Friday 14 February 2014

မြန်မာနိုင်ငံတွင် ACLEDA Bank မှ ဘဏ်ခွဲများ ထပ်မံတိုးချဲ့ ဖွင့်လှစ်မည်

Photo: မြန်မာနိုင်ငံတွင် ACLEDA Bank မှ ဘဏ်ခွဲများ ထပ်မံတိုးချဲ့ ဖွင့်လှစ်မည်
Friday, February 14, 2014

မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း အဖြစ် လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိသော ကမ္ဘောဒီးယား နိုင်ငံမှ ပုဂ္ဂလိကဘဏ် လုပ်ငန်းတစ်ခု ဖြစ်သည့် ACLEDA Bank plc. သည် ယခုနှစ် အတွင်း၌ မြန်မာနိုင်ငံတွင် ဖွင့်လှစ်သော ၄င်း၏ အသေးစား ချေးငွေဘဏ်ခွဲများ အရေအတွက် ၁၈ ခုအထိ ရှိလာစေရန် နောက်ထပ် ဘဏ်ခွဲများ ထပ်မံတိုးချဲ့ ဖွင့်လှစ်သွား မည် ဖြစ်ကြောင်းနှင့် ချေးငွေ အမေရိကန် ဒေါ်လာ ၁၁ သန်းခန့်အထိ ထုတ်ချေးသွားမည် ဖြစ်ကြောင်း အဆိုပါ ဘဏ်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ACLEDA Bank Plc. သည် ကျေးလက်ဒေသများ စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာစေရန် အတွက် စီးပွားရေး လုပ်ငန်းများ အပြင် အသေးစားချေးငွေ လုပ်ငန်းများကိုပါ လုပ်ကိုင်လျက် ရှိသော ဘဏ်လုပ်ငန်း တစ်ခုဖြစ်ပြီး အာဆီယံ ဒေသတွင်း၌ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့တွင် ဦးစားပေး ရင်းနှီးမြှုပ်နှံကာ လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ ၄င်း၏ ၂ဝ၁၄ ခုနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ စီမံချက်အရ လာအိုနိုင်ငံတွင် စီးပွားရေး ဘဏ်ခွဲ ၄၁ ခုအထိ ဖွင့်လှစ်ကာ မြန်မာနိုင်ငံတွင် အသေးစား ချေးငွေဘဏ်ခွဲ ၁၈ ခုအထိ ဖွင့်လှစ် နိုင်ရန် တိုးချဲ့ လုပ်ကိုင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ACLEDA Bank Plc. သည် မြန်မာနိုင်ငံတွင် ၂ဝ၁၃ ခုနှစ်က စတင်ရင်းနှီးမြှုပ်နှံကာ ကနဦး မတည်ငွေ အမေရိကန် ဒေါ်လာ ၁ဝ သန်းနှင့် ချေးငွေ လုပ်ငန်းများကို အစပြုလုပ်ကိုင် ဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့၌ အသေးစားချေးငွေ ဘဏ်ခွဲခြောက်ခု အထိ ဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်း၊ စတင်ရင်းနှီး မြှုပ်နှံသည့် ၂ဝ၁၃ ခုနှစ်မှာပင် ရည်မှန်းထားခဲ့သော ချေးငွေပမာဏထက် ကျော်လွန်ကာ ဒေါ်လာ ၂ ဒသမ ၆ သန်းအထိ ထုတ်ချေး နိုင်ခဲ့သည့် အတွက် ယခုလို မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ထပ်မံတိုးမြှင့်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ယင်းဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဆောင်းဦး
မြ၀တီ
မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း အဖြစ် လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိသော ကမ္ဘောဒီးယား နိုင်ငံမှ ပုဂ္ဂလိကဘဏ် လုပ်ငန်းတစ်ခု ဖြစ်သည့် ACLEDA Bank plc. သည် ယခုနှစ် အတွင်း၌ မြန်မာနိုင်ငံတွင် ဖွင့်လှစ်သော ၄င်း၏ အသေးစား ချေးငွေဘဏ်ခွဲများ အရေအတွက် ၁၈ ခုအထိ ရှိလာစေရန် နောက်ထပ် ဘဏ်ခွဲများ ထပ်မံတိုးချဲ့ ဖွင့်လှစ်သွား မည် ဖြစ်ကြောင်းနှင့် ချေးငွေ အမေရိကန် ဒေါ်လာ ၁၁ သန်းခန့်အထိ ထုတ်ချေးသွားမည် ဖြစ်ကြောင်း အဆိုပါ ဘဏ်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။


ACLEDA Bank Plc. သည် ကျေးလက်ဒေသများ စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာစေရန် အတွက် စီးပွားရေး လုပ်ငန်းများ အပြင် အသေးစားချေးငွေ လုပ်ငန်းများကိုပါ လုပ်ကိုင်လျက် ရှိသော ဘဏ်လုပ်ငန်း တစ်ခုဖြစ်ပြီး အာဆီယံ ဒေသတွင်း၌ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့တွင် ဦးစားပေး ရင်းနှီးမြှုပ်နှံကာ လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ ၄င်း၏ ၂ဝ၁၄ ခုနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ စီမံချက်အရ လာအိုနိုင်ငံတွင် စီးပွားရေး ဘဏ်ခွဲ ၄၁ ခုအထိ ဖွင့်လှစ်ကာ မြန်မာနိုင်ငံတွင် အသေးစား ချေးငွေဘဏ်ခွဲ ၁၈ ခုအထိ ဖွင့်လှစ် နိုင်ရန် တိုးချဲ့ လုပ်ကိုင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ACLEDA Bank Plc. သည် မြန်မာနိုင်ငံတွင် ၂ဝ၁၃ ခုနှစ်က စတင်ရင်းနှီးမြှုပ်နှံကာ ကနဦး မတည်ငွေ အမေရိကန် ဒေါ်လာ ၁ဝ သန်းနှင့် ချေးငွေ လုပ်ငန်းများကို အစပြုလုပ်ကိုင် ဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့၌ အသေးစားချေးငွေ ဘဏ်ခွဲခြောက်ခု အထိ ဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်း၊ စတင်ရင်းနှီး မြှုပ်နှံသည့် ၂ဝ၁၃ ခုနှစ်မှာပင် ရည်မှန်းထားခဲ့သော ချေးငွေ ပမာဏထက် ကျော်လွန်ကာ ဒေါ်လာ ၂ ဒသမ ၆ သန်းအထိ ထုတ်ချေး နိုင်ခဲ့သည့် အတွက် ယခုလို မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှုများ ထပ်မံတိုးမြှင့်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ယင်းဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဆောင်းဦး
မြ၀တီ

No comments:

Post a Comment