Friday 21 February 2014

မလေးရှားနိုင်ငံသား သုံးဦးနှင့် စစ်တွေ ဒေသခံများ ရုန်းရင်း ဆန်ခတ်ဖြစ်

ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အနီးတွင် တည်ရှိသော မြတည်းခိုရိပ်သာတွင် တည်းခိုနေသည့် မလေးရှား နိုင်ငံ သားသုံးဦးအနက် နှစ်ဦးသည်ဘင်္ဂါလီများ နေထိုင်သည့် အောင်မင်္ဂလာ (အင်ဘာလာ)ရပ်ကွက်သို့ ဝင်ထွက်မှုများ ပြုလုပ်ခဲ့ သဖြင့် ၎င်းတို့ကိုစစ်ဆေးရန် မြို့ခံ၁၀၀ဝန်းကျော်က လူစုလူဝေးဖြင့် တောင်းဆိုမှု ဖေဖော်ဝါရီ ၂၀ ရက်ည ၆နာရီမှ ၁၁ နာရီကျော် အထိ ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရှိရသည်။


အဆိုပါ မလေးရှားနိုင်ငံသား သုံးဦးအနက် နှစ်ဦးသည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညလေးနာရီခန့်တွင် အင်ဘာလာ ရပ်ကွက်သို့ ဝင်သွားသည်ကို ဝင်သွားခဲ့ပြီး ညခြောက်နာရီ သုံးဆယ် မိနစ်ခန့်တွင် ပြန်ထွက်လာကြောင်း၊ ယင်းလုပ်ရပ်သည် မလေးရှားနိုင်ငံ တွင် ရခိုင်ပါတီခေါင်းဆောင်များ လုပ်ကြံခံရမှုနှင့် ဆက်စပ်မှု ရှိနိုင်သည်ဟု သံသယဖြစ်ပွားကာ လူစုလူဝေးဖြင့် တေင်းဆိုသည် အထိ ဖြစ်ပွားသွားခြင်းဖြစ်ကြောင်း စစ်တွေမြို့ မြို့မိမြို့ဖတစ်ဦးက ပြောကြားသည်။

မလေးရှားနိုင်ငံသားများကိုထုတ်ပေးရန်လူစုလူဝေးဖြင့် တောင်းဆိုနေသည်မှာ မှန်ကန်သော်လည်း ဖြစ်စဉ်အသေးစိတ်ကို သိရှိရန် မလေးရှား နိုင်ငံသားများကို လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊စည်ပင်သာယာ ကော်မတီ၊ ရဲတပ်ဖွဲ့တို့က ပူးပေါင်း စစ်ဆေးနေကြောင်း စစ်တွေမြို့နယ် မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment