုမိုဆိုးရွားလာခြင်း ဖြစ်ကြောင်း သုံးသပ်မှုများရှိနေသည်။

တပ်ပိုင်မြေဟုဆိုကာ ဖယ်ရှားခံရသော သမီးကလေးကျေးရွာဒေသခံများက ၎င်းတို့ကျေးရွာသည် ၂၀၁၃ ခုနှစ်မှ ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ လွန်ခဲ့သော နှစ်ပေါင်း ၂၀ မှ ၃၇ နှစ်အတွင်း အခြေချနေထိုင်ခဲ့သော ကျေးရွာဖြစ်သည်ဟု ပြောဆိုကြသည်။
သမီးကလေး ကျေးရွာ၌ရှိသော လဂွမ်းပြင်ရေလှောင်တမံ စီမံကိန်း၏ ကျောက်စာကမ္ပည်း မော်ကွန်းတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၀၀ ပြည့်နှစ်က တည်ဆောက်ပြီးစီးခဲ့သည့် လဂွမ်းပြင်ရေလှောင်တမံ စီမံကိန်းမှာ လှည်းကူးမြို့နယ် သမီးကလေးကျေးရွာအနီး တည်ရှိနေကြောင်း ၂၀၀၀ ပြည့်နှစ် နိုဝင်ဘာ ၂၈ ရက် နေ့စွဲဖြင့် ရေးထိုးဖော်ပြထားသည်။

Eleven Media Group

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း ရှင်းလင်းစဉ်
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း ရှင်းလင်းစဉ်

ပြည်ထောင်စုလွှတ်တော် လယ်ယာမြေ နှင့်အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအပိုင်း ၁၊ ၂၊ ၃ တွင် လယ်ယာမြေတိုင်ကြားမှု ၇၄၅ မှု တွင် မြေဧရိယာဧက ငါးသိန်းကျော်ရှိသည့်အနက် အကြောင်းရင်း ခိုင်မာ၍ စွန့်လွှတ်ခြင်းမပြုနိုင်သည့် မြေဧရိယာ ဧကသုံးသိန်းကျော် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဖေဖော်ဝါရီ ၂၀ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။


အဆိုပါ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအပိုင်း ၁ တွင် အမှု ၅၆၅ မှုတွင် ၃၂၁၅၆၇ ဒသမ ၄၉၈ ဧက၊ အပိုင်း ၂ တွင် ဖော်ပြထားသည့်  ၆၃ မှုတွင် ၅၃၂၁၆ ဒသမ ၀၀၄ ဧက၊ အပိုင်း ၃ ၌ ၁၁၇ မှုတွင် ၁၃၇၄၂၁ ဒသမ ၁၈၉ ဧက စုစုပေါင်းမြေဧရိယာ ၅၁၂၂၀၄ ဒသမ ၇၀၁ ဧကရှိကြောင်း ဒုတိယ၀န်ကြီးက ပြောကြားခဲ့ သည်။

ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက “ဒီပြဿနာတွေကို ဖြေရှင်းရာမှာ အထောက်အထား ခိုင်မာစွာရရှိရေးအတွက် ဆောင်ရွက်နေတဲ့အတွက် ကြန့်ကြာနေခြင်းဖြစ်ပါတယ်။ စွန့်လွှတ်မြေတွေကို သက်ဆိုင်သူ လက်ဝယ်ပြန်ပေးဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ နိုင်ငံတော်စီမံကိန်းတွေဖြစ်တဲ့ လမ်းဖောက် တာတွေ၊ တံတားဆောက်တာတွေ၊ စက်ရုံတည်ခြင်း၊ စာသင်ကျောင်း၊ ဆေးရုံတည်ဆောက်တာတွေ၊ တပ်ရင်း တပ်ဖွဲ့များ တည်ဆောက်ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးခြံများ တည်ဆော က်ခြင်းတွေ အတွက် ဥပဒေနဲ့အညီ မြေသိမ်းမြေလွှဲခြင်းတွေ ဆောင်ရွက်ပြီးဖြစ်ပါတယ်”ဟု ပြောကြားခဲ့ သည်။ အကြောင်းရင်း ခိုင်မာသည့်အတွက် စွန့်လွှတ်ခြင်းမပြုနိုင်သည့် မြေယာမှု ၃၅၈ မှု၊ ဧရိယာ ၃၃၂၈၉၄ ဒသမ ၇၂၃ ဧက၊ လျော်ကြေးပေးကာ ညှိနှိုင်းပြေလည်သည့်အတွက် မစွန့်လွှတ်သည့် မြေမှုငါးမှု၊ ဧရိယာ ၁၆၉၈ ဒသမ ၉၈ ဧကဖြစ်ကြောင်း၊ အမှုပေါင်း ၃၆၃ မှုတွင် မြေဧရိယာ ၃၃၄၅၉၃ ဒသမ ၇၀၃ ဧက ကို စွန့်လွှတ်ခြင်း မပြုနိုင်ကြောင်း ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံကိန်းများ ဆောင်ရွက်ပြီး ပိုနေသည့်မြေများကို ပြန်လည်ပေးအပ်ရန် စိစစ်ရာတွင် မြေယာ ၅၁ မှု သိမ်းဆည်းမြေဧရိယာ ၇၉၀၂၆ ဒသမ ၆၉ ဧက ရှိသည့်အနက် ဧရိယာ ၃၈၉၅၆ ဒသမ ၀၆ ဧက ပြန် လည်ပေးအပ်မည် ဖြစ်ကြောင်း၊ အဆိုပါမြေများအနက်မှ ၅၈၇၂ ဒသမ ၆၅ ဧကအား သက်ဆိုင်သူ များထံ ပေးအပ်ပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် မြေများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ဒုတိယ ၀န်ကြီးက ပြောကြားခဲ့သည်။

ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် တိုင်ကြားစာပါ ဧကမှာ ၁၁၀၆ ဧကဖြစ်သော်လည်း တပ်မတော်မှ ပြန်လည်စွန့်လွှတ်ပေးသည့် ဧကမှာ ၁၆၃၇ ဧကဖြစ်ကြောင်း၊ တပ်မတော်မှ ပြန်လည်ပေးအပ်ခဲ့သော်လည်း မြေယာပိုင်ဆိုင်မှု အငြင်းပွားမှုဖြစ်ပွားနေ၍ သက်ဆိုင်သူများထံ ပြန်လည်ပေးအပ်နိုင်ခြင်း မရှိသေးကြောင်း ဆက်လက် ပြောကြားခဲ့သည်။

ပုဂ္ဂလိကမှ သိမ်းယူထားသည့် မြေယာကိစ္စ ၁၃၅ မှုမှ မြေဧရိယာ ၃၈၃၀ ဒသမ ၉၁ ဧကသည် လုပ်ငန်းရှင် များက တည်ဆဲဥပဒေနှင့်အညီ လျှောက်ထားရယူခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကိစ္စများအတွက် တိုင်ကြားသူ များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ညှိနှိုင်း၍ မရသဖြင့် ဥပဒေကြောင်းအရ ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။

မြေယာကိစ္စ ၇၄၅ မှုအနက် ၂၀၁၄ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်အထိ မြေယာကိစ္စ ၆၈၈ မှုကို စိစစ်ပြီးဖြစ်ကြောင်း၊ စွန့်လွှတ်မြေများအား သက်ဆိုင်သူများ၏ လက်ဝယ်သို့ ပြန်လည်လွှဲပြောင်းနိုင်ရန် ဆောင်ရွက်ဆဲဖြစ်ကြောင်း၊ အကြောင်းရင်း ခိုင်မာ၍မစွန့်သည့် မြေအချို့တွင် မြေယာနစ်နာကြေးနှင့် လျော်ကြေးပေးရန် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင်  ပြည်ထောင်စုငွေစာရင်း၌ တောင်းခံထားဆဲဖြစ်ကြောင်း၊ မူလပိုင်ရှင်များ၏ လက်ဝယ်သို့ မှန်မှန်ကန်ကန် ရောက်ရှိရန် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက် ဆဲဖြစ်ခြင်းတို့ကြောင့် အချိန်ယူဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့အပြင် ပြည်ထောင်စုလွှတ်တော်က ပြည်ထောင်စုအစိုးရအဖွဲ့သို့ ထပ်မံပေးပို့ထားသည့် တိုင်ကြားစာ ၃၃၈၇ စောင်၊ အစီရင်ခံစာအပိုင်း ၄ တိုင်ကြားစာနှစ်စောင် ကိုလည်း စိစစ်ဆဲဖြစ်ကြောင်း ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားခဲ့သည်။

ကော်မရှင်က နစ်နာသူ တောင်သူများ၏ တိုင်ကြားစာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ၄၂၄၃ စောင်၊ ကာကွယ်ရေးဝန်ကြီးဌာနသို့ ၂၁၉၂ စောင်၊ စုစုပေါင်း ၆၄၃၅ စောင်ပေးပို့သည်ဆိုသော်လည်း ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သည့် ၃၃၈၉ စောင်သာ လက်ခံရရှိကြောင်း၊ တိုက်ရိုက်ပေးပို့သည့်အတွက် ပြည်ထောင်စုအစိုးရက မသိရှိသည့်အတွက် အမြန်ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ဒုတိယ ၀န်ကြီးက ပြောကြားခဲ့သည်။

လက်ရှိတွင် တိုင်းဒေသကြီး၊ ပြည်နယ်၊ နေပြည်တော်၊ ခရိုင်နှင့်မြို့နယ်အသီးသီးတွင် မြေအသုံးချမှု စီမံခန့် ခွဲရေးကော်မတီရုံးများကို ဖွင့်လှစ်ထားကြောင်း၊ ပြန်လည်စွန့်ပစ်သည့် မြေများတွင် တိုင်ကြားထားသည့် မြေများပါဝင်ခြင်း ရှိမရှိစုံစမ်းနိုင်ကြောင်း၊ ပါဝင်ပါက သက်ဆိုင်ရာ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု မြေအသုံးချမှုစီမံခန့်ခွဲရေး ကော်မတီများသို့ ခိုင်လုံသော အထောက်အထားဖြင့် လျှောက်ထားနိုင်ကြောင်း၊ မှန်ကန်ပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်ပေးအပ်သွားမည် ဖြစ်ကြောင်း ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသော လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းဖယ်ရှားမှုနှင့် ပတ်သက်၍ အချို့ကိစ္စ ရပ်များသည် စာရွက်ပေါ်နှင့် ပကတိအခြေအနေများအပေါ်၌ သက်ဆိုင်ရာ ဒေသဆိုင်ရာ အာဏာပိုင်များ အနေဖြင့် လိုရာဆွဲ လုပ်ဆောင်မှုများ ရှိနေကြောင်း၊ ထို့အပြင် လာဘ်ပေးလာဘ်ယူ ပြဿနာများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့် ပြန့် အရေးယူဆောင်ရွက်ခြင်းများမရှိ၍ ယခုကဲ့သို့သောပြဿနာများ ပိုမို ဆိုးရွားလာခြင်း ဖြစ်ကြောင်း သုံးသပ်မှုများရှိနေသည်။

တပ်ပိုင်မြေဟုဆိုကာ ဖယ်ရှားခံရသော သမီးကလေးကျေးရွာဒေသခံများက ၎င်းတို့ကျေးရွာသည် ၂၀၁၃ ခုနှစ်မှ ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ လွန်ခဲ့သော နှစ်ပေါင်း ၂၀ မှ ၃၇ နှစ်အတွင်း အခြေချနေထိုင်ခဲ့သော ကျေးရွာဖြစ်သည်ဟု ပြောဆိုကြသည်။

သမီးကလေး ကျေးရွာ၌ရှိသော လဂွမ်းပြင်ရေလှောင်တမံ စီမံကိန်း၏ ကျောက်စာကမ္ပည်း မော်ကွန်းတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၀၀ ပြည့်နှစ်က တည်ဆောက်ပြီးစီး ခဲ့သည့် လဂွမ်းပြင်ရေလှောင်တမံ စီမံကိန်းမှာ လှည်းကူးမြို့နယ် သမီးကလေးကျေးရွာအနီး တည်ရှိနေကြောင်း ၂၀၀၀ ပြည့်နှစ် နိုဝင်ဘာ ၂၈ ရက် နေ့စွဲဖြင့် ရေးထိုးဖော်ပြထားသည်။

Eleven Media Group

No comments:

Post a Comment