Saturday 23 March 2013

နှစ်(၃၀)အတွင်း တနင်္သာရီကမ်းရိုးတန်း၌ ငါးဖမ်းဆီးရရှိမှုနှုန်း(၈)ပုံ (၁)ပုံ ခန့် ကျဆင်း



မြိတ်၊မတ်လ ၂၃ ရက်

တနင်္သာရီကမ်းရိုးတန်းဒေသအတွင်း စည်းကမ်းမဲ့ငါးဖမ်းဆီးမှုများနှင့် နှစ်စဉ် ငါးမဖမ်းရနယ်မြေခွဲဝေ သတ်မှတ် မှု၊ ငါးမဖမ်းရ ရာသီ(closed season, closed area)ကန့်သတ်မှုများကြောင့် ပင် လယ် ပြင် လုံခြုံရေးမရှိဘဲ နှစ်(၃၀) အတွင်း ငါးအထွက်နှုန်းသိသိသာသာလျော့ကျသွားကြောင်း မြန်မာ နိုင်ငံ ငါးလုပ် ငန်း အဖွဲ့ချုပ်မှ သိရှိရသည်။
၁၉၇၉-၈၀ ခုနှစ်က တနင်္သာရီကမ်းရိုးတန်း၌ ငါးဖမ်းဆီးရရှိမှုနှုန်းမှာ (၆၀၀)ဖစ်ဂါနှုန်းကျော်ရှိခဲ့ရာမှ ၂၀၁၀ ခုနှစ်တွင် ဖမ်းဆီးရရှိမှုကုန်ချိန် (၈၉.၇၀)ဖစ်ဂါနှုန်းခန့်ရှိခဲ့သော်လည်း ၂၀၁၂ခုနှစ်၌ (၇၀)ဖစ် ဂါနှုန်းခန့်သာ ရှိတော့၍ ယခင်နှစ်များကထက် (၈)ပုံ (၁) ပုံ ခန့် ဖမ်းဆီးရရှိမှုနှုန်း ကျဆင်းခဲ့ခြင်းဖြစ်သည်။

“မမှန်မကန် ငါးဖမ်းစနစ်တွေနဲ့ ဖမ်းနေတော့ ငါးထွက်တဲ့အရေအတွက် ကလည်း နည်းသွား တယ်။ရတဲ့ငါး ကလည်း အ ရွယ်အစားသေးသွားတယ်။ နိုင်ငံတော်က ပင်လယ်ပြင်လုံခြုံရေးကို အပြည့်အ၀တာဝန်ယူနိုင်မှ ငါးမဖမ်းရ နယ်မြေနဲ့ အချိန်ကို လုပ်သင့်တယ်။ ပြည်ပကို ငါးမဖမ်းဖို့ ပိတ်ထားပေမယ့် ပြည်တွင်းက ပိုဖမ်း ချင်တယ်။ လာဘ်ပေးလာဘ်ယူ ကိစ္စတွေ ရှိလာတယ်” ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ
တစ်ဦး က ပြောသည်။

ငါးဖမ်းဆီးရရှိနှုန်းကျဆင်းသွားရခြင်းမှာ နှစ်စဉ် ငါးမဖမ်းရနယ်မြေ၊ ငါးမဖမ်းရ ရာသီ(closed season, closed area)ကန့်သတ်မှုများကြောင့်လည်းကောင်း၊ ငါးခိုးဖမ်းလှေများမှာ လာဘ်ပေး လာဘ်ယူ ပြု လုပ်ခြင်းဖြင့် ငါးခိုးဖမ်းမှုများ ရှိလာခြင်းနှင့် ငါးခိုးဖမ်းရာတွင် ဘုံဝန်း(ချုံချ ဗေဒါမွေး၍ ငါးဖမ်းခြင်း) ငါးဖမ်း နည်း စနစ် များကြောင့်ဖြစ်ကြောင်း သိရသည်။

"အခုဆို ဈေးကွက်ထဲမှာ ငါးမရလို့ အော်နေကြတယ်။ ပြည်ပက ရာသီ ဥတုကြောင့် မြန်မာ နိုင်ငံ ငါးသ ယံဇာ တ က ရှားပါးလာတယ်။ ဒါ့အပြင် အဓိကဖြစ်နေတာက ဆင်ပိုက်၊ ကျားပိုက်နဲ့ ထောင် လို့ဖြစ်ရတာ။ ငါးစားမယ့် အစာကို ဆင်ပိုက်၊ကျားပိုက်က စားလိုက်သလိုဖြစ်နေတော့ ငါးကြီးထွားမှု နှုန်းကလည်း ဆုံးရှုံး တယ်။ တိုင်းရင်းသား လုပ်ငန်း ရှင်တွေကို ပိတ်လိုက်ရင် သယံဇာထိန်းသိမ်းရေးက အကျိုးသက်ရောက် မှုရှိသွားနိုင်ပေမယ့် နိုင်ငံတော် က လုပ်ရမယ့် အချက်တွေက ပိုအရေးကြီးပါတယ်” ဟု မြန်မာနိုင်ငံပင်လယ်
ငါးဖမ်းအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ငါးမဖမ်းရနယ်မြေ၊ ငါးမဖမ်းရရာသီ (closed season, closed area) ကန့်သတ်လိုပါက ပင်လယ်ပြင် လုံခြုံရေးရှိရန်လိုအပ်ကြောင်း၊လာဘ်ပေးလာဘ်ယူကင်းရှင်းအောင်လုပ်ပေးရန်လိုအပ်ကြောင်းနှင့်ခိုး ဖမ်းလှေ များမှဖမ်းပေးသူများကို ကော်မရှင်ရာနှုန်းအလိုက် ပေးသည့်စနစ် ပြန်လည်ကျင့်သုံးရန် လို အ ပ်ကြောင်း၊ ၄င်း အချက်များကို နိုင်ငံတော် က ပြုလုပ်ပြီးမှသာ ငါးမဖမ်းရ နယ်မြေ၊ ငါးမဖမ်းရရာသီ ပိတ် သင့် သည်ဟု လုပ်ငန်းရှင်အချို့က အကြံပြုပြောဆိုသည်။

“တိုင်းရင်းသားလုပ်ငန်းရှင်တွေကိုတော့မဖမ်းရဆိုပြီးပိတ်လိုက်ပေမယ့်ငါးခိုးလှေတွေဘယ်လောက် များများ လာဖမ်းနေလဲဆိုတာ ပိုအရေးကြီး တယ်။ ငါးခိုးတဲ့သူတွေက လှိုင်းဘယ်လောက်ကြီးကြီး ခိုးနိုင်တယ်။ ခိုးတတ် တယ်။ လုံခြုံရေးကို ထိထိရောက်ရောက် လုပ်ပေးရမယ်။ လာဘ်ပေးလာဘ်ယူ မရှိရ ဘူး။ အရင်က ဆိုရင် ငါးခိုးဖမ်းလှေတွေကို ဖမ်းတဲ့သူတွေ ရှိတယ်။ ငါးလှေတစ်စီးဖမ်းရင် တန်ဖိုးရဲ့ ဘယ်လောက်ကို သူတို့ ရ တယ် အဲ့ဒီစနစ်ကိုလည်း ပြန်ကျင့်သုံးဖို့လိုပါတယ်”ဟု ရေထွက် ပစ္စည်းနှင့် ပို့ကုန်လုပ်ငန်းရှင်ဒေါ်တိုးနန္ဒာ တင်က ပြောသည်။

မြန်မာ့တနင်္သာရီကမ်းရိုးတန်းမှာ မီတာ (၂၈၀၀)ကျော် ရှည်လျား၍ နှစ်စဉ် ဧပြီ၊မေ လလယ် လောက် ပိုင်းမှစ၍ စက်တင်ဘာလလယ်လောက်အထိ ငါးမဖမ်းရနယ်မြေ၊ ငါးမဖမ်းရရာသီ (closed season, closed area) သတ်မှတ်ထားပြီး အဆိုပါကာလ၌ ငါးဖမ်းလှေ တန်တစ်ရာအောက် ထွက်ခွင့် မပြုဘဲ တန် တစ် ရာ အထက်လှေများကိုသာထွက်ခွင့်ပြုထားကြောင်း သိရှိရသည်။

သဘာဝရေပြင်မှ ဖမ်းဆီးသည့်ငါးပုစွန်များရှားပါးလာမှုကြောင့် ထုတ်လုပ်မှု အားနည်း ကာ ၀ယ်လိုအား များ လျက် ရှိပြီး ငါးမြစ်ချင်းဈေးမှာ တစ်ပိဿာ လျှင် (၁၈၇၅-၂၅၀၀)ကျပ်ဖြင့် ရောင်းချနေသော်လည်း အကောင်အကြီး အသေး ပေါ်မူတည်၍ တစ်ပိဿာလျှင် ၂၅ကျပ်နှုန်းခန့့်  ဈေးတက်လာ ခဲ့ကြောင်း ဗဟိုစံပြ ငါးေ ဈးက သိရှိရသည်။

ref:Myit Makha Mediagroup

No comments:

Post a Comment