Saturday 23 March 2013

မိတ္ထီလာတွင် ကယ်ဆယ်ထောက်ပံရေး စတင်


မိတ္ထီလာ၊မတ်လ ၂၃ ရက်

ရွှေအရောင်းအဝယ်ပြုရာမှ ပဠိပက္ခများ ဖြစ်ပေါခဲ့သော မိတ္ထီလာမြို့ရှိ ဘုန်းတော်ကြီးကျောင်း ၂၁ ကျောင်း တွင် ဒုက္ခသည် ၄၅၀၀ ကျော်နင့် ခရိုင်အားကစားကွင်းရှိ ဒုက္ခသည် ၂၀၀၀ ခန့်ကို ကယ်ဆယ်ထောက်ပံရေး လုပ်ငန်းများ ကိုဆောင် ရွက်ရန် သံင်္ယာတော်များ ၊ဒေသအာဏာပိုင်များးနင့် မြိုခံလူမှုရေးအဖွဲအစည်း များ  ဆောင် ရွက်ပေးလျက်ရှိ ကြောင်း မိတ္ထီလာမြို့ခံ The Voice Weekly သတင်းထောက်က သ တင်းပေး ပို့သည်။
အရေးပေါအခြေအနေ ကြေညာပြီးနောက် မိတ္ထီလာမြို့တွင် တည်ငြိမ်အေးချမ်းမှုများပြန်လည်ရရှိစေရန် အ တွက် အမှတ်၇၇ ခြေမြန်တပ်မလက်အောက်ခံ တပ်ရင်းများ၊ မိတ္ထီလာ အခြေစိုက် အမှတ် ၉၉ ခြေမြန် တပ်မ လက်အောက်ခံတပ်ရင်းများသာမက တပ်မတော် (လေ )တပ်ဖွဲဝင်များ က လုံခြုံရေး ဆောင်ရွက်ပေး လျက်ရှိသည်။

ခရိုင်အားကစားကွင်းကမွတ်စလင်ဘာသာဝင်ဒုက္ခသည်တွေကိုဘုန်းတော်ကြီးတွေကသွားရောက်အားပေး နေ တယ်။ အမိုးအကာတွေ ခုထိမရသေးဘူး၊ ရေသန့်ဗူးတွေ ဆန်အိတ်တွေ ပေးနေတယ်ဟု The Voice Weekly သတင်းထောက်က ဆက်လက်သတင်းပေးပိုသည်။

မိထ္တီလာမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများကြောင့် မတ်လ ၂၂ ရက်နေ့ ညနေပိုင်း အထိ သေ ဆုံးသူ ၁၁ ဦးရှိပြီး ဒဏ်ရာရရှိသူ ၃၉ ဦးရှိကြောင်းနှင့် ပဋိပက္ခကြောင့် ပျက်ဆီးမှု အနေဖြင့် နေ အိမ် ၁၅၁ လုံး၊ မော်တော်ယာဉ် ၁ စီး၊ ပညာရေးမှူးရုံး ၁ ရုံး၊ ဆိုင်ကယ် ၁ စီး၊ သုံးဘီးဆိုင်ကယ် ၂ စီး၊ ဘာသာရေး အဆောက်အအုံ ၁၃ လုံး ပျက်ဆီးခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများက သတင်းထုတ်ပြန်ခဲ့သည်။

ref:the voice

No comments:

Post a Comment