Monday 2 December 2013

OIC အလိုမရှိကြောင်း ဆန္ဒပြသူတချို့ကို အမှုဖွင့်ခံရ

Photo: OIC အလိုမရှိကြောင်း ဆန္ဒပြသူတချို့ကို အမှုဖွင့်ခံရ 
Monday, December 2, 2013

အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ရဲ့ မြန်မာနိုင်ငံခရီးစဉ်အပေါ် ကန့်ကွက်ဆန္ဒပြခဲ့သူအချို့ကို သူတစ်ပါး ကိုးကွယ်တဲ့ ဘာသာ၊ သာသာနာ စော်ကားမှုနဲ့ အမှုဖွင့် ထားတယ်လို့ ပြန်ကြားရေးဝန်ကြီး ဌာနက ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့တုန်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်အတွင်းမှာ OIC အဖွဲ့ ရဲ့ ခရီးစဉ်အပေါ် သံဃာတော်တွေနဲ့ ရာနဲ့ချီတဲ့ လူတွေဟာ ကန့်ကွက်ဆန္ဒပြမှု တစ်ခု ပြုလုပ်ခဲ့ပါတယ်။

အဲဒီဆန္ဒပြမှုမှာ တစ်ခြား ဘာသာအပေါ် စော်ကားတဲ့ ဆိုင်းဘုတ် ကိုင်ဆောင်ဆန္ဒပြခဲ့တဲ့အတွက် ဆန္ဒပြခေါင်းဆောင်တွေကို ရာဇသတ်ကြီး ပုဒ်မ ၂၉၅ နဲ့အမှုဖွင့်ထားတာပါ။ လွတ်လပ်စွာ ဆန္ဒ ထုတ်ဖော်ခွင့်ရှိပေမယ့် အခြား ဘာသာတစ်ခုကို စော်ကားရာရောက်နေတဲ့အတွက် အမှုဖွင့် အရေးယူ တာဖြစ်တဲ့အကြောင်း နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်က အခုလို ပြောပါတယ်။

“ကျွန်တော်တို့ကတော့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ဆိုတာကို ကျွန်တော်တို့ လေးစားပါတယ်။ ဒါပေမယ့်လည်း တစ်ဖက်ကလည်း တစ်ခြား လူမျိုးဘာသာကို ကျွန်တော်တို့ မထိပုတ်ခတ်စော်ကားတာမျိုး ထိခိုက်နစ်နာအောင် မလုပ်ရဘူးဆိုတဲ့ ဥပဒေလည်း ရှိပါတယ်။ နိုဝင်ဘာ ၁၅ ရက်နေ့က OIC ကို ဆန္ဒပြတုန်းက ဆိုရင် ကြေညာစာသားတစ်ခုက အခြား လူများ ကိုးကွယ်တဲ့ ဘာသာကို စော်ကားရာရောက်တဲ့ အသုံးအနှုန်းတွေပါတဲ့အတွက် ကြောင့်မို့လို့ ရာဇသတ်ကြီး ဥပဒေမှာအခြား သူများ ကိုးကွယ်တဲ့ဘာသာ တွေကို စော်ကားတဲ့ကိစ္စတွေ မလုပ်ရဘူးဆိုတဲ့ တားမြစ်ချက်တစ်ခုပါတယ်။ အဲတော့ အဲဒီပုဒ်မအရ အရေးယူနိုင်ဖို့အတွက် အမှုဖွင့် အရေးယူထားတာဖြစ်ပါတယ်။ အစိုးရအနေနဲ့ကတော့ ဆန္ဒထုတ်ဖော်ထုတ်လို့ရတယ်။ သို့သော် စော်ကားတဲ့ ဟာမျိုး၊ ခွဲခြား ဆက်ဆံတဲ့ ဟာမျိုး အကြမ်းဖက်တဲ့ဟာမျိုး ကျွန်တော်တို့လက်မခံပါဘူး။”

ဆက်လက်ပြီး အစိုးရအနေနဲ့ လူမျိုးရေး ၊ ဘာသာရေး နဲ့ ဆက်နွယ်ပြီး အကြမ်းဖက်မှုတွေ ထပ်မဖြစ်လာအောင် အရင်ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေမှာ ကျူးလွန်ခဲ့သူတွေကို တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်အောင် ဦးစားပေးလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အခုလို အစိုးရဘက်က တရားစွဲဆိုမှာနဲ့ ပါက်သက်ပြီး OIC ကို ကန့်ကွက်ဆန္ဒပြမှုတွေမှာ ဦးဆောင် ဆန္ဒပြခဲ့တဲ့ တစ်ဦး ဖြစ်တဲ့ မကွေးကျောင်းတိုက်ဆရာတော် အရှင်ပါမောက္ခက အခုလိုမိန့်ပါတယ်။

“ဘုန်းကြီးတို့ အဲကိစ္စနဲ့ ပါက်သက်ပြီးတော့ အဲဒီအထဲမှာ ၁၅ ရက်နေ့တုန်းက ပါသွားတဲ့ သားဖေါက်နှုန်းမြန် အစ္စလာမ် မိစ္ဆာ ဝါဒ ဆန့်ကျင်ကြဆိုတဲ့ ဗီနိုင်းတစ်ခု ပါသွားတယ်ပေါ့နော်။ အဲဒီ ဗီနိုင်းအပေါ်မှာ ဘုန်းကြီးတို့က ဒီ့အပြင်က ၄ ခုလည်း ထိမ်းသိန်းပြီး တော့ ဖျတ်ဆီးပစ်လိုက်တယ်။ အဲဒီတစ်ခုက ဘယ်က ပါလာမှန်းမသိလိုက်ဘူးပေါ့နော်။ အဲဒီအပေါ်မှာ တရားစွဲမယ်ဆိုတဲ့ သဘောမျိုးကို မြန်မာနိုင်ငံမှာ မည်သည့်ဘာသာမှ ထွန်းကားမှု မရှိဘူးဆိုတဲ့ စကားတစ်လုံးဟာ အစ္စလာမ် ဘာသာဝင်ပြော သွားတာလေ။ ဘုန်းကြီးတို့ကလည်း ဘာသာရေး အရ ၂၉၅ နဲ့ ပြန်တရားစွဲမှာပေါ့”

ဗဟန်းမြို့နယ် ရဲစခန်းက အမှုဖွင့် အရေးယူထားတယ်လို့ သိရပေမယ့် အခုချိန်ထိတော့ ဆင့်ခေါ်စာတွေ ရောက်ရှိမလာသေးဘူးလို့လည်း မိန့်ဆိုခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ အဲဒီဆန္ဒပြမှုဟာ ခွင့်ပြုမိန့်ကြိုတင်တောင်းခံထားတာ မရှိဘဲ ဆန္ဒပြခဲ့တာ ဖြစ်တဲ့အတွက် ပုဒ်မ ၁၈ နဲ့လည်း ရင်ဆိုင်ရဖွယ်ရှိတယ်လို့ ဆန္ဒပြခဲ့သူတွေက ပြောဆိုခဲ့ပါတယ်။

ဒီသတင်းကို ရေဒီယိုသြစတြေးလျသတင်းထောက် စူးရှကနေ သတင်းပေးပို့ထားတာဖြစ်ပါတယ်။

ABC Radio Australia
အစ္စလာမ်မစ် ​နိုင်ငံများ ​ပူးပေါင်းဆောင်ရွက်ရေး ​အဖွဲ့ ​OIC ​ရဲ့ ​မြန်မာနိုင်ငံခရီးစဉ်အပေါ် ​ကန့်ကွက်ဆန္ဒပြခဲ့သူအချို့ကို ​သူတစ်ပါး ​ကိုးကွယ်တဲ့ ​ဘာသာ၊ ​သာသာနာ ​စော်ကားမှုနဲ့ ​အမှုဖွင့် ​ထားတယ်လို့ ​ပြန်ကြားရေးဝန်ကြီး ​ဌာနက ​ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ​နိုဝင်ဘာလ ​၁၅ ​ရက်နေ့တုန်းက ​ရန်ကုန်မြို့၊ ​ဗဟန်းမြို့နယ်အတွင်းမှာ ​OIC ​အဖွဲ့ ​ရဲ့ ​ခရီးစဉ်အပေါ် ​သံဃာတော်တွေနဲ့ ​ရာနဲ့ချီတဲ့ ​လူတွေဟာ ​ကန့်ကွက်ဆန္ဒပြမှု ​တစ်ခု ​ပြုလုပ်ခဲ့ပါတယ်။

အဲဒီဆန္ဒပြမှုမှာ ​တစ်ခြား ​ဘာသာအပေါ် ​စော်ကားတဲ့ ​ဆိုင်းဘုတ် ​ကိုင်ဆောင်ဆန္ဒပြခဲ့တဲ့အတွက် ​ဆန္ဒပြခေါင်းဆောင်တွေကို ​ရာဇသတ်ကြီး ​ပုဒ်မ ​၂၉၅ ​နဲ့အမှုဖွင့်ထားတာပါ။ ​လွတ်လပ်စွာ ​ဆန္ဒ ​ထုတ်ဖော်ခွင့်ရှိပေမယ့် ​အခြား ​ဘာသာတစ်ခုကို ​စော်ကားရာရောက်နေတဲ့အတွက် ​အမှုဖွင့် ​အရေးယူ ​တာဖြစ်တဲ့အကြောင်း ​နိုင်ငံတော်သမ္မတရဲ့ ​ပြောရေးဆိုခွင့်ရှိသူ ​ပြန်ကြားရေးဝန်ကြီးဌာန ​ဒုဝန်ကြီး ​ဦးရဲထွဋ်က ​အခုလို ​ပြောပါတယ်။

“ကျွန်တော်တို့ကတော့ ​လွတ်လပ်စွာ ​ဆန္ဒထုတ်ဖော်ခွင့်ဆိုတာကို ​ကျွန်တော်တို့ ​လေးစားပါတယ်။ ​ဒါပေမယ့်လည်း ​တစ်ဖက်ကလည်း ​တစ်ခြား ​လူမျိုးဘာသာကို ​ကျွန်တော်တို့ ​မထိပုတ်ခတ်စော်ကားတာမျိုး ​ထိခိုက်နစ်နာအောင် ​မလုပ်ရဘူးဆိုတဲ့ ​ဥပဒေလည်း ​ရှိပါတယ်။ ​နိုဝင်ဘာ ​၁၅ ​ရက်နေ့က ​OIC ​ကို ​ဆန္ဒပြတုန်းက ​ဆိုရင် ​ကြေညာစာသားတစ်ခုက ​အခြား ​လူများ ​ကိုးကွယ်တဲ့ ​ဘာသာကို ​စော်ကားရာရောက်တဲ့ ​အသုံးအနှုန်းတွေပါတဲ့အတွက် ​ကြောင့်မို့လို့ ​ရာဇသတ်ကြီး ​ဥပဒေမှာအခြား ​သူများ ​ကိုးကွယ်တဲ့ဘာသာ ​တွေကို ​စော်ကားတဲ့ကိစ္စတွေ ​မလုပ်ရဘူးဆိုတဲ့ ​တားမြစ်ချက်တစ်ခုပါတယ်။ ​အဲတော့ ​အဲဒီပုဒ်မအရ ​အရေးယူနိုင်ဖို့အတွက် ​အမှုဖွင့် ​အရေးယူထားတာဖြစ်ပါတယ်။ ​အစိုးရအနေနဲ့ကတော့ ​ဆန္ဒထုတ်ဖော်ထုတ်လို့ရတယ်။ ​သို့သော် ​စော်ကားတဲ့ ​ဟာမျိုး၊ ​ခွဲခြား ​ဆက်ဆံတဲ့ ​ဟာမျိုး ​အကြမ်းဖက်တဲ့ဟာမျိုး ​ကျွန်တော်တို့လက်မခံပါဘူး။”

ဆက်လက်ပြီး ​အစိုးရအနေနဲ့ ​လူမျိုးရေး ​၊ ​ဘာသာရေး ​နဲ့ ​ဆက်နွယ်ပြီး ​အကြမ်းဖက်မှုတွေ ​ထပ်မဖြစ်လာအောင် ​အရင်ဖြစ်ပွားခဲ့တဲ့ ​ကိစ္စတွေမှာ ​ကျူးလွန်ခဲ့သူတွေကို ​တရားဥပဒေအရ ​အရေးယူဆောင်ရွက်နိုင်အောင် ​ဦးစားပေးလုပ်ဆောင်နေတယ်လို့ ​ဆိုပါတယ်။

အခုလို ​အစိုးရဘက်က ​တရားစွဲဆိုမှာနဲ့ ​ပါက်သက်ပြီး ​OIC ​ကို ​ကန့်ကွက်ဆန္ဒပြမှုတွေမှာ ​ဦးဆောင် ​ဆန္ဒပြခဲ့တဲ့ ​တစ်ဦး ​ဖြစ်တဲ့ ​မကွေးကျောင်းတိုက်ဆရာတော် ​အရှင်ပါမောက္ခက ​အခုလိုမိန့်ပါတယ်။

“ဘုန်းကြီးတို့ ​အဲကိစ္စနဲ့ ​ပါက်သက်ပြီးတော့ ​အဲဒီအထဲမှာ ​၁၅ ​ရက်နေ့တုန်းက ​ပါသွားတဲ့ ​သားဖေါက်နှုန်းမြန် ​အစ္စလာမ် ​မိစ္ဆာ ​ဝါဒ ​ဆန့်ကျင်ကြဆိုတဲ့ ​ဗီနိုင်းတစ်ခု ​ပါသွားတယ်ပေါ့နော်။ ​အဲဒီ ​ဗီနိုင်းအပေါ်မှာ ​ဘုန်းကြီးတို့က ​ဒီ့အပြင်က ​၄ ​ခုလည်း ​ထိမ်းသိန်းပြီး ​တော့ ​ဖျတ်ဆီးပစ်လိုက်တယ်။ ​အဲဒီတစ်ခုက ​ဘယ်က ​ပါလာမှန်းမသိလိုက်ဘူးပေါ့နော်။ ​အဲဒီအပေါ်မှာ ​တရားစွဲမယ်ဆိုတဲ့ ​သဘောမျိုးကို ​မြန်မာနိုင်ငံမှာ ​မည်သည့်ဘာသာမှ ​ထွန်းကားမှု ​မရှိဘူးဆိုတဲ့ ​စကားတစ်လုံးဟာ ​အစ္စလာမ် ​ဘာသာဝင်ပြော ​သွားတာလေ။ ​ဘုန်းကြီးတို့ကလည်း ​ဘာသာရေး ​အရ ​၂၉၅ ​နဲ့ ​ပြန်တရားစွဲမှာပေါ့”

ဗဟန်းမြို့နယ် ​ရဲစခန်းက ​အမှုဖွင့် ​အရေးယူထားတယ်လို့ ​သိရပေမယ့် ​အခုချိန်ထိတော့ ​ဆင့်ခေါ်စာတွေ ​ရောက်ရှိမလာသေးဘူးလို့လည်း ​မိန့်ဆိုခဲ့ပါတယ်။ ​တစ်ဆက်တည်းမှာပဲ ​အဲဒီဆန္ဒပြမှုဟာ ​ခွင့်ပြုမိန့်ကြိုတင်တောင်းခံထားတာ ​မရှိဘဲ ​ဆန္ဒပြခဲ့တာ ​ဖြစ်တဲ့အတွက် ​ပုဒ်မ ​၁၈ ​နဲ့လည်း ​ရင်ဆိုင်ရဖွယ်ရှိတယ်လို့ ​ဆန္ဒပြခဲ့သူတွေက ​ပြောဆိုခဲ့ပါတယ်။

ဒီသတင်းကို ​ရေဒီယိုသြစတြေးလျသတင်းထောက် ​စူးရှကနေ ​သတင်းပေးပို့ထားတာဖြစ်ပါတယ်။

ABC Radio Australia

No comments:

Post a Comment