Friday 21 February 2014

အစီရင်ခံစာပါ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းထားမှုနှင့် ပတ်သက်၍ အုပ်ချုပ်ရေးအဖွဲ့က ပွင့်လင်းမြင်သာစွာဖြင့် ယခုနှစ် ဇွန်နှင့်စက်တင်ဘာ နောက်ဆုံးထား ဖြေရှင်းပေးရန် ပြည်ထောင်စုလွှတ်တော် တိုက်တွန်း

Photo: အစီရင်ခံစာပါ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းထားမှုနှင့် ပတ်သက်၍ အုပ်ချုပ်ရေးအဖွဲ့က ပွင့်လင်းမြင်သာစွာဖြင့် ယခုနှစ် ဇွန်နှင့်စက်တင်ဘာ နောက်ဆုံးထား ဖြေရှင်းပေးရန် ပြည်ထောင်စုလွှတ်တော် တိုက်တွန်း
Friday, February 21, 2014

ပြည်ထောင်စုလွှတ်တော် လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအပိုင်း ၁၊ ၂၊ ၃ ပါ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းမှုများနှင့်ပတ်သက်၍ မိုးသီးနှံစိုက်မြေများကို ယခုနှစ် ဇွန်လကုန်မတိုင်မီ၊ ဆောင်းသီးနှံစိုက်မြေများကို ယခုနှစ် စက်တင်ဘာလမတိုင်မီ ပွင့်လင်းမြင်သာစွာ အပြီးသတ်ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့အား လွှတ်တော်က တိုက်တွန်းခဲ့သည်။

ဖေဖော်ဝါရီ ၂၀ ရက်က ပြည်ထောင်စုလွှတ်တော်တွင် “ကော်မရှင်၏ အစီရင်ခံစာ အပိုင်း ၁၊ ၂၊ ၃ အပေါ် အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်မှ ဖြေရှင်းဆောင်ရွက်မှုများနှင့် ပွင့်လင်းမြင်သာစွာဖြင့် မိုးသီးနှံများကို ၂၀၁၄ ဇွန်လကုန်မတိုင်မီ၊ ဆောင်းသီးနှံများကို  ၂၀၁၄ စက်တင်ဘာလကုန်မတိုင်မီ ပြီးပြတ်အောင် ဆောင်ရွက်ပေးရေး”အဆိုအား အတည်ပြုခဲ့ပြီး တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

လယ်ယာမြေသိမ်းဆည်းခြင်းနှင့် ပတ်သက်၍ တပ်မတော်၊ တပ်ရင်းတပ်ဖွဲ့များ တိုးချဲ့ဖွဲ့စည်းရာတွင် တပ်မြေအဖြစ် သိမ်းဆည်းခြင်းနှင့် စပ်လျဉ်း၍ အစီရင်ခံစာအပိုင်း ၁ အဖြစ်လည်းကောင်း၊ မြို့ပြများ တိုးချဲ့တည်ဆောက်ခြင်းနှင့် စက်မှုဇုန်များ တည်ဆောက်ခြင်းအတွက် သိမ်းဆည်းခြင်းနှင့် စပ်လျဉ်း၍ အစီရင်ခံစာ အပိုင်း ၂ အဖြစ်လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးစီမံကိန်းများ ဆောင်ရွက်ရန် ပုဂ္ဂလိကကုမ္ပဏီများသို့ မြေနေရာချထားပေးခြင်းနှင့် နိုင်ငံတော်စီမံကိန်းများအတွက် သိမ်းဆည်းခြင်းနှင့် စပ်လျဉ်း၍ အပိုင်း ၃ အဖြစ် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီး အတည်ပြုခဲ့ပြီး ဖြစ်ကြောင်း၊ သို့ရာတွင် ယနေ့အချိန်အထိ အကြံပြုချက်များအား ဖြေရှင်းဆောင်ရွက်မှုမရှိခြင်း၊ အသုံးမလို၍ မူလပိုင်ရှင်များသို့ ပြန်လည်လွှဲပြောင်းပြီးဟု ဆိုသော်လည်း အမှန်တကယ် လက်ဝယ်သို့ မရောက်ရှိခြင်းများ ရှိနေကြောင်း၊ မြေပြန်လည်ရရှိပါက စိုက်ပျိုးရာသီအမီ စိုက်ပျိုးရန် တောင်သူများ မျှော်လင့်လျက်ရှိကြောင်း မိုင်းပြင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကော်မရှင်အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်က အဆိုတင်သွင်းစဉ် ပြောကြားသည်။ ကော်မရှင်၏ အစီရင်ခံစာ အပိုင်း ၁၊ ၂၊ ၃ တွင် မြေယာသိမ်းဆည်းမှုကြောင့် တိုင်ကြားမှု ၇၄၅ မှု၊ မြေဧက ၅၁၂၂၀၄ ဒသမ ၇၀၄ ဧက ပါဝင်ကြောင်း သိရသည်။

အဆိုပါမြေယာသိမ်းဆည်းမှုများသည် နှစ် ၅၀ အတွင်းက ဖြစ်ပွားခဲ့သော ဖြစ်ရပ်များဖြစ်ကြောင်း၊ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ဒုသမ္မတဦးဥာဏ်ထွန်း ခေါင်းဆောင်သော မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီက ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်းကို ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲ အခြေအနေများနှင့် ပြန်လည်ရှင်းလင်းတင်ပြခဲ့သည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “နိုင်ငံ့အကြီးအကဲက ပြောပါတယ်။ မိဘပြည်သူ၊ ပြည်သူ့ဗဟိုပြုပြီး ဆောင်ရွက်မယ်။ ဆောင်ရွက်မယ်ဆိုတဲ့ နေရာမှာ နိုင်ငံ့အကြီးအကဲရဲ့ စေတနာ။ အဲဒီစေတနာတွေကို အကောင်အထည်ဖော်ပေးချင်တယ်ဆိုရင်  တာဝန်ရှိတဲ့ အဖွဲ့အစည်းအသီးသီးက  တာဝန်ကျေအောင် ဆောင်ရွက်ဖို့လိုပါတယ်။ အဲဒီနေရာမှာ အချိန်ဆိုတဲ့ သတ်မှတ်ချက်က အင်မတန်အရေးကြီးပါတယ်။ ဒီအဆိုနဲ့ ဒီကိစ္စတွေဟာ လွှတ်တော်သက်တမ်း တစ်နှစ် မပြည့်တပြည့်မှာ စပြီးပေါ်ခဲ့တဲ့ကိစ္စ။ ခု လွှတ်တော်သက်တမ်း သုံးနှစ်ရှိပြီ။ နောက်နှစ်နှစ် မကျန်တော့ပါဘူး။ ဒီကာလအတွင်းမှာ ပြည်သူ့အစိုးရ (လွှတ်တော်၊ အုပ်ချုပ်ရေး၊ တရားရေး)က မဆောင်ရွက်ပေးနိုင်ဘူးဆိုရင် ပြည်သူ့ကိုယ်စား ဖြစ်ပါ့မလား၊ ပြည်သူ့အစိုးရ ဖြစ်ပါ့မလား။ ဒီကိစ္စကို မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် တိတိကျကျမဆောင်ရွက်ပေးနိုင်ဘူးဆိုရင် ကျွန်တော်တို့အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းမှာ ရှိတဲ့သူတွေ၊ တရားရေးအဖွဲ့အစည်းတွေရဲ့ အပေါ် ပြည်သူတွေရဲ့ယုံကြည်မှု ဘယ်လိုရှိမလဲဆိုတာ စဉ်းစားကြည့်လို့ ရပါတယ်။ မိမိတို့ ဆောင်ရွက်ချက်တွေဟာ ပွင့်လင်းမြင်သာမှုရှိဖို့လိုပါတယ်။ တာဝန်ခံ တာဝန်ယူမှုရှိဖို့ လိုပါတယ်”ဟု ပြောကြားသည်။

အစိုးရတာဝန်ရှိသူများအနေဖြင့် ပြည်သူအား အမှန်တကယ်ဗဟိုပြုခြင်း၊ လေးစားခြင်း၊ တန်ဖိုးထားခြင်းရှိပါက ယခုကိစ္စအား စေတနာကောင်းထားကာ ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လည်း နာယကက ဆက်လက်ပြောကြားသည်။ ထိုသို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သော တိုက်တွန်းကြောင်းအဆိုကို ပြည်ထောင်စုအစိုးရက အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်အစီရင်ခံရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၂၈  အရ သိရသည်။

Eleven Media Group

ဖေဖော်ဝါရီ ၂၀ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်း အဝေးကို တွေ့ရစဉ်
ဖေဖော်ဝါရီ ၂၀ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်း အဝေးကို တွေ့ရစဉ်

ပြည်ထောင်စုလွှတ်တော် လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအပိုင်း ၁၊ ၂၊ ၃ ပါ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းမှုများနှင့်ပတ်သက်၍ မိုးသီးနှံစိုက်မြေများကို ယခုနှစ် ဇွန်လကုန်မတိုင်မီ၊ ဆောင်းသီးနှံစိုက်မြေ များကို ယခုနှစ် စက်တင်ဘာလမတိုင်မီ ပွင့်လင်းမြင်သာစွာ အပြီးသတ်ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရအဖွဲ့အား လွှတ်တော်က တိုက်တွန်းခဲ့သည်။


ဖေဖော်ဝါရီ ၂၀ ရက်က ပြည်ထောင်စုလွှတ်တော်တွင် “ကော်မရှင်၏ အစီရင်ခံစာ အပိုင်း ၁၊ ၂၊ ၃ အပေါ် အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်မှ ဖြေရှင်းဆောင်ရွက်မှုများနှင့် ပွင့်လင်းမြင်သာစွာဖြင့် မိုးသီးနှံများကို ၂၀၁၄ ဇွန်လကုန်မတိုင်မီ၊ ဆောင်းသီးနှံများကို  ၂၀၁၄ စက်တင်ဘာလကုန်မတိုင်မီ ပြီးပြတ်အောင် ဆောင်ရွက်ပေးရေး”အဆိုအား အတည်ပြုခဲ့ပြီး တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

လယ်ယာမြေသိမ်းဆည်းခြင်းနှင့် ပတ်သက်၍ တပ်မတော်၊ တပ်ရင်းတပ်ဖွဲ့များ တိုးချဲ့ဖွဲ့စည်းရာတွင် တပ်မြေအဖြစ်သိမ်းဆည်းခြင်းနှင့် စပ်လျဉ်း၍ အစီရင်ခံစာအပိုင်း ၁ အဖြစ်လည်းကောင်း၊ မြို့ပြများ တိုးချဲ့ တည်ဆောက်ခြင်းနှင့် စက်မှုဇုန်များ တည်ဆောက်ခြင်းအတွက် သိမ်းဆည်းခြင်းနှင့် စပ်လျဉ်း၍ အစီရင် ခံစာ အပိုင်း ၂ အဖြစ်လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးစီမံကိန်းများ ဆောင်ရွက်ရန် ပုဂ္ဂလိကကုမ္ပဏီ များသို့ မြေနေရာချထားပေးခြင်းနှင့် နိုင်ငံတော်စီမံကိန်းများအတွက် သိမ်းဆည်းခြင်းနှင့် စပ်လျဉ်း၍ အပိုင်း ၃ အဖြစ် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီး အတည်ပြုခဲ့ပြီး ဖြစ်ကြောင်း၊ သို့ရာတွင် ယနေ့အချိန် အထိ အကြံပြုချက်များအား ဖြေရှင်းဆောင်ရွက်မှုမရှိခြင်း၊ အသုံးမလို၍ မူလပိုင်ရှင်များသို့ ပြန်လည် လွှဲပြောင်း ပြီးဟု ဆိုသော်လည်း အမှန်တကယ် လက်ဝယ်သို့ မရောက်ရှိခြင်းများ ရှိနေကြောင်း၊ မြေပြန်လည် ရရှိပါက စိုက်ပျိုးရာသီအမီ စိုက်ပျိုးရန် တောင်သူများ မျှော်လင့်လျက်ရှိကြောင်း မိုင်းပြင်းမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကော်မရှင်အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်က အဆိုတင်သွင်းစဉ် ပြောကြား သည်။ ကော်မရှင်၏ အစီရင်ခံစာ အပိုင်း ၁၊ ၂၊ ၃ တွင် မြေယာသိမ်းဆည်းမှုကြောင့် တိုင်ကြားမှု ၇၄၅ မှု၊ မြေဧက ၅၁၂၂၀၄ ဒသမ ၇၀၄ ဧက ပါဝင်ကြောင်း သိရသည်။

အဆိုပါမြေယာသိမ်းဆည်းမှုများသည် နှစ် ၅၀ အတွင်းက ဖြစ်ပွားခဲ့သော ဖြစ်ရပ်များဖြစ်ကြောင်း၊ တည်ဆဲ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ဒုသမ္မတဦးဥာဏ်ထွန်း ခေါင်းဆောင်သော မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီက ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်းကို ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲ အခြေအနေများနှင့် ပြန်လည် ရှင်းလင်း တင်ပြခဲ့သည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “နိုင်ငံ့အကြီးအကဲက ပြောပါတယ်။ မိဘပြည်သူ၊ ပြည်သူ့ဗဟိုပြုပြီး ဆောင်ရွက်မယ်။ ဆောင်ရွက်မယ်ဆိုတဲ့ နေရာမှာ နိုင်ငံ့အကြီးအကဲရဲ့ စေတနာ။ အဲဒီစေတနာတွေကို အကောင်အထည်ဖော်ပေးချင်တယ်ဆိုရင်  တာဝန်ရှိတဲ့ အဖွဲ့အစည်းအသီးသီးက  တာဝန်ကျေအောင် ဆောင်ရွက်ဖို့လိုပါတယ်။ အဲဒီနေရာမှာ အချိန်ဆိုတဲ့ သတ်မှတ်ချက်က အင်မတန် အရေးကြီးပါတယ်။ ဒီအဆိုနဲ့ ဒီကိစ္စတွေဟာ လွှတ်တော်သက်တမ်း တစ်နှစ် မပြည့်တပြည့်မှာ စပြီးပေါ်ခဲ့တဲ့ကိစ္စ။ ခု လွှတ်တော်သက်တမ်း သုံးနှစ်ရှိပြီ။ နောက်နှစ်နှစ် မကျန်တော့ပါဘူး။ ဒီကာလအတွင်းမှာ ပြည်သူ့အစိုးရ (လွှတ်တော်၊ အုပ်ချုပ်ရေး၊ တရားရေး)က မဆောင်ရွက်ပေးနိုင်ဘူးဆိုရင် ပြည်သူ့ကိုယ်စား ဖြစ်ပါ့မလား၊ ပြည်သူ့အစိုးရ ဖြစ်ပါ့မလား။ ဒီကိစ္စကို မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် တိတိကျကျမဆောင်ရွက်ပေးနိုင်ဘူးဆိုရင် ကျွန်တော်တို့အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းမှာ ရှိတဲ့သူတွေ၊ တရားရေးအဖွဲ့အစည်းတွေရဲ့ အပေါ် ပြည်သူတွေရဲ့ယုံကြည်မှု ဘယ်လိုရှိမလဲဆိုတာ စဉ်းစားကြည့်လို့ ရပါတယ်။ မိမိတို့ ဆောင်ရွက်ချက်တွေဟာ ပွင့်လင်းမြင်သာမှုရှိဖို့လို ပါတယ်။ တာဝန်ခံ တာဝန်ယူမှုရှိဖို့ လိုပါတယ်”ဟု ပြောကြားသည်။

အစိုးရတာဝန်ရှိသူများအနေဖြင့် ပြည်သူအား အမှန်တကယ်ဗဟိုပြုခြင်း၊ လေးစားခြင်း၊ တန်ဖိုးထားခြင်း ရှိပါက ယခုကိစ္စအား စေတနာကောင်းထားကာ ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လည်း နာယကက ဆက် လက်ပြောကြားသည်။ ထိုသို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သော တိုက်တွန်းကြောင်း အဆိုကို ပြည်ထောင်စုအစိုးရက အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်အစီရင်ခံရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၂၈  အရ သိရသည်။

Eleven Media Group

No comments:

Post a Comment