Friday 14 February 2014

ဘဏ္ဍာရေးနှစ် ကုန်ဆုံးရန် တစ်လကျော် အလိုတွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၁ ဘီလျံကျော် ရရှိ

၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ် ကုန်ဆုံးရန် တစ်လကျော် အလိုတွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၁ ဘီလျံကျော် ရရှိခဲ့ပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကုန်သွယ်မှု အများဆုံး ပြုလုပ်ခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။


၂ဝ၁၃ ခုနှစ် ဧပြီ ၁ ရက်မှ ၂ဝ၁၄ ဖေဖော်ဝါရီ ၇ ရက်အထိ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိ ကန်ဒေါ်လာ ၁၇၂ဝ၁ ဒသမ ဝ၉၅ သန်း၊ နယ်စပ်ကုန်သွယ်မှုမှ အမေ ရိကန်ဒေါ်လာ ၄၁၃၂ ဒသမ ၁၈၇ သန်း၊ စုစုပေါင်းကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ် လာ ၂၁၃၃၃ ဒသမ ၂၈၂ သန်းရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များဖြစ် သည့် ဆန်၊ ပြောင်း၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲ စင်းငုံ၊ နှမ်း၊ ရော်ဘာ၊ ရေထွက်ကုန်၊ ကျွန်း သစ်၊ သစ်မာ၊ သတåုရိုင်း၊ သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်း၊ ချုပ်ပြီးအထည်များကို ပြည်ပ သို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နို့နှင့် နို့ထွက်ပစ္စည်း၊ စားအုန်းဆီ၊ ဆေးဝါးများ၊ ဘိလပ်မြေ၊ လုပ်ငန်းသုံးဓာတု ပစ္စည်းများ၊ ဓာတ်မြေဩဇာ၊ စက်ပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ စက္ကူများ၊ ပ လတ်စတစ်ထုတ်ကုန်များ၊ သယ်ယူပို့ဆောင် ရေးလုပ်ငန်းသုံးပစ္စည်းများကို တရုတ်၊ ဂျာ မနီ၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်ဝမ်၊ ထိုင်း၊ အမေရိကန် နိုင်ငံ များမှ မြန်မာနိုင်ငံသို့ တင်သွင်း ခဲ့ကြောင်း သိရသည်။

၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် မြန် မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏကို အမေရိ ကန်ဒေါ်လာ ၂၅ ဘီလျံကျော်ရရှိရန်လျာ ထားပြီး နယ်စပ်ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၂ဝ နှင့်ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ၈ဝ  ရာခိုင်နှုန်းကုန်သွယ်မှုပြုနိုင်ရန် လျာထား ကြောင်း သိရသည်။

၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ် ကုန်ဆုံးရန် တစ်လကျော်သာလိုတော့သည့် အချိန်တွင် ကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ ၂၁၃၃၃ ဒသမ ၂၈၂ သန်းသာရှိနေပြီး လျာထားချက် ပြည့်မီရန် အမေရိကန်ဒေါ် လာ ၃ ဘီလျံကျော် လိုနေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်ဖွဲ့စည်းပုံမှာ ပင်မထုတ်ကုန်အနည်းငယ်အပေါ်၌သာ မှီခိုအားထားနေရပြီး ယင်းထုတ်ကုန်များမှာ သယံဇာတများ၊ သဘာဝဓာတ်ငွေ့၊ ကျွန်း သစ်နှင့်စိုက်ပျိုးရေး၊ ရေထွက်ကုန်စသည် များဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပို့ကုန်ဖွံ့ဖြိုးတိုးတက် ရေးနှင့် ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်းတိုးတက်ရေး အတွက် အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာ ကို ရေးဆွဲနေပြီး ဦးစားပေး အကောင်အထည် ဖော်မည့်ကုန်စည်များ၊ ယင်းဦးစားပေးအ ကောင်အထည်ဖော်မည့် ကဏ္ဍများကို အထောက် အကူပြုမည့်ကဏ္ဍများကို သတ်မှတ်ပြီးဖြစ် ကြောင်း သိရသည်။

ကုန်သွယ်မှုပမာဏ တိုးတက်ရေးအတွက် တရားမဝင် ကုန်သွယ်မှုတားဆီးထိန်း ချုပ်ရေးလုပ်ငန်းများကို နယ်စပ်ကူးသန်း ရောင်းဝယ်ရေး လမ်းကြောင်းများတွင် ပြုလုပ်နေသကဲ့သို့ ကုန်သွယ်မှုအများဆုံးပြုလုပ် နေသည့် ပင်လယ်ရေကြောင်းကုန်သွယ်ရေး လမ်းကြောင်းများတွင်ပါ ဆောင်ရွက်သွား ရန် စီစဉ်နေကြော င်း သိရသည်။

နယ်စပ်ဒေသနေ ဒေသခံများ တစ်နိုင်တစ်ပိုင် ကုန်သွယ်မှု ပြုလုပ်နိုင်ရန်နှင့် တရား မဝင် ကုန်သွယ် မှုလျော့နည်း လာစေရန်အ တွက် တစ်ဦးတည်းပိုင်ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်ကတ်များကို နယ်စပ် စခန်းများအားလုံးတွင် ထုတ်ပေးနေပြီး အဆို ပါတစ်ဦးတည်းပိုင် ကုန်သွယ်မှုကတ်ဖြင့် ကုန်သွယ်မှု ပမာဏမှာလည်း ကျပ်ငါးဘီလျံ ကျော်ပြီဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment