Monday 2 December 2013

လိင်တူခြင်း လက်ထပ်တဲ့ ဥပေဒကြမ်းကို ထိုင်ဝမ်လူထု ဆန္ဒပြ

Photo: လိင်တူခြင်း လက်ထပ်တဲ့ ဥပေဒကြမ်းကို ထိုင်ဝမ်လူထု ဆန္ဒပြ 
Monday, December 2, 2013

ထိုင်ဝမ်နိုင်ငံမှာ လိင်တူခြင်း လက်ထပ်ထိမ်းမြားတဲ့ ဥပဒေကြမ်းကို ပါလီမာန်က အတည်ပြုမှာကို မလိုလားတဲ့အတွက် သောင်းနဲ့ချီတဲ့လူတွေ ဆန္ဒပြခဲ့ကြပါတယ်။

လိင်တူခြင်း တရားဝင်လက်ထပ် ထိမ်းမြားခွင့်ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ထိုင်ဝမ်လွှတ်တော်မှာ ဆွေးနွေးနေကြတာဖြစ်ပြီး အကယ်လို့ အဲဒီဥပဒေကြမ်းကို အတည်ပြုဖြစ်မယ်ဆိုရင် အာရှတိုက်မှာ ထိုင်ဝမ်နိုင်ငံက လိင်တူလက်ထက်ထိမ်းမြားတာကို တရားဝင်ခွင့်ပြုတဲ့ ပထမဆုံးသော နိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။

ကောက်တမ်းတွေမှာ ပြသချက်အရ လိင်တူခြင်းလက်ထပ် ထိမ်းမြားတာကို လိုလားသူတွေ များပြားသလို ဆန့်ကျင်သူတွေလည်း ရှိကြောင်း ပြသထားပါတယ်။

ထိုင်ဝမ်နိုင်ငံမှာ လိင်တူခြင်းလက်ထပ် ထိမ်းမြားခွင့်ပေးဖို့အရေး ဆွေးနွေးနေချိန်မှာပဲ Croatia နိုင်ငံမှာတော့ လိင်တူခြင်း တရားဝင် လက်ထပ်ထိမ်းမြားခွင့် ပြုတဲ့ဥပဒေကို ပြန်ပြောင်းဖို့အတွက် လူထုဆန္ဒခံယူပွဲတွေ ပြုလုပ်နေပြီး အစောပိုင်း ရလဒ်တွေအရ မဲပေးသူ သုံးပုံ နှစ်ပုံက လက်ထပ်ခွင့်မပေးတော့ဖို့  ဆန္ဒရှိနေပါတယ်။

လက်ထပ်ထိမ်းမြားခွင့် ဥပဒေကို ဆန့်ကျင်သူတွေများပြားရင်း Croatia နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ပြီး လိင်တူခြင်း လက်ထပ်ထိမ်းမြားမှုကို တရားမဝင် အဖြစ် သတ်မှတ်တော့မှာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေကတော့ လိင်တူလက်ထပ်ထိမ်မြားခွင့်ကို ဆက်လက် ထားရှိဖို့ တိုက်တွန်းနေပေမယ့် အဲဒီအဆိုကို ထောက်ခံသူ ၃၀ % ကျော်သာ ရှိကြောင်း သိရပါတယ်။

ABC Radio Australia
ထိုင်ဝမ်နိုင်ငံမှာ ​လိင်တူခြင်း ​လက်ထပ်ထိမ်းမြားတဲ့ ​ဥပဒေကြမ်းကို ​ပါလီမာန်က ​အတည်ပြုမှာကို ​မလိုလားတဲ့အတွက် ​သောင်းနဲ့ချီတဲ့လူတွေ ​ဆန္ဒပြခဲ့ကြပါတယ်။
လိင်တူခြင်း ​တရားဝင်လက်ထပ် ​ထိမ်းမြားခွင့်ဥပဒေကြမ်းနဲ့ ​ပတ်သက်ပြီး ​ထိုင်ဝမ် လွှတ်တော်မှာ ​ဆွေးနွေးနေကြတာဖြစ်ပြီး ​အကယ်လို့ ​အဲဒီဥပဒေကြမ်းကို ​အတည်ပြုဖြစ်မယ်ဆိုရင် ​အာရှတိုက်မှာ ​ထိုင်ဝမ်နိုင်ငံက ​လိင်တူလက်ထက်ထိမ်းမြားတာကို ​တရားဝင်ခွင့်ပြုတဲ့ ​ပထမဆုံးသော ​နိုင်ငံ ​ဖြစ်လာမှာ ​ဖြစ်ပါတယ်။

ကောက်တမ်းတွေမှာ ​ပြသချက်အရ ​လိင်တူခြင်းလက်ထပ် ​ထိမ်းမြားတာကို ​လိုလားသူတွေ ​များပြားသလို ​ဆန့်ကျင်သူတွေလည်း ​ရှိကြောင်း ​ပြသထားပါတယ်။

ထိုင်ဝမ်နိုင်ငံမှာ ​လိင်တူခြင်းလက်ထပ် ​ထိမ်းမြားခွင့်ပေးဖို့အရေး ​ဆွေးနွေးနေချိန်မှာပဲ ​Croatia ​နိုင်ငံ မှာတော့ ​လိင်တူခြင်း ​တရားဝင် ​လက်ထပ်ထိမ်းမြားခွင့် ​ပြုတဲ့ဥပဒေကို ​ပြန်ပြောင်းဖို့အတွက် ​လူထုဆန္ဒခံယူပွဲတွေ ​ပြုလုပ်နေပြီး ​အစောပိုင်း ​ရလဒ်တွေအရ ​မဲပေးသူ ​သုံးပုံ ​နှစ်ပုံက ​လက်ထပ်ခွင့် မပေးတော့ဖို့  ​ဆန္ဒရှိနေပါတယ်။

လက်ထပ်ထိမ်းမြားခွင့် ​ဥပဒေကို ​ဆန့်ကျင်သူတွေများပြားရင်း ​Croatia ​နိုင်ငံမှာ ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေကို ​ပြင်ဆင်ပြီး ​လိင်တူခြင်း ​လက်ထပ်ထိမ်းမြားမှုကို ​တရားမဝင် ​အဖြစ် ​သတ်မှတ်တော့ မှာ ​ဖြစ်ပါတယ်။

လူ့အခွင့်အရေး ​လှုပ်ရှားသူတွေနဲ့ ​နာမည်ကြီး ​ပုဂ္ဂိုလ်တွေကတော့ ​လိင်တူလက်ထပ်ထိမ်မြားခွင့်ကို ​ဆက်လက် ​ထားရှိဖို့ ​တိုက်တွန်းနေပေမယ့် ​အဲဒီအဆိုကို ​ထောက်ခံသူ ​၃၀ ​% ​ကျော်သာ ​ရှိကြောင်း ​သိရပါတယ်။

ABC Radio Australia

No comments:

Post a Comment