Saturday 12 October 2013

ၾသစေၾတးလ် နိုင်ငံက Cape အတန်းအစား ကင်းလှည့် ရေယာဉ်သစ် တစ်စင်းရေချ

Photo: သြစတြေးလျ နိုင်ငံက Cape အတန်းအစား ကင်းလှည့် ရေယာဉ်သစ် တစ်စင်းရေချ

သြစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့သည် အောက်တိုဘာ ၁၁ ရက်၌ ခေတ်မီ နည်းပညာများ တပ်ဆင်ထားသော Cape အတန်းအစား ပထမဆုံး ကင်းလှည့် ရေယာဉ် ရေချခြင်း အခမ်းအနား အား ဒါဝင်မြို့တွင် ပြုလုပ်ခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
အဆိုပါ Cape St George ကင်းလှည့် ရေယာဉ်သည် Cape ကင်းလှည့်ရေယာဉ် ရှစ်စင်းအနက် ပထမဆုံး တစ်စင်းဖြစ်ပြီး လူမှောင်ခို ကူးမှုနှင့် ပင်လယ်ပြင်မှ တရားမဝင် ဝင်ရောက်မှု တားဆီး တိုက်ဖျက်ရေး စသည့် ပင်လယ်ပြင် စစ်ဆင်ရေးများတွင် အဓိက အသုံးပြု သွားမည်ဟု သိရသည်။

၎င်း Cape အတန်းအစား ကင်းလှည့် ရေယာဉ်သည် လက်ရှိ အသုံးပြုနေသော Bay အတန်းအစား ရေယာဉ်များထက် အရွယ်အစား ပိုမိုကြီးမားပြီး ပိုမိုလျင်မြန်ကြောင်း၊ ရေမိုင် ၄ဝဝဝ အထိ ဆီပြန် မဖြည့်ဘဲ မောင်းနှင်နိုင်ကြောင်းနှင့် တရားမဝင် စက်လှေများအား အလျင်အမြန် စုံစမ်း ထောက်လှမ်းနိုင်သည့် ခေတ်မီနည်းပညာများ တပ်ဆင်ထားပြီး ခရီးသည် ၅ဝ ကျော် သယ်ဆောင်နိုင်ကြောင်း သိရသည်။

Cape အတန်းအစား ကင်းလှည့် ရေယာဉ်ရှစ်စင်း တည်ဆောက်မှုမှာ ၂ဝ၁၅ ခုနှစ်တွင် ပြီးဆုံးမည် ဖြစ်ပြီး ယင်းသင်္ဘောများ တည်ဆောက်မှု ပြီးစီးပါက အဆိုပါ သင်္ဘောများအား သြစတြေး လျ ရေတပ်၏ Armidale အတန်းအစား ရေယာဉ်များ၊ အခြား ရေယာဉ်များနှင့် ပူးတွဲတာဝန် ထမ်းဆောင်စေမည် ဖြစ်ကြောင်း သိရသည်။ Bay အတန်းအစား ရေယာဉ်များကို မူနောက်ထပ် နှစ်နှစ် ထပ်မံ အသုံးပြုမည် ဖြစ်သော်လည်း Cape အတန်းအစား ကင်းလှည့် ရေယာဉ်များ တည်ဆောက်မှု ပြီးစီးပါက ၄င်းရေယာဉ် သစ်များကိုသာ အစားထိုး တာဝန် ထမ်းဆောင် စေမည်ဟု သိရသည်။

myawady
သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့သည် အောက်တိုဘာ ၁၁ ရက်၌ ခေတ်မီ နည်းပညာများ တပ်ဆင်ထားသော Cape အတန်းအစား ပထမဆုံး ကင်းလှည့် ရေယာဉ် ရေချခြင်း အခမ်းအနားအား ဒါဝင်မြို့တွင် ပြုလုပ်ခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
အဆိုပါ Cape St George ကင်းလှည့် ရေယာဉ်သည် Cape ကင်းလှည့်ရေယာဉ် ရှစ်စင်းအနက် ပထမဆုံး တစ်စင်းဖြစ်ပြီး လူမှောင်ခို ကူးမှုနှင့် ပင်လယ်ပြင်မှ တရားမဝင် ဝင်ရောက်မှု တားဆီး တိုက်ဖျက်ရေး စသည့် ပင်လယ်ပြင် စစ်ဆင်ရေးများတွင် အဓိက အသုံးပြု သွားမည်ဟု သိရသည်။

၎င်း Cape အတန်းအစား ကင်းလှည့် ရေယာဉ်သည် လက်ရှိအသုံးပြုနေသော Bay အတန်း အစား ရေယာဉ်များထက် အရွယ်အစားပိုမိုကြီးမားပြီး ပိုမိုလျင်မြန်ကြောင်း၊ ရေမိုင် ၄ဝဝဝ အထိ ဆီပြန် မဖြည့်ဘဲ မောင်းနှင်နိုင်ကြောင်းနှင့် တရားမဝင်စက်လှေများအား အလျင်အမြန်စုံစမ်း ထောက်လှမ်းနိုင် သည့် ခေတ်မီနည်းပညာများ တပ်ဆင်ထားပြီး ခရီးသည် ၅ဝ ကျော် သယ်ဆောင်နိုင်ေ ကြာင်း သိရသည်။

Cape အတန်းအစား ကင်းလှည့် ရေယာဉ်ရှစ်စင်း တည်ဆောက်မှုမှာ ၂ဝ၁၅ ခုနှစ်တွင် ပြီးဆုံးမည် ဖြစ်ပြီး ယင်းသင်္ဘောများ တည်ဆောက်မှု ပြီးစီးပါက အဆိုပါ သင်္ဘောများအား သြစတြေး လျ ရေတပ်၏ Armidale အတန်းအစား ရေယာဉ်များ၊ အခြား ရေယာဉ်များနှင့် ပူးတွဲတာဝန် ထမ်းဆောင်စေ မည် ဖြစ်ကြောင်း သိရသည်။ Bay အတန်းအစား ရေယာဉ်များကို မူနောက်ထပ် နှစ်နှစ် ထပ်မံ အသုံးပြုမည် ဖြစ်သော်လည်း Cape အတန်းအစား ကင်းလှည့် ရေယာဉ်များ တည်ဆောက်မှု ပြီးစီးပါက ၄င်းရေယာဉ် သစ်များကိုသာ အစားထိုး တာဝန် ထမ်းဆောင် စေမည်ဟု သိရသည်။

myawady

No comments:

Post a Comment