Saturday 23 March 2013

မိတ္ထီလာ မြို့နယ် အတွင်း တည်ငြိမ် အေးချမ်း စေရေး အတွက် မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့က ကော်မတီများ ဖွဲ့စည်း ဆောင်ရွက် လျက်ရှိခြင်း


မိတ္ထီလာ မြို့နယ် အတွင်း တည်ငြိမ်အေးချမ်း စေရေးအတွက် မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့က သက်ဆိုင် ရာ ကော်မတီ များအား မတ် (၂၂)ရက်မှ စတင်၍ ဖွဲ့စည်း တာဝန် ပေအပ် ထားကြောင်း သိရှိရသည်။
အဆိုပါ ကော်မတီများမှာ ဗဟို ကွပ်ကဲမှု အဖွဲ့ကို ဥက္ကဌ အဖြစ် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်၊ အတွင်းရေးမှုး အဖြစ် ပြည် ထဲရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်နှင့် စုစုပေါင်း (၁၀)ဦး ဖြင့် လည်းကောင်း၊ လုံခြုံရေး ကော်မတီကို အမှတ်(၄) စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး မိုးမြင့်ထွန်းက ဥက္ကဌ အဖြစ် ဆောင်ရွက်၍ စုစုပေါင်း (၇)ဦးဖြင့် လည်းကောင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ကော်မတီကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီး ဒုတိယ ၀န်ကြီး ဦးဘုန်းဆွေက ဥက္ကဌ အဖြစ် ဆောင်ရွက်၍ စုစုပေါင်း (၄)ဦးဖြင့် လည်းကောင်း၊ တရားဥပဒေ စိုးမိုးရေး ကော်မတီ 
ကို ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဥက္ကဌ အဖြစ် ဆောင်ရွက်၍ စုစုပေါင်း (၆)ဦးဖြင့် လည်းကောင်း၊ ပညာရေး ကော်မတီကို ပညာရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးအေးကြူက ဥက္ကဌ အဖြစ် ဆောင်ရွက်၍ စုစုပေါင်း(၈)ဦးဖြင့် လည်းကောင်း၊ ကျန်းမာရေး ကော်မတီကို ကျန်းမာရေး ၀န်ကြီးဌာနမှ ဒုတိယ ညွန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်းက ဥက္ကဌ အဖြစ် ဆောင်ရွက်၍ စုစုပေါင်း(၃) ဦးဖြင့် လည်းကောင်း၊ သာသနာရေး ဆိုင်ရာ ကော်မတီကို သာသနာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်ဌေးကဥက္ကဌအဖြစ် ဆောင်ရွက်၍စုစုပေါင်း(၄)ဦးဖြင့်လည်းကောင်း၊ ပြန်ကြားရေး ကော်မတီကို တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ဥက္ကဌ အဖြစ် ဆောင်ရွက်၍ စုစုပေါင်း(၈)ဦးဖြင့် လည်းကောင်း ဖွဲ့စည်း ထားသည်။

နိုင်ငံတော် သမ္မတရုံးက မတ်(၂၂) တွင် အရေးပေါ် အခြေအနေ ထုတ်ပြန် ကြေညာပြီးနောက် မိတ္ထီလာမြို့နယ် အတွင်း တည်ငြိမ် အေးချမ်းလျှက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment