Friday 21 February 2014

မြန်မာ့လုံထိန်း ၁၄၀၀ ကျော်ကို အဓိကရုဏ်း ကိုင်တွယ်ဖြေရှင်းနည်း ပို့ချပြီးဟု အီးယူသံအမတ်ကြီးဆို

Photo: မြန်မာ့လုံထိန်း ၁၄၀၀ ကျော်ကို အဓိကရုဏ်း ကိုင်တွယ်ဖြေရှင်းနည်း ပို့ချပြီးဟု အီးယူသံအမတ်ကြီးဆို
Friday, February 21, 2014

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အဆင့်မြှင့်တင်ရန်အတွက် ဥရောပသမဂ္ဂ၏ အစီအစဉ်ဖြင့် မြန်မာ့လုံထိန်း ၁၄၁၉ ဦးကို အဓိကရုဏ်း ကိုင်တွယ် ဖြေရှင်းနည်း သင်တန်းပို့ချပေးခဲ့ပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံမတ်ကြီး မစ္စတာ ရိုလန်ကိုဘီယာက ပြောကြားသည်။

မြန်မာ့ရဲတပ်ဖွဲ့ကို ဥရောပသမဂ္ဂ၏ သင်တန်းများ ပို့ချခြင်း အစီအစဉ်များနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က မင်္ဂလာဒုံမြို့နယ် လေ့ကျင့်ရေးကွင်း အမှတ် (၈) တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သံအမတ်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စီမံကိန်းအရ ဥရောပသမဂ္ဂက မြန်မာ့ရဲတပ်ဖွဲ့ကို လူ့အခွင့်အရေး လေးစားလိုက်နာ၍ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ လူထုအခြေခံ ယုံကြည်စိတ်ချရသော ရဲတပ်ဖွဲ့အဖြစ် ရပ်တည်နိုင်စေရန် ရည်ရွယ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး မစ္စတာရိုလန် ကိုဘီယာက ဆိုသည်။

မြန်မာအစိုးရ၏ တောင်းဆိုချက်အရ ၂၀၁၃ ခုနှစ် စက်တင်ဘာလမှ စတင်ခဲ့သော အဓိကရုဏ်း ကိုင်တွယ်ဖြေရှင်းနည်း သင်တန်းကို ဥရောပသမဂ္ဂ နိုင်ငံများမှ အတွေ့အကြုံရှိ ဝါရင့် ရဲအရာရှိကြီးများက နိုင်ငံတကာ အဆင့်မီ နည်းစနစ်များဖြင့် ပို့ချပေးနေခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

အထူးသဖြင့် ဆန္ဒပြပြည်သူများ၊ ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင် ပဋိပက္ခများ၊ အဓိကရုဏ်းများကို ဖြေရှင်း ထိန်းသိမ်းရာတွင် အင်အားသုံး နှိမ်နှင်းမှုများ မပြုလုပ်ရန်၊ ဒီမိုကရေစီ စံနှုန်းများအညီ ဖြေရှင်းနိုင်ရန်အတွက် မြန်မာ့ရဲတပ်ဖွဲ့ကို ယခုကဲ့သို့ ဥရောပသမဂ္ဂ နိုင်ငံများမှ ကျွမ်းကျင် ရဲအရာရှိများက သင်တန်းများ ပို့ချပေးခြင်း ဖြစ်ကြောင်း သံအမတ်ကြီးက ရှင်းပြသည်။ 

“လက်ပံတောင်းနဲ့ မိတ္ထီလာမြို့နယ်တွေမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ပဋိပက္ခ ကိုင်တွယ်ဖြေရှင်းမှု နည်းလမ်းတွေ ပြောင်းလဲဖို့ လိုနေပြီဆိုတာ သက်သေပြလိုက်တာပဲ” ဟု ၎င်းကဆိုသည်။ 

ဥရောပသမဂ္ဂက မြန်မာ့ရဲတပ်ဖွဲ့ အဆင့်မြှင့်တင်ရေးအတွက် ၁၈ လ (၂၀၁၃ ခုနှစ် စက်တင်ဘာလမှ ၂၀၁၅ ခုနှစ် မတ်လအထိ) ကြာမြင့်မည့် စီမံကိန်းတစ်ရပ် ရေးဆွဲခဲ့ပြီး ယင်းစီမံကိန်းအတွက် ဥရောပ သမဂ္ဂက ယူရိုငွေ ၁၀ သန်း (မြန်မာကျပ်ငွေ ၁၃ ဒသမ၂ ဘီလီယံ) ထောက်ပံ့ သွားမည် ဖြစ်ကြောင်း သံအမတ်ကြီးက ဆိုသည်။

အဆိုပါ စီမံကိန်းတွင် အစီအစဉ်သုံးခု ပါဝင်၍ ပထမဦးဆုံး အစီအစဉ်မှာ လူထုအခြေပြု ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ် ဖြစ်ပြီး မြန်မာ့ရဲတပ်ဖွဲ့မှ ရဲအရာရှိ အချို့ကို ရွေးချယ်၍ ရဲတပ်ဖွဲ့နှင့် ပြည်သူ လူထု၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ ရင်းနှီးမှု တည်ဆောက်ရန်နှင့် ပူးပေါင်း ဆောင်ရွက်မှုများ ရရှိစေရန်အတွက် သင်တန်းပို့ချခြင်း ဖြစ်သည်။

ဒုတိယ အစီအစဉ်မှာ အဓိကရုဏ်း ဖြေရှင်းနည်း သင်တန်းဖြစ်ပြီး စီမံကိန်း ကာလအတွင်း မြန်မာလုံထိန်း ၄၀၀၀ ကို သင်တန်းများ ပို့ချရန် ရည်ရွယ်ထားကြောင်း၊ တတိယ အစီအစဉ်မှာ ဒီမိုကရေစီစနစ် တစ်ခုတွင် အံဝင်ခွင်ကျ ဖြစ်စေမည့် အပြည့်အဝ တာဝန်ယူနိုင်စွမ်းရှိသည့် ခေတ်မီ ကျွမ်းကျင် ရဲတပ်ဖွဲ့တစ်ခု ဖြစ်တည် လာစေရေးအတွက် အဆင့်မြင့် သင်တန်းများ ပို့ချမည် အစီအစဉ် ဖြစ်ကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

The Voice Weekly
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အဆင့်မြှင့်တင်ရန်အတွက် ဥရောပသမဂ္ဂ၏ အစီအစဉ်ဖြင့် မြန်မာ့လုံထိန်း ၁၄၁၉ ဦးကို အဓိကရုဏ်း ကိုင်တွယ် ဖြေရှင်းနည်း သင်တန်းပို့ချပေးခဲ့ပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံမတ်ကြီး မစ္စတာ ရိုလန်ကိုဘီယာက ပြောကြားသည်။

မြန်မာ့ရဲတပ်ဖွဲ့ကို ဥရောပသမဂ္ဂ၏ သင်တန်းများ ပို့ချခြင်း အစီအစဉ်များနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က မင်္ဂလာဒုံမြို့နယ် လေ့ကျင့်ရေးကွင်း အမှတ် (၈) တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင် သံအမတ်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စီမံကိန်းအရ ဥရောပသမဂ္ဂက မြန်မာ့ရဲတပ်ဖွဲ့ကို လူ့အခွင့်အရေး လေးစားလိုက်နာ၍ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ လူထုအခြေခံ ယုံကြည်စိတ်ချရသော ရဲတပ်ဖွဲ့အဖြစ် ရပ်တည်နိုင်စေရန် ရည် ရွယ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး မစ္စတာရိုလန် ကိုဘီယာက ဆိုသည်။

မြန်မာအစိုးရ၏ တောင်းဆိုချက်အရ ၂၀၁၃ ခုနှစ် စက်တင်ဘာလမှ စတင်ခဲ့သော အဓိကရုဏ်း ကိုင် တွယ်ဖြေရှင်းနည်း သင်တန်းကို ဥရောပသမဂ္ဂ နိုင်ငံများမှ အတွေ့အကြုံရှိ ဝါရင့် ရဲအရာရှိကြီးများက နိုင်ငံ တကာ အဆင့်မီ နည်းစနစ်များဖြင့် ပို့ချပေးနေခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

အထူးသဖြင့် ဆန္ဒပြပြည်သူများ၊ ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင် ပဋိပက္ခများ၊ အဓိကရုဏ်းများကို ဖြေရှင်း ထိန်းသိမ်းရာတွင် အင်အားသုံး နှိမ်နှင်းမှုများ မပြုလုပ်ရန်၊ ဒီမိုကရေစီ စံနှုန်းများအညီ ဖြေ ရှင်းနိုင်ရန် အတွက် မြန်မာ့ရဲတပ်ဖွဲ့ကို ယခုကဲ့သို့ ဥရောပသမဂ္ဂ နိုင်ငံများမှ ကျွမ်းကျင် ရဲအရာရှိများက သင် တန်းများ ပို့ချပေးခြင်း ဖြစ်ကြောင်း သံအမတ်ကြီးက ရှင်းပြသည်။ 

“လက်ပံတောင်းနဲ့ မိတ္ထီလာမြို့နယ်တွေမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ပဋိပက္ခ ကိုင်တွယ်ဖြေရှင်းမှု နည်းလမ်းတွေ ပြောင်းလဲဖို့ လိုနေပြီဆိုတာ သက်သေပြလိုက် တာပဲ” ဟု ၎င်းကဆိုသည်။ 

ဥရောပသမဂ္ဂက မြန်မာ့ရဲတပ်ဖွဲ့ အဆင့်မြှင့်တင်ရေးအတွက် ၁၈ လ(၂၀၁၃ ခုနှစ် စက်တင်ဘာလမှ ၂၀၁၅ ခုနှစ် မတ်လအထိ) ကြာမြင့်မည့် စီမံကိန်းတစ်ရပ် ရေးဆွဲခဲ့ပြီး ယင်းစီမံကိန်းအတွက် ဥရောပ သမဂ္ဂက ယူရိုငွေ ၁၀ သန်း (မြန်မာကျပ်ငွေ ၁၃ ဒသမ၂ ဘီလီယံ) ထောက်ပံ့သွားမည် ဖြစ်ကြောင်း သံအမတ်ကြီး က ဆိုသည်။

အဆိုပါ စီမံကိန်းတွင် အစီအစဉ်သုံးခု ပါဝင်၍ ပထမဦးဆုံး အစီအစဉ်မှာ လူထုအခြေပြု ပူးပေါင်း ဆောင် ရွက်ရေး အစီအစဉ် ဖြစ်ပြီး မြန်မာ့ရဲတပ်ဖွဲ့မှ ရဲအရာရှိ အချို့ကို ရွေးချယ်၍ ရဲတပ်ဖွဲ့နှင့် ပြည်သူ လူထု၊ အရပ် ဘက် လူ့အဖွဲ့အစည်းများ ရင်းနှီးမှု တည်ဆောက်ရန်နှင့် ပူးပေါင်း ဆောင်ရွက်မှုများ ရရှိစေရန် အတွက် သင်တန်းပို့ချခြင်း ဖြစ်သည်။

ဒုတိယ အစီအစဉ်မှာ အဓိကရုဏ်း ဖြေရှင်းနည်း သင်တန်းဖြစ်ပြီး စီမံကိန်း ကာလအတွင်း မြန်မာလုံထိန်း ၄၀၀၀ ကို သင်တန်းများ ပို့ချရန် ရည်ရွယ်ထားကြောင်း၊ တတိယ အစီအစဉ်မှာ ဒီမိုကရေစီစနစ် တစ်ခုတွင် အံဝင်ခွင်ကျ ဖြစ်စေမည့် အပြည့်အဝ တာဝန်ယူနိုင်စွမ်းရှိသည့် ခေတ်မီ ကျွမ်းကျင် ရဲတပ်ဖွဲ့တစ်ခု ဖြစ်တည် လာစေရေးအတွက် အဆင့်မြင့် သင်တန်းများ ပို့ချမည် အစီအစဉ် ဖြစ်ကြောင်း သံအမတ်ကြီးက ရှင်းပြသည်။

The Voice Weekly

No comments:

Post a Comment