Saturday 12 October 2013

အရှေ့တောင်အာရှ နိုင်ငံများတွင် အကြံပေး ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နေသည့် အမေရိကန် အခြေစိုက် Deloitte Consulting မှ မြန်မာနိုင်ငံတွင် မြှုပ်နှံရန် စီစဉ်

Photo: အရှေ့တောင်အာရှ နိုင်ငံများတွင် အကြံပေး ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နေသည့် အမေရိကန် အခြေစိုက် Deloitte Consulting မှ မြန်မာနိုင်ငံတွင် မြှုပ်နှံရန် စီစဉ်
Saturday, October 12, 2013

အရှေ့တောင်အာရှ နိုင်ငံများတွင် အကြံပေး ၀န်ဆောင်မှု လုပ်ငန်းများ လုပ် ကိုင်နေသည့် အမေရိကန် အခြေစိုက် Deloitte Consulting မှ မြန်မာနိုင်ငံ တွင် လာရောက် မြှုပ်နှံလုပ်ကိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ လုပ်ကိုင်ရန်အတွက် စင်ကာပူရုံး (Deloitte Consulting/ICS Pte Ltd) မှ တာဝန်ရှိသူ တစ်ဦးက အောက်တိုဘာ ၁၀ ရက်တွင် မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသို့ လာရောက်၍ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊ ဥပဒေနှင့် အခွင့်အလမ်းများ အကြောင်းကို မေးမြန်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

Deloitte Consulting အနေဖြင့် အရှေ့တောင်အာရှ နိုင်ငံပေါင်း ၁၄၀ ကျော် တွင် သတ္တုတူးဖော်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ စွမ်းအင်၊ ရေအရင်းအမြစ်၊ ဘဏ်လုပ်ငန်း၊ အာမခံ၊ အိမ်ခြံမြေ၊ ပညာရေး၊ နည်းပညာနှင့် ခရီးသွားစသည့် လုပ်ငန်းကများတွင် အကြံပေးဝန်ဆောင်မှုများ လုပ်ကိုင်လျက်ရှိပြီး စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ရုံးခွဲများ ဖွင့်လှစ် ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ၂၀၁၂ ခုနှစ်တွင် ပြင်ဆင်ပြ ဋ္ဌာန်း ခဲ့ပြီးနောက် နိုင်ငံတကာမှ လုပ်ငန်းရှင်များမှ လုပ်ငန်းကဏ္ဍစုံတွင် မြှုပ်နှံ လုပ်ကိုင်ရန် စိတ်ဝင်စားမှု ရှိနေပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသို့ နေ့စဉ်လာရောက် ဆွေးနွေးမေးမြန်းမှုများ ရှိကြောင်း သိရသည်။

အောက်တိုဘာ ၇ ရက်တွင် နိုင်ငံပေါင်း ၆၀ ကျော်တွင် အာမခံ လုပ်ငန်းများ ဆောင်ရွက်နေသည့် အမေရိကန် အခြေစိုက် Metlife အာမခံ လုပ်ငန်းအား မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံး လာရောက်ဖွင့်လှစ်ခွင့်ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ယာယီဖွဲ့စည်း မှတ်ပုံတင်ခွင့် ပြုခဲ့ကြောင်း သိရသည်။ ယင်းအပြင် အောက်တိုဘာ ၉ ရက်တွင် နိုင်ငံပေါင်း ၂၀၀ ကျော်၌ လူသုံးကုန်နှင့် ကျန်းမာရေး အထောက်အကူပြု ကုန်ပစ္စည်းများကို အဓိက ထုတ် လုပ်နေ ဖြန့်ဖြူးရောင်းချနေသည့် အမေရိကန် အခြေစိုက် Colgate-Palmolive ကုမ္ပဏီမှ တာဝန်ရှိသူ များက မြန်မာနိုင်ငံတွင် လာရောက်မြှုပ်နှံ လုပ်ကိုင်ရန် ဆွေးနွေးမှုများ ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်၊ သြဂုတ် လကုန်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ပြည်ပနိုင်ငံများမှ ၀င်ရောက်မြှုပ်နှံထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှု ပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၃ ဘီလျံကျော် ရှိပြီး ယခု ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်မှ သြဂုတ်လကုန်အထိ ရှစ်လအတွင်း ဗြိတိန်၊ ဗီ ယက်နမ်၊ ဟောင်ကောင်၊ ကိုရီးယား၊ တရုတ်၊ သြစတြေးလျ၊ ဂျပန်၊ အိန္ဒိယနှင့် ကနေဒါ နိုင်ငံတို့မှ အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော် ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ထားကြောင်း သိရသည်။

Eleven Media Group

နယူးဇီလန်နိုင်ငံရှိ Deloitte Center အား တွေ့ရစဉ် (ဓာတ်ပုံ - en.wikipedia.org)
နယူးဇီလန်နိုင်ငံရှိ Deloitte Center အား တွေ့ရစဉ် (ဓာတ်ပုံ - en.wikipedia.org)
အရှေ့တောင်အာရှ နိုင်ငံများတွင် အကြံပေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် အမေရိကန် အခြေစိုက် Deloitte Consulting မှ မြန်မာနိုင်ငံတွင် လာရောက် မြှုပ်နှံလုပ်ကိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ လုပ်ကိုင်ရန်အတွက် စင်ကာပူရုံး (Deloitte Consulting/ICS Pte Ltd) မှ တာဝန်ရှိသူတစ်ဦး က အောက်တိုဘာ ၁၀ ရက်တွင် မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနသို့ လာရောက်၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေနှင့်အခွင့်အလမ်းများ အကြောင်း ကို မေးမြန်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

Deloitte Consulting အနေဖြင့် အရှေ့တောင်အာရှ နိုင်ငံပေါင်း ၁၄၀ ကျော်တွင် သတ္တုတူးဖော်ရေး၊ ရေ နံနှင့် သဘာဝဓာတ်ငွေ့၊ စွမ်းအင်၊ ရေအရင်းအမြစ်၊ ဘဏ်လုပ်ငန်း၊ အာမခံ၊ အိမ်ခြံမြေ၊ ပညာရေး၊ နည်းပညာနှင့် ခရီးသွားစသည့်လုပ်ငန်းကများတွင် အကြံပေးဝန်ဆောင်မှုများ လုပ်ကိုင်လျက်ရှိပြီး စင်ကာ ပူ ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ရုံးခွဲများဖွင့်လှစ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ၂၀၁၂ ခုနှစ်တွင် ပြင်ဆင်ပြ ဋ္ဌာန်းခဲ့ပြီးနောက် နိုင်ငံ တကာမှလုပ်ငန်းရှင်များမှ လုပ်ငန်းကဏ္ဍစုံတွင် မြှုပ်နှံလုပ်ကိုင်ရန် စိတ်ဝင်စားမှုရှိနေပြီး ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ နေ့စဉ်လာရောက် ဆွေးနွေးမေးမြန်းမှုများရှိကြောင်းသိရသည်။

အောက်တိုဘာ ၇ ရက်တွင် နိုင်ငံပေါင်း ၆၀ ကျော်တွင် အာမခံ လုပ်ငန်းများ ဆောင်ရွက်နေသည့် အမေရိကန်အခြေစိုက် Metlife အာမခံလုပ်ငန်းအား မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံး လာရောက်ဖွင့် လှစ်ခွင့်ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ယာယီဖွဲ့စည်း မှတ်ပုံတင်ခွင့် ပြု ခဲ့ကြောင်း သိရသည်။ ယင်းအပြင် အောက်တိုဘာ ၉ ရက်တွင် နိုင်ငံပေါင်း ၂၀၀ ကျော်၌ လူသုံးကုန်နှင့် ကျန်းမာရေး အထောက်အကူပြု ကုန်ပစ္စည်းများကို အဓိက ထုတ်လုပ်နေ ဖြန့်ဖြူးရောင်းချနေသည့် အမေရိကန်အခြေစိုက် Colgate-Palmolive ကုမ္ပဏီမှ တာဝန်ရှိသူ များက မြန်မာနိုင်ငံတွင် လာရောက်မြှုပ်နှံ လုပ်ကိုင်ရန် ဆွေးနွေးမှုများ ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်၊ သြဂုတ် လကုန်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ပြည်ပနိုင်ငံ များမှ ၀င်ရောက်မြှုပ်နှံထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှု ပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၃ ဘီလျံကျော် ရှိပြီး ယခု ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်မှ သြဂုတ်လကုန်အထိ ရှစ်လအတွင်း ဗြိတိန်၊ ဗီ ယက်နမ်၊ ဟောင်ကောင်၊ ကိုရီးယား၊ တရုတ်၊ သြစတြေးလျ၊ ဂျပန်၊ အိန္ဒိယနှင့် ကနေဒါ နိုင်ငံတို့မှ အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော် ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ထားကြောင်း သိရသည်။

Eleven Media Group


No comments:

Post a Comment