Saturday 23 March 2013

ရုတ်တရက် ကျရောက်သော တိုနေဒို မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ် တွင် လူ ၂၀ ကျော် သေဆုံး

ယခုနှစ် အတွင်း  ပတမ ဆုံး အကြိမ် ရုတ်တရက် ကျရောက်ခဲ့သော တိုနာဒို ( Tornado) မုန်တိုင်းကြောင့် ဘင်္ဂလာဒေခ်ျ့တွင် လူ ၂၀  သေဆုံးပြီး အနည်းဆုံး လူ ၂၀၀ ထိခိုက် ဒဏ်ရာ ရရှိသွားခဲ့သည်။
တိုနာဒို ကျရောက်ပြီးနောက် မြင်ကွင်း။
တိုနာဒို ကျရောက်ပြီးနောက် မြင်ကွင်း။
 
သေဆုံးသူများထဲတွင် ကလေး တစ်ဦးနှင့် အမျိုးသမီး နှစ်ဦး ပါဝင်သည်။
ယမန်နေ့ (မတ်လ ၂၂ ရက်) နေ့ ညနေ ၅ နာရီ မိနစ် ၃၀ တွင် ရုတ်တရက် ကျရောက်ခဲ့သော မုန်တိုင်းသည် ရာပေါင်း များစွာသော သက်ကယ်မိုး အိမ်များအား ဖျက်ဆီးပစ်ခဲ့ပြီး မြောက်များ စွာသော စပါး စိုက်ခင်း များအား လည်း လဲပြိုစေခဲ့သည်ဟု ဆိုသည်။

သစ်ပင်များအား အမြစ်နုတ်ကာ ပြောင်းပြန် လှန်ပစ်ခဲ့သည်ဟု သတင်းစာများက ရေးသား ဖေါ်ပြသည်။
ဒက္ကားမြို့ အနီးတွင် တည်ရှိသော ဘြမ်မာ ဘာရီယာ ခရိုင်အတွင်းမှ မြို့နယ် (၃) ခုတွင် ကျရောက်ခဲ့သော တိုနာဒို မုန်တိုင်းသည် ၁၅ မိနစ်သာ အချိန်ကြာသော်လည်း အပျက်အစီး များစေခဲ့သည်ဟု ဆိုသည်။
ကျေးရွာအများအပြားမှာ မုန်တိုင်းဒဏ်ကို အကြီးအကျယ်ခံခဲ့ရပြီး အဆိုးရွားဆုံး ထိခိုက်ခံခဲ့ ရသော ကျေးရွာ များမှာ မြို့နယ် (၃) ခု အတွင်းမှ  Ramril ၊ Machhihata ၊ Basudev နှင့် Sultanpur ကျေးရွာ အုပ်စုမှ ရွာ များ ဖြစ်ကြသည်။

ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာနှင့် အတိုက်အခံ ဘီအန်ပီပါတီ ခေါင်းဆောင် ခါလစ်ဒါ ဇီယာတို့မှ ချက်ချင်း ကျေညာချက်များအသီးသီးထုတ်ပြန်ကာယခုအဖြစ်အပျက်အတွက်ဝမ်းနည်းတုန်လူပ်ရကြောင်း ဖေါ်ပြ သည်။
သက်ဆိုင်ရာမှ ချက်ချင်း ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး ဒုက္ခရောက်သွားသော မိသားစု တစ်ခုကို တာကာငွေ နှစ်သောင်းနှင့် ဆန် ကီလို ၂၀ စီ ခွဲဝေပေးခဲ့သည်ဟုဆိုသည်။ ဒဏ်ရာ ရသူ တစ်ဦးကိုလည်း တာကာ ၅၀၀၀ စီ ဆေးကုသရန် ထောက်ပံ့ခဲ့သည်ဟု သိရသည်။

ref:narinjara

No comments:

Post a Comment