Saturday 23 March 2013

မိတ္ထီလာ နံနက်ပိုင်း အခြေအနေများ



ညပိုင်း နန်းတော်ကုန်းဗလီနောက် ပုံးအောင်းနေကြသူများကို ကားများနှင့်ခေါ်ထုတ်။ ရပ်ကွက်အတွင်းရှိ အိမ်များအတွင်း ပုန်းအာင်းနေသူများကို ရှာဖွေကယ်ဆယ်။

မနက် ၆း၀၀နာရီအချိန် စားသောက်စရာရေနှင့်ကယ်ဆယ်ရေးပစ္စည်းများတင်ဆောင်လာသည့်၁၀ဘီးကားများမြို့ထဲ သို့ဝင်ရောက် လာ။

မနက် ၆း၀၀နာရီခွဲအချိန် မြို့ထဲသို့ကျွန်တော်လည့်လည်ကြည့်ရှုရာတွင် ကယ်ဆယ်ရေးစခန်းတစ်ခုအတွင်းရှိ လူမျိုးခြားများက စခန်းအပြင်ဘက်ထွက်လာပြီး လက်ဘက်၇ည်ဆိုင်ထိုင်ကြ။လက်ဘက်ရည်ဝယ် ၊ကွမ်းဝယ်နှင့်စည်ကားနေတာ ကို တွေ့လိုက်ရ ပါသည်။ သည်အခြေနေမှာလုံးဝမဖြစ်သင့်သေးပါ။ ပြဿနာရှာလိုသူများနှင့်တွေလျှင် မီးထပ်ပွားသွားနိုင်ပါသည်။ ကယ်ဆယ်ရေး စခန်းအတွင်းရှိတာဝန်ရှိသူများ စည်းကမ်းတကျကြပ်မတ်ရန်လိုအပ်ပါသည်။

လက်ဘက်ရည်ဝယ်ချင်လျှင်လည်း ဆယ်ယောက်တစ်အုပ်စုလောက်မှတာဝန်ယူ၍ကျန်လူများအတွက်ဝယ်ပေးသင့်ပါသည်။
လက်ဘက်ရည်ဆိုင်ထိုင်ပြီးဟေးလားဝါးလားလုပ်နေသည်မှာ မသင့်တော်ပါအမြန်ဆုံးထိန်းသိမ်းသင့်ပါသည်။

ထို့အပြင်ထိုနေရာများရှိလူများကိုလည်းမြို့ပြင် ခရိုင်ကွင်း ကယ်ဆယ်ရေးစခန်းသို့ရွှေ့ပြောင်းပေးသင့်ပါသည်။မြို့ထဲမှာဒီလိုဆက်ဖြစ်နေ လျှင် ပြဿနာတွေထပ်ဖြစ်လာနိုင်ပါသည်။ မည်သည့်နေရာမည်သည့်စခန်းဆိုတာကိုတော့တို့မီးရှို့မီးလုပ်မည့်လူများသိရှိ သွားမည်စိုးသောကြောင့်မတင်ပေးတော့ပါ။

ထူးခြားမှုအနေနဲ့ လွန်ခဲ့သောဆယ်စုနှစ်များမှစ၍ ယခုတိုင်အောင် သံဃာတော်များကိုဆွမ်းလောင်းသည့် လူမျိုးခြား မွတ်ဆလင် အိမ် မိတ္ထီလာမှာရှိပါသည်။သဓ္ဒါကြောင့်ပဲလောင်းလောင်း၊ ဘယာကြောင့်ပဲလောင်းလောင်း၊မြို့ခံတွေမှ အသိအမှတ်ပြုထား သည့်၎င်းနေအိမ်မှာအန္တာရာယ်လုံးဝကင်းရှင်းခဲ့ပါသည်၊ခဲတစ်ချက်တောင်အမှန်မခံရပါ။ဝမ်းသာကြည်နှုးဖွယ်ပါပေ။မည့်သည့် အိမ်ဖြစ် သည်၊မည်သည့်နေရာတွင်ရှိသည်ဆိုသည်ကိုမှု လူမိုက်ကလေးများကို သတိပေး၊သတင်းပေးသလိုဖြစ်မှစိုး၍ လုံးဝမ တင်တော့ပါ။

ထပ်မံဝမ်းသာစရာအနေဖြင့် တင်ပြချင်သည်မှာ ပြည်သူများ၏အသက်အိုးအိမ်ကိုစောင့်ရှောက်ပေးနေသော တပ်မတော် သား များနှင့်မြို့ခံတို့၏ ချစ်ခင်ရင်းနှီးမှုများကိုတွေရ့၍ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့သော တပ်မတော်နှင့်ပြည်သူများအကြား ရင်ထဲရှိ အကျိတ်အခဲများပြေပျောက်၍ ဗိုလ်ချုပ် ရှိစဉ်ကကဲ့သို့ ပြန်လည် ချစ်ခင်ညီညွှတ်ကြ မည့် ရောင်နီဦးလေ လားဟု မြော် လင့်မိကြောင်းပါ ခင်ဗျား။

ref:မင်းသန့်အောင်(မိတ္ထီလာ)။

No comments:

Post a Comment