Monday 2 December 2013

အွန်လိုင်းတွင် ပျံ့နှံ့နေသည့် မူးယစ်ဆေးသုံးစွဲအနုပညာရှင်များစာရင်း လူမင်း စုံစမ်းဖော်ထုတ်မည်

Photo: အွန်လိုင်းတွင် ပျံ့နှံ့နေသည့် မူးယစ်ဆေးသုံးစွဲအနုပညာရှင်များစာရင်း လူမင်း စုံစမ်းဖော်ထုတ်မည် 
Monday, December 2, 2013

ဖေ့စ်ဘွတ်စာမျက်နှာတွင် နိုဝင်ဘာ ၃၀ ရက်မှစတင်၍ ပျံ့နှံ့လျက်ရှိသည့် မူးယစ်ဆေးဝါးအသုံးပြုသည့် အနုပညာရှင်များ၏အမည်တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ လူမင်းကသူ၏အမည်ပါဝင်နေ ခြင်းနှင့်ပတ်သက်၍ ငြင်းဆိုခဲ့သည့်အပြင် ၎င်းကိစ္စအား စုံစမ်းဖော်ထုတ်သွားမည်ဖြစ်သည်ဟု မဇ္ဈိမ သတင်းစာသို့ ဒီဇင်ဘာ ၁ ရက်က ပြောကြားလိုက်သည်။

ယခုပျံ့နှံ့လျက်ရှိသည့် အနုပညာရှင်များ မူးယစ်ဆေးဝါးအသုံးပြုသောအကြောင်းအရာမှာ ၂၀၀၈ ခုနှစ် က အနုပညာရှင်နှစ်ဦးအား ခေါ်ယူစစ်ဆေးသည့် မှုခင်းမှတ်တမ်းထွက်ဆိုချက်အနေဖြင့် ထွက်ရှိလာ ခဲ့ခြင်းဖြစ်သည်။

“စာတွေထဲမှာပါတဲ့အကြောင်းအရာတွေက တကယ် ဟုတ်၊ မဟုတ်ဆိုတာကို စုံစမ်းနေပါတယ်။ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ အကြမ်းဖျင်းအားဖြင့်တော့ ပြောရမယ်ဆိုရင်တော့ စဉ်းစားကြည့်မယ်ဆိုရင် ဒီကိစ္စ ဟာ တကယ်အစစ်အမှန် ဟုတ်လား၊ မဟုတ်လားဆိုတာကို ပြောရမှာပါ။ ဟုတ်နေတယ်၊ တကယ်အစစ် အမှန်ဆိုရင်တော့ သက်ဆိုင်ရာက တာဝန်ယူရပါလိမ့်မယ်။ အစစ်အမှန်မဟုတ်ရင်တော့လည်း မဟုတ် တဲ့အတွက် ဆက်လက်ဆောင်ရွက်သွားမှာပါ။ အခု ဒီစာထဲမှာလည်း ကျွန်တော်လည်း ပါတယ်။ ကျွန် တော့်နာမည်ပါလို့ ဘာမှထွေထွေ ထူးထူးမခံစားရပါဘူး။ မူးယစ်ဆေးဝါးကို ငယ်ငယ်လေးကတည်းက စမ်းတောင်မစမ်းဖူးပါဘူး။ ဒါဟာ သုံးဖို့မပြောပါနဲ့။ အစ်ကို ကင်းရှင်းတယ်ဆိုတာ အနုပညာ လောကထဲ ကသူတိုင်း အားလုံးသိကြပါတယ်”ဟု လူမင်းက ပြောဆိုလိုက်သည်။

လူမင်းသည် လက်ရှိတွင် မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်သည့်အသင်းတွင် ချစ်ကြည်ရေးသံတမန် အဖြစ် ဆောင်ရွက်နေခြင်းဖြစ်ပြီး ဥက္ကဋ္ဌတစ်ယောက်အနေဖြင့် အနုပညာရှင်များနှင့် မူးယစ်ဆေးဝါး ပြဿနာကို ဖော်ထုတ်သွားမည် ဖြစ်သည်။ ယင်းသို့ဖော်ထုတ်ရာတွင် ခိုင်မာမှုရှိပါက တရားဝင်ထုတ် ဖော်ပြောဆိုသွားမည်ဟုလည်း ထပ်မံပြောဆိုလိုက်သည်။

ယင်းသို့မှုခင်းစစ်ချက်ကို ထွက်ဆိုထားသူနှစ်ဦးမှာ မင်းသမီးနှစ်ဦးဟု ဖေ့စ်ဘွတ်တွင် ဖော်ပြထားပြီး ၎င်းတို့အား ဆက်သွယ်မေးမြန်းရာတွင်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

အဆိုပါစာရင်းတွင် ဖော်ပြခြင်းခံရသူ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)က “ဒီကိစ္စက ဘယ်သူတွေ တင်တာလဲ၊ ဘယ်သူတွေ လုပ်တာလဲဆိုတာကို သိဖို့လိုပါတယ်။ ဒီကိစ္စကို ကျွန်တော်ကန့်ကွက်ပါ တယ်။ ရုပ်ရှင်အစည်းအရုံးအနေနဲ့ စုံစမ်းသင့်ပါတယ်၊ ကန့်ကွက်သင့်ပါတယ်။ တရားဝင်ဖြစ်လား မဖြစ် လား၊ ဟုတ်လား မဟုတ်လားဆိုတာကိုတော့ သိရမှပါ။မစိုးကြီးကတော့ မဟုတ်ဘူးလို့ပြောတယ်။ ဒီကိစ္စ ဟာ လျှို့ဝှက်ချက်ဖြစ်ရမှာဆိုတော့အပြင်ကို မထွက်သင့်ပါဘူး။ သက်ဆိုင်ရာက တာဝန်ရှိပါတယ်။ အဲဒါ ကို သေချာလုပ်သင့်တယ်လို့ ထင်ပါတယ်”ဟု ယင်းက ပြောသည်။

ဆေးဝါးသုံးစွဲသည်ဟု ဆက်စပ်ဖော်ထုတ်ခြင်းခံရသည့် အနုပညာရှင်များ စာရင်းတွင် ကွယ်လွန်သူ မင်းသားလည်း ပါဝင်လျက်ရှိသည်ဟု ဖော်ပြထားပြီး ကွယ်လွန်ချိန်အထိ ဖောက်သည်တစ်ဦး အနေဖြင့် ရှိခဲ့သည်ဟုလည်း ပါရှိသည်။ ဒါ့အပြင် ဂီတလောကမှ ထင်ပေါ်ကျော်ကြားသူများ၊ စီးပွားရေးအသိုင်း အ၀ိုင်းနှင့် စစ်ဗိုလ်ချုပ်ကြီးများ၏ သားသမီးအမည်များလည်း အဆိုပါစစ်ချက်၏ ပြောကြားချက်တွင် ပါဝင်လျက်ရှိပြီး အချို့မှာ မူးယစ်ဆေးဝါးအမှုဖြင့် ထိန်းသိမ်းခြင်းခံခဲ့ရသူ ထိပ်တန်းစီးပွားရေးသမားနှင့် ပြန်လည်လွတ်မြောက်လာသည့် ဒါရိုက်တာတစ်ဦး၏အမည်လည်း ပါဝင်လျက်ရှိသည်။

ဘုန်းနေလ(ဒဂုံတက္ကသိုလ်)
Mizzima - News in Burmese
ဖေ့စ်ဘွတ်စာမျက်နှာတွင် နိုဝင်ဘာ ၃၀ ရက်မှစတင်၍ ပျံ့နှံ့လျက်ရှိသည့် မူးယစ်ဆေးဝါးအသုံးပြုသည့် အနုပညာရှင်များ၏ အမည်တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ လူမင်းကသူ၏အမည် ပါဝင်နေ ခြင်းနှင့် ပတ်သက်၍ ငြင်းဆိုခဲ့သည့်အပြင် ၎င်းကိစ္စအား စုံစမ်းဖော်ထုတ်သွားမည်ဖြစ်သည်ဟု မဇ္ဈိမ သတင်းစာသို့ ဒီဇင်ဘာ ၁ ရက်က ပြောကြားလိုက်သည်။
ယခုပျံ့နှံ့လျက်ရှိသည့် အနုပညာရှင်များ မူးယစ်ဆေးဝါးအသုံးပြုသောအကြောင်းအရာမှာ ၂၀၀၈ ခုနှစ် က အနုပညာရှင်နှစ်ဦးအား ခေါ်ယူစစ်ဆေးသည့် မှုခင်းမှတ်တမ်းထွက်ဆိုချက်အနေဖြင့် ထွက်ရှိလာ ခဲ့ခြင်းဖြစ်သည်။

“စာတွေထဲမှာပါတဲ့အကြောင်းအရာတွေက တကယ် ဟုတ်၊ မဟုတ်ဆိုတာကို စုံစမ်းနေပါတယ်။ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ အကြမ်းဖျင်းအားဖြင့်တော့ ပြောရမယ်ဆိုရင်တော့ စဉ်းစားကြည့်မယ်ဆိုရင် ဒီကိစ္စ ဟာ တကယ်အစစ်အမှန် ဟုတ်လား၊ မဟုတ်လားဆိုတာကို ပြောရမှာပါ။ ဟုတ်နေတယ်၊ တကယ်အစစ် အမှန်ဆိုရင်တော့ သက်ဆိုင်ရာက တာဝန်ယူရပါလိမ့်မယ်။ အစစ်အမှန်မဟုတ်ရင်တော့လည်း မဟုတ် တဲ့အတွက် ဆက်လက်ဆောင်ရွက်သွားမှာပါ။ အခု ဒီစာထဲမှာလည်း ကျွန်တော်လည်း ပါတယ်။ ကျွန် တော့်နာမည်ပါလို့ ဘာမှထွေထွေ ထူးထူးမခံစားရပါဘူး။ မူးယစ်ဆေးဝါးကို ငယ်ငယ်လေးကတည်းက စမ်းတောင်မစမ်းဖူးပါဘူး။ ဒါဟာ သုံးဖို့မပြောပါနဲ့။ အစ်ကို ကင်းရှင်းတယ်ဆိုတာ အနုပညာ လောကထဲ ကသူတိုင်း အားလုံးသိကြပါတယ်”ဟု လူမင်းက ပြောဆိုလိုက်သည်။

လူမင်းသည် လက်ရှိတွင် မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်သည့်အသင်းတွင် ချစ်ကြည်ရေးသံတမန် အဖြစ် ဆောင်ရွက်နေခြင်းဖြစ်ပြီး ဥက္ကဋ္ဌတစ်ယောက်အနေဖြင့် အနုပညာရှင်များနှင့် မူးယစ်ဆေးဝါး ပြဿနာကို ဖော်ထုတ်သွားမည် ဖြစ်သည်။ ယင်းသို့ဖော်ထုတ်ရာတွင် ခိုင်မာမှုရှိပါက တရားဝင်ထုတ် ဖော်ပြောဆိုသွားမည်ဟုလည်း ထပ်မံပြောဆိုလိုက်သည်။

ယင်းသို့မှုခင်းစစ်ချက်ကို ထွက်ဆိုထားသူနှစ်ဦးမှာ မင်းသမီးနှစ်ဦးဟု ဖေ့စ်ဘွတ်တွင် ဖော်ပြထားပြီး ၎င်းတို့အား ဆက်သွယ်မေးမြန်းရာတွင်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

အဆိုပါစာရင်းတွင် ဖော်ပြခြင်းခံရသူ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)က “ဒီကိစ္စက ဘယ်သူတွေ တင်တာလဲ၊ ဘယ်သူတွေ လုပ်တာလဲဆိုတာကို သိဖို့လိုပါတယ်။ ဒီကိစ္စကို ကျွန်တော်ကန့်ကွက်ပါ တယ်။ ရုပ်ရှင်အစည်းအရုံးအနေနဲ့ စုံစမ်းသင့်ပါတယ်၊ ကန့်ကွက်သင့်ပါတယ်။ တရားဝင်ဖြစ်လား မဖြစ် လား၊ ဟုတ်လား မဟုတ်လားဆိုတာကိုတော့ သိရမှပါ။မစိုးကြီးကတော့ မဟုတ်ဘူးလို့ပြောတယ်။ ဒီကိစ္စ ဟာ လျှို့ဝှက်ချက်ဖြစ်ရမှာဆိုတော့အပြင်ကို မထွက်သင့်ပါဘူး။ သက်ဆိုင်ရာက တာဝန်ရှိပါတယ်။ အဲဒါ ကို သေချာလုပ်သင့်တယ်လို့ ထင်ပါတယ်”ဟု ယင်းက ပြောသည်။

ဆေးဝါးသုံးစွဲသည်ဟု ဆက်စပ်ဖော်ထုတ်ခြင်းခံရသည့် အနုပညာရှင်များ စာရင်းတွင် ကွယ်လွန်သူ မင်းသားလည်း ပါဝင်လျက်ရှိသည်ဟု ဖော်ပြထားပြီး ကွယ်လွန်ချိန်အထိ ဖောက်သည်တစ်ဦး အနေဖြင့် ရှိခဲ့သည်ဟုလည်း ပါရှိသည်။ ဒါ့အပြင် ဂီတလောကမှ ထင်ပေါ်ကျော်ကြားသူများ၊ စီးပွားရေးအသိုင်း အ၀ိုင်းနှင့် စစ်ဗိုလ်ချုပ်ကြီးများ၏ သားသမီးအမည်များလည်း အဆိုပါစစ်ချက်၏ ပြောကြားချက်တွင် ပါဝင်လျက်ရှိပြီး အချို့မှာ မူးယစ်ဆေးဝါးအမှုဖြင့် ထိန်းသိမ်းခြင်းခံခဲ့ရသူ ထိပ်တန်းစီးပွားရေး သမားနှင့် ပြန်လည် လွတ်မြောက်လာသည့် ဒါရိုက်တာတစ်ဦး၏အမည်လည်း ပါဝင်လျက်ရှိသည်။

ဘုန်းနေလ(ဒဂုံတက္ကသိုလ်)
Mizzima - News in Burmese

No comments:

Post a Comment