Saturday 23 March 2013

မိတ္ထီလာ သတင်းများ

မတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်

မိတ္ထီလာမြို့၏ လက်ရှိအခြေအနေမှာ ပြန်လည်တည်ငြိမ်နေပြီ ဖြစ်ကြောင်းနှင့် မြို့မရပ်ကွက် ဧရာဝတီဘဏ် ၀န်းကျင်နှင့် မြို့နေရာ အချို့တွင် တပ်မတော်မှ လုံခြုံရေး ယူပေးထားသည်ကို တွေ့ရသည်။

မတ်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး မီးလောင်ကျွမ်းမှုများ မရှိတော့ကြောင်းနှင့် မတ်လ ၂၂ ရက် မွန်းလွဲပိုင်းက မြို့ပေါ်ရပ် ကွက်များနှင့် မြို့နေရာအချို့တွင် မီးလောင်သေဆုံးနေသော လူသေအလောင်း ၁၀ လောင်းဝန်း ကျင် တွေ့ခဲ့ ရကြောင်း ဒေသခံ များ၏ ပြောကြားချက်အရ သိရသည်။
အစ္စလာမ်ဘာသာဝင် ဒုက္ခသည်များကို အမှတ် (၁) ရဲစခန်းဝင်းအတွင်းနှင့် မိထ္တီလာခရိုင် အားကစားကွင်း အတွင်းတို့တွင် ကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးထားပြီး အ၀တ်အထည်၊ အစားအစာနှင့် အခြားအကူအညီများ လိုအပ်လျက် ရှိကြောင်း သိရ သည်။

အမှတ်(၁) ရဲစခန်းဝင်းအတွင်းနှင့် မိထ္တီလာခရိုင် အားကစားကွင်း အတွင်းရှိ အစ္စလာမ်ဘာသာဝင် အရေအတွက်အား စာ ရင်းကောက် ယူနေဆဲဖြစ်ပြီး လူဦးရေ နှစ်ထောင်ကျော်ရှိနိုင်ကြောင်း လက်ရှိ ခန့်မှန်းထားကာ ယင်းကယ်ဆယ်ရေး စခန်းများ တွင် နေထိုင်သူများသည် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့ သီရိမင်္ဂလာရပ်ကွက်၊ ပြည်သာယာရပ်ကွက်နှင့် ချမ်းအေး ရပ်ကွက်တို့တွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

ဗုဒ္ဓဘာသာဝင် ဒုက္ခသည်များမှာ ၎င်းတို့၏ နေအိမ်များ မီးလောင်ဆုံးရှုံးသွားသည့်အတွက် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများ၊ နီးစပ်ရာ ဆွေမျိုးမိတ်ဆွေများထံတွင် ခိုလှုံလျက်ရှိကြောင်းနှင့် အချို့မှာမူ နေအိမ်မီးလောင်ခြင်း မရှိသော်လည်း လုံခြုံရေးအ တွက် နေ အိမ်များ ကို စွန့်ခွာခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် ဒေသဆိုင်ရာအာဏာပိုင်များ၊ရဲတပ်ဖွဲ့ဝင်များနှင့်တပ်မတော်သားများအနေဖြင့်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားပေးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ref:EMG

No comments:

Post a Comment