Monday 2 December 2013

ထိုင်း ဆန္ဒပြမှုမှာ လူ ၄ဦးသေဆုံး

Photo: ထိုင်း ဆန္ဒပြမှုမှာ လူ ၄ဦးသေဆုံး 
Monday, December 2, 2013

ထိုင်းနိုင်ငံက အစိုးရရုံးတွေနဲ့ ရဲဌာနချုပ်ကို ၀င်ရောက်စီးနင်းခဲ့တဲ့ အစိုးရဆန့်ကျင်ဆန္ဒပြတဲ့သူထဲက လေးဦးသေဆုံးခဲ့ပါတယ်။

အစိုးရကို ဆန့်ကျင် ဆန္ဒပြတဲ့ လူထုအုံကြွမှု အဖွဲ့ခေါင်းဆောင်က Suthep Thaugsuban ကလည်း ၀န်ကြီးချုပ်ကို ရာထူးကနေ ဆင်းပေးဖို့ မြို့တော် ဘန်ကောက်မြို့ လူထုဆန္ဒပြပွဲကြီးမှာ မိန့်ခွန်းပြောကြားစဉ် တောင်းဆိုလိုက်ပါတယ်။

ဆန္ဒပြသူတွေဟာ အစိုးရရုံး ၁၀ခုကို ၀င်ရောက် စီးနင်းခဲ့သလို အစိုးရသတင်းဌာန PBS ရုံးကိုလည်း ၀င်ရောက် ဆီးနှင်းခဲ့ပါတယ်။

လက်ရှိအခြေအနေမှာ ဆန္ဒပြသူတွေနဲ့ အစိုးရကြားမှာ အခြေအနေတွေ အတော်တင်းမာနေသလို ဆန္ဒပြတဲ့လူအုပ်ကြီးကိုလည်း အစိုးရဖက်က မျက်ရည်ယိုဗုံးနဲ့ မီးသတ်ပိုက်တွေသုံးပြီး ဖြိုခွင်းခဲ့ပါတယ်။

ဒါပေမယ့် ဆန္ဒပြသူတွေဖက်ကတော့ ၀န်ကြီးချုပ် Yingluck Shinawartra နဲ့ သူမရဲ့ အစိုးရ ရာထူးကနေ ဆင်းပေးတဲ့အထိ ဆက်လက် ဆန္ဒပြသွားမယ်လို့ ဆန္ဒပြတဲ့အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ထိုင်းအစိုးရအနေနဲ့ အခြေအနေကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်သားအယောက်ပေါင်း ၂၇၀၀ ကိုလည်း ဘန်ကောက်မြို့မှာ လုံခြုံရေးချထားတယ်လို့သိရပါတယ်။

ABC Radio Australia

ထိုင်းနိုင်ငံဘန်ကောက်မြို့က ဆန္ဒပြမှု (Credit: AFP)
ထိုင်းနိုင်ငံဘန်ကောက်မြို့က ဆန္ဒပြမှု (Credit: AFP)
ထိုင်းနိုင်ငံက ​အစိုးရရုံးတွေနဲ့ ​ရဲဌာနချုပ်ကို ​၀င်ရောက်စီးနင်းခဲ့တဲ့ ​အစိုးရဆန့်ကျင်ဆန္ဒပြတဲ့ သူထဲက ​လေး ဦးသေဆုံးခဲ့ ပါတယ်။
အစိုးရကို ​ဆန့်ကျင် ​ဆန္ဒပြတဲ့ ​လူထုအုံကြွမှု ​အဖွဲ့ခေါင်းဆောင်က ​Suthep ​Thaugsuban ​ကလည်း ​၀န်ကြီးချုပ်ကို ​ရာထူးကနေ ​ဆင်းပေးဖို့ ​မြို့တော် ​ဘန်ကောက်မြို့ ​လူထုဆန္ဒပြပွဲကြီးမှာ ​မိန့်ခွန်းပြောကြားစဉ် ​တောင်းဆိုလိုက်ပါတယ်။

ဆန္ဒပြသူတွေဟာ ​အစိုးရရုံး ​၁၀ခုကို ​၀င်ရောက် ​စီးနင်းခဲ့သလို ​အစိုးရသတင်းဌာန ​PBS ​ရုံးကိုလည်း ​၀င်ရောက် ​ဆီးနှင်းခဲ့ပါတယ်။

လက်ရှိအခြေအနေမှာ ​ဆန္ဒပြသူတွေနဲ့ ​အစိုးရကြားမှာ ​အခြေအနေတွေ ​အတော်တင်းမာနေသလို ​ဆန္ဒပြတဲ့လူအုပ်ကြီးကိုလည်း ​အစိုးရဖက်က ​မျက်ရည်ယိုဗုံးနဲ့ ​မီးသတ်ပိုက်တွေသုံးပြီး ​ဖြိုခွင်းခဲ့ပါတယ်။

ဒါပေမယ့် ​ဆန္ဒပြသူတွေဖက်ကတော့ ​၀န်ကြီးချုပ် ​Yingluck ​Shinawartra ​နဲ့ ​သူမရဲ့ ​အစိုးရ ​ရာထူးကနေ ​ဆင်းပေးတဲ့အထိ ​ဆက်လက် ​ဆန္ဒပြသွားမယ်လို့ ​ဆန္ဒပြတဲ့အဖွဲ့ခေါင်းဆောင်က ​ပြောပါတယ်။

ထိုင်းအစိုးရအနေနဲ့ ​အခြေအနေကို ​ထိန်းချုပ်နိုင်ဖို့အတွက် ​စစ်သားအယောက်ပေါင်း ​၂၇၀၀ ​ကိုလည်း ​ဘန်ကောက်မြို့မှာ ​လုံခြုံရေးချထားတယ်လို့သိရပါတယ်။

ABC Radio Australia

No comments:

Post a Comment