Friday 14 February 2014

ဂျာမန်စီးပွားရေး လုပ်ငန်းရှင်များ မြဂျာမနီသမ္မတ ခရီးစဉ်အတွင်း ဂျာမနီနိုင်ငံ ကုန်သွယ်စက်မှုအသင်း ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ပွဲ အခမ်းအနားကို တွေ့မြင်ရစဉ်န်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် စိတ်ထက်သန်မှုရှိသော်လည်း ရင်းနှီးမြှုပ်နှံမှုဥပဒေ အပြောင်းအလဲ ဖြစ်မည်ကို စိုးရိမ်လျက်ရှိ

ဂျာမနီသမ္မတ ခရီးစဉ်အတွင်း ဂျာမနီနိုင်ငံ ကုန်သွယ်စက်မှုအသင်း ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ပွဲ အခမ်းအနားကို တွေ့မြင်ရစဉ်
ဂျာမန်စီးပွားရေး လုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် စိတ်အားထက်သန်မှု ရှိသော်လည်း လက်ရှိပြဋ္ဌာန်းထားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအပြောင်းအလဲ ဖြစ်မည်ကို တွေးတောပူပန်မှုများ ရှိနေကြောင်း၊ သမ္မတ၏ ခရီးစဉ်နှင့်အတူ လိုက်ပါလာသော ဂျာမန်စီးပွားရေး လုပ်ငန်းရှင်အချို့က ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှရရှိသော သိရသည်။


“ဂျာမန်စီးပွားရေး လုပ်ငန်းရှင်တွေက ဒီမှာရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ စိတ်ဝင်စားပေမဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုဥပဒေ အပြောင်းအလဲ ဖြစ်မှာကိုလည်း သူတို့က စိုးရိမ်နေကြတယ်”ဟု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်က ပြောကြား သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှရရှိသော သတင်းများအရ လက်ရှိအချိန်တွင် မြန်မာနိုင်ငံရင်းနှျှီးမြှုပ်နှံ မှု ဥပဒေနှင့် ပတ်သက်၍ အပြောင်းအလဲလုပ်ရန် မရှိသေးဘဲ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေကိုသာ ပေါင်းစည်းသွားရန်ရှိကြောင်း သိရသည်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို အပြောင်းအလဲလုပ်ဖို့ မရှိသေးပါဘူး။ တကယ်လို့ ရှိတယ်ဆိုရင်တောင် နိုင်ငံခြားသားတွေအတွက် ပိုပြီးကောင်းမွန်တဲ့ ဥပဒေဖြစ်လာမှာပါ။ တစ်ခုရှိတာက မြန်မာနိုင်ငံသားရင်း နှီးမြှုပ်နှံမှုဥပဒေနဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပေါင်းစည်းသွားဖို့ ရှိပါတယ်။ ဒီလိုပေါင်း စည်းခြင်းအားဖြင့် ကိုယ့်နိုင်ငံသားကြောင့် အခွင့်အရေး ပိုပေးတာမျိုး မဖြစ်အောင်အတွက် လုပ်ဆောင်ခြင်းဖြစ် ပါတယ်”ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်က ပြောကြားသည်။

အလားတူနှစ်နိုင်ငံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မြှင့်တင်နိုင်ရန်အတွက် ဂျာမနီနိုင်ငံ၏ ကုန်သည် စက်မှု အသင်းချုပ်ဖြစ်သော (Deligation office of German Industry and Commerce) ဖွင့်ပွဲအား ဖေဖော်ဝါရီ ၁၁ ရက် ရန်ကုန်မြို့ ကုန်သည်စက်မှု အသင်းချုပ်၌ ကျင်းပခဲ့ပြီး ဂျာမနီသမ္မတကိုယ်တိုင် ဖွင့်လှစ်ပေး ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖွင့်ပွဲနှင့်အတူ ပထမအကြိမ် မြန်မာ-ဂျာမနီ စီးပွားရေး ဖိုရမ်ကိုပါ ပူးတွဲကျင်းပခဲ့ပြီး ဖိုရမ်အား ဂျာမနီနိုင်ငံ ကုန်သည်စက်မှု အသင်းချုပ်ဥက္ကဋ္ဌ Professor Dr. Ludwig Georg Braun နှင့်အတူ စီးပွားရေးလုပ်ငန်းရှင် စုစုပေါင်း ၁၆ဝ တက်ရောက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံဘက်မှ ပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီ၊ ကုန်သည်စက်မှု အသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် ၂ဝဝ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

“ဒီနေ့တွေ့ဆုံ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံမှာ အသေးစား စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက် လာဖို့အတွက် ဂျာမနီနိုင်ငံနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်တဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်”ဟု ဂျာမနီနိုင်ငံ ကုန်သည် စက်မှု အသင်းချုပ်ဥက္ကဋ္ဌ Professor Dr.Ludwig Georg Braun က ပြောကြားသည်။

အဆိုပါ အခမ်းအနားတွင် ဂျာမန်သမ္မတ Mr.Joachim Gauck ကမူ “ကျွန်တော့်ရဲ့ ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံယဉ်ကျေးမှုအရ ဖလှယ်ရေး ဆောင်ရွက်မယ့် ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဂျာမန်လုပ်ငန်း ရှင် တွေအနေနဲ့လည်း မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းတွေကို ယုံကြည်မှုရှိရှိနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ ဆန္ဒပြု ပါတယ်။ ဂျာမန်စီးပွားရေး လုပ်ငန်းတွေက မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုအလားအလာ ကောင်းတွေအတွက် ထောက်ပံ့ပေးသွားချင်ပါတယ်။ နှစ်နိုင်ငံကြားထဲမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ အပြန်အလှန် ကုန်သွယ်မှုတွေ တိုးမြှင့်သွားနိုင်ဖို့လည်း ရည်ရွယ်ပါတယ်”ဟု ပြောကြားသည်။              

အဆိုပါ အစည်းအဝေးပွဲအပြီး နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်လိုက်သော ထုတ်ပြန်ချက်အရ The Association of German Chambers of Commerce and Industry အနေဖြင့် မြန်မာနိုင်ငံနှင့် စီးပွားရေးလုပ်ငန်းများ စတင်ချိတ်ဆက် ဆောင်ရွက်တော့မည် ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment