Saturday 12 October 2013

အစ္စလာမ္မစ်အစွန်းရောက်ဝါဒ၏ အနာဂတ်

Photo: အစ္စလာမ္မစ်အစွန်းရောက်ဝါဒ၏ အနာဂတ် 
Saturday, October 12, 2013

အစ္စလာမ္မစ် အစွန်းရောက်ဝါဒက အနောက်အတွက် ဖန်တီးလိုက်တဲ့ ခြိမ်းခြောက်မှုကဘာလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒရဲ့ ဇာစ်မြစ်တွေက ဘာတွေလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒကို မီးထိုးပေးရာမှာ အစ္စလာမ်ကိုယ်၌က ပါဝင်တဲ့အခန်းကဏ္ဍက ဘာလဲ။ အစ္စလာမ္မစ် အစွန်းရောက်တွေရဲ့ အဓိက ရည်မှန်းချက်တွေက ဘာတွေလဲ။ အစ္စလာမ္မစ် အစွန်းရောက်တွေအတွက် ဒီရည်မှန်းချက်တွေ အောင်မြင်နိုင်စရာ အလားအလာ ဘယ်လောက်ရှိသလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒရဲ့ အနာဂတ်ကို ထိခိုက်စေမယ့် အကြောင်းခြင်းရာတွေက ဘာတွေလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒကို တိုက်ခိုက်ရာမှာ ပျော့ပျောင်းတဲ့ မွတ်ဆလင်တွေ ပါဝင်ရမယ့် အခန်းကဏ္ဍက ဘာလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒက တစ်ကမ္ဘာလုံးရဲ့လုံခြုံရေးကို ဘယ်လောက်ကြာအောင် ခြိမ်းခြောက် အန္တရာယ်ပေးနေမှာလဲ။ ဤမေးခွန်းများအပေါ် လီကွမ်ယု၏ ဖြေကြားချက်များတွင် စင်ကာပူ၏ အိမ်နီးချင်းတို့မှာ မွတ်ဆလင် နိုင်ငံများဖြစ်နေပြီး စင်ကာပူမှာ အကြမ်းဖက် တိုက်ခိုက်မှုများ၏ ပစ်မှတ်တစ်ခု ဖြစ်လာစရာ အလားအလာရှိနေပုံကို ထင်ဟပ်ဖော်ပြထားပါသည်။

အစ္စလာမ္မစ် အစွန်းရောက်ဝါဒက အနောက်အတွက် ဖန်တီးလိုက်တဲ့ ခြိမ်းခြောက်မှုက ဘာလဲ။

ကွန်မြူနစ်နိုင်ငံတွေနဲ့ ဒီမိုကရေစီ နိုင်ငံတွေအကြားမှာ ကြီးမားတဲ့သဘော ကွဲလွဲမှုမရှိတော့ဘူး။ အခု အဲဒီလို သဘော ကွဲလွဲမှုက မွတ်ဆလင် အကြမ်းဖက်သမား တွေကတစ်ဖက် ယူအက်စ်၊ အစ္စရေးနဲ့ သူတို့ကို ထောက်ခံသူတွေက တစ်ဖက် အကြားမှာရှိနေတာ။ ဆင့်ပွားတိုက်ပွဲ ကတော့ စစ်သွေးကြွ အစ္စလာမ္မစ်နဲ့ စစ်သွေးကြွမဟုတ်တဲ့ ခေတ်သစ်ဝါဒီ အစ္စလာမ်တွေကြားက တိုက်ပွဲပဲ။ လူမှုဖွံ့ဖြိုး တိုးတက်မှုသမိုင်းမှာ အရင်က ရင်မဆိုင်ခဲ့ဖူးတဲ့ အခြေအနေသစ် တစ်ခုနဲ့ ကျွန်တော်တို့ ရင်ဆိုင်နေကြရတာ ဖြစ်တယ်။ ကျွန်တော်တို့မှာ တခြားသူတွေ ထိခိုက်ပျက်စီးဖို့ ကိုယ့်ကိုယ်ကိုယ် လိုလိုလားလား ဖျက်ဆီးပစ်မယ့် လူတစ်စုရှိနေတယ်။ သူတို့အရင် ရှိခဲ့တာက တမီးလ်ကျားတွေ။ ဒါပေမဲ့ သူတို့က အခိုင်အမာရှိတဲ့ အကြောင်းပြချက် တစ်ခုအတွက် တိုက်ခဲ့ကြတာ။ သီရိလင်္ကာက တမီးလ်တွေ နေစရာကိုယ်ပိုင် ဒေသတစ်ခုရဖို့ အတွက်ပဲ။ အခုဟာက ဘာသာရေးခံယူချက်က ပေါက်ဖွားလာတဲ့ တခြား အကြောင်းပြချက် တစ်ခုအတွက်၊ အစ္စလာမ်အတွက် တိုက်နေကြတာ။

အယ်လ်ကေဒါစတိုင် အကြမ်းဖက် ဝါဒက တစ်ကမ္ဘာလုံးအနှံ့ ပျံ့တာကြောင့် ဆန်းသစ်ပြီး တစ်မူထူးတယ်။ မော်ရော့ကို နိုင်ငံက အဖြစ်အပျက်တစ်ခုဟာ အင်ဒိုနီးရှား မှာရှိတဲ့ အစွန်းရောက် အုပ်စုတွေရဲ့ ဆန္ဒဇောကို လှုံ့ဆွပေးနိုင်တယ်။ ကမ္ဘာတစ်ဝန်းလုံးက ဒီအစွန်းရောက်သမား ပေါင်းစုံ တွေထဲမှာ တူညီတဲ့ တစ်ယူသန် အစွဲကြီးစိတ် ရှိတယ်။ ဒီအစ္စလာမ္မစ် အကြမ်းဖက်ဝါဒတွေ တစ်ဟုန်ထိုး အုံကြွလာတာကို နှိမ်နင်းဖို့က နှစ်ပေါင်း အတော်ကြာလိမ့်မယ်။ လောလောဆယ် ကမ္ဘာကြီးမှာ ဒီအကြမ်းဖက်သမား တွေလက်ထဲ ဖျက်အားပြင်း လက်နက်တွေ ရောက်သွားမယ့် အန္တရာယ် ရှိနေတယ်။ ဒီလို သာရောက်သွားခဲ့ရင် ကြောက်မက်ဖွယ် ကောင်းတဲ့ သတ်ဖြတ်ပွဲကြီး ဖြစ်လာလိမ့်မယ်။ ရန်လိုတဲ့ နိုင်ငံတွေရဲ့ နျူကလီးယား အစီအစဉ်တွေကို ဒါကြောင့် ရပ်ဆိုင်းပစ်ရ မယ်။ သူတို့ သိုလှောင်ထားတဲ့ လက်နက်တွေ၊ ပစ္စည်းတွေကိုလည်း သိမ်းရမယ်။

အစ္စလာမ်က ဘာပြဿနာမှ ရှိခဲ့တာ မဟုတ်ဘူး။ သို့သော်လည်း ခေတ်ပြိုင် ရက်ဒီကယ် အစ္စလာမ်ဆိုတဲ့ အစ္စလာမ်ဝါဒက ပြဿနာ။ ရေနံနဲ့ မရောယှက်တဲ့ အစ္စလာမ် ဝါဒက အန္တရာယ် ပေးနိုင်တယ်။ ဒါပေမဲ့ အစ္စလာမ်ဝါဒ အပေါင်း ရေနံကတော့ အန္တရာယ်ပေးဖို့ လွယ်ကူတဲ့ အရောအဖက် ဖြစ်သွားပြီ။ အစ္စလာမ်ဝါဒအပေါင်း ရေနံ အပေါင်း ဖျက်အားပြင်းလက်နက် ညီမျှခြင်း အန္တရာယ်ပဲ။ နျူကလီးယား ထုတ်လုပ်နိုင်စွမ်းရှိတဲ့ အီရန်နိုင်ငံက ပထဝီနိုင်ငံရေး ချိန်ခွင်လျှာကို သိသိသာသာ ပြောင်းပစ်လိမ့်မယ်။ တခြား အရှေ့အလယ်ပိုင်း နိုင်ငံတွေကလည်း နျူကလီးယားလက်နက် ရချင်လာကြလိမ့်မယ်။ WMD (ဖျက်အားပြင်းလက်နက်) အတွက် နျူကလီးယားစွမ်းအင် ထုတ်လုပ်နိုင်စွမ်း ရှိတဲ့ ပစ္စည်းတွေ အကြမ်းဖက် သမားတွေလက်ထဲ ရောက်သွားမယ့် အခွင့်အလမ်း တွေလည်း ပိုများလာလိမ့်မယ်။

အစ္စလာမ္မစ် အစွန်းရောက်ဝါဒရဲ့ ဇာစ်မြစ်တွေက ဘာတွေလဲ။

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခက အစ္စလာမ္မစ် အကြမ်းဖက်ဝါဒ ပေါ်ပေါက်ရတဲ့ အကြောင်းရင်း မဟုတ်ဘူး။ မွတ်ဆလင်တွေ အထူးသဖြင့် အရှေ့အလယ်ပိုင်းက မွတ်ဆလင် တွေကြားမှာ အနောက်က သူတို့အပေါ် နှိမ့်ချ ဆက်ဆံခဲ့တာ ကြာလှပြီ။ အခု သူတို့ခေတ် ရောက်ပြီလို့ အလေးအနက် ယုံကြည်နေကြတယ်။ ၁၉၅၀ ပြည့်နှစ်တွေနဲ့ ၁၉၆၀ ပြည့်နှစ်တွေမှာ အာရပ်မျိုးနွယ်လုံး ဆိုင်ရာ အမျိုးသားရေးဝါဒက မွတ်ဆလင်ကမ္ဘာ စည်းလုံးညီညွတ်ရေးကို ဆောင်ရွက်မပေးနိုင်တော့ အစ္စလာမ် အစွဲသန်စိတ်က ညီညွတ်အောင် ပေါင်းစည်းပေးမယ့် တခြားရွေးစရာ အင်အား တစ်ခုဖြစ်လာခဲ့တယ်။

အောင်မြင်မှု သိပ်မရကြသူတွေ အတွင်းမှာ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ဖြစ်ပေါ်လာတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့စိတ်၊ အပယ်ခံစိတ်တွေပေါ် မှီပြီး စစ်သွေးကြွအစ္စလာမ်က ရှင်သန်တာ။ ဒါ့အပြင် ဂလိုဘယ်လိုက်ဇေးရှင်းကို အဓိက အားဖြင့် ယူအက်စ်က ဦးဆောင်ပြီး မောင်းနှင်တာ ဆိုတော့ စစ်သွေးကြွအစ္စလာမ်က အမေရိကားနဲ့ အမေရိကန်တွေဟာ အစ္စလာမ်ကို ခြိမ်းခြောက်သူအဖြစ် သတ်မှတ်လိုက်ကြတယ်။ အမေရိကားက အစ္စရေးကို အခိုင်အမာ ထောက်ခံတာကလည်း သူတို့စိုးရိမ် ထိတ်လန့်စိတ်ကို ဆွပေးနေတာပဲ။ ဒါပေမဲ့ အရှေ့အလယ်ပိုင်း ပြဿနာ ဖြေရှင်းပြီးသွားရင်တောင် အကြမ်းဖက်ဝါဒက ဆက်ရှိနေဦးမှာ။

အစ္စရေးနိုင်ငံ ထူထောင်လိုက် ကတည်းက အရှေ့အလယ်ပိုင်း အာရပ်တွေက သူတို့ စာသင်ကျောင်းတွေ၊ ဘာသာရေး ကျောင်းတွေ၊ ဗလီတွေမှာ ဂျူးမုန်းတီးရေး၊ အစ္စရေးမုန်းတီးရေးကို သင်ပေးနေ ခဲ့ကြတာ။ ဒါကို အသိမ်းပိုက်ခံ ပါလက်စတိုင်း နယ်မြေထဲ အင်အားကြီးမားတဲ့ အစ္စရေးရဲ့ စစ်ရေး ကျူးကျော်မှုတွေကို ထပ်တလဲလဲပြနေတဲ့ မီဒီယာပုံရိပ်တွေနဲ့ မကြာခဏ အားဖြည့်ပေး ကြတယ်။ ကွက်တိကွက်ကြား စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ အနှစ် ၄၀ နောက်ပိုင်းမှာ တစ်ချိန်က ဂုဏ်ယူ ဝင့်ကြွားလောက်တဲ့ အစ္စလာမ် လူမှုအဖွဲ့အစည်းဟာ အနောက် အထူးသဖြင့် အမေရိကားကြောင့် ဆုတ်ယုတ်သွားပြီး အမေရိကားရဲ့ လိင်မှုကိစ္စလော်လီတဲ့ ယဉ်ကျေးမှုကြောင့် ဖောက်ပြန် ပျက်စီးသွားပြီ ဆိုပြီး အာရပ်တွေ ဒေါသထွက် အရှက်ရကြတယ်။
ပါလက်စတိုင်း ပဋိပက္ခ ချုပ်ငြိမ်းသွားရင် အစွန်းရောက်တွေ အတွက် အလွယ်တကူ လှုံ့ဆော်စည်းရုံးစရာ အချက်တစ်ခု လက်လွတ်သွားမယ်။ ဒါပေမဲ့ အာရပ်နိုင်ငံ တွေနဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေ အုပ်ချုပ်တဲ့ နိုင်ငံတွေမှာ စစ်သွေးကြွ အုပ်စုတွေ ကျရှုံးသွားတာ မတွေ့ရသေးရင် အာရပ်မဟုတ်တဲ့ မွတ်ဆလင်ကမ္ဘာက ဂျမားအစ္စလာမီယားနဲ့ တခြားစစ်သွေးကြွ အုပ်စုတွေက အစွန်းရောက်တွေ စုဆောင်းတာ ဆက်လုပ်နေကြဦးမှာပဲ။ အစ္စရေး- ပါလက်စတိုင်း ပြေငြိမ်းမှု ရသွားရင်တောင်မှ အာရပ်မဟုတ်တဲ့ မွတ်ဆလင်တွေကို တစ်ယူသန်ဝါဒနဲ့ စစ်သွေးကြွလှုပ်ရှားမှုဟာ အောင် မြင်ဖို့ အလားအလာ မရှိကြောင်း ရှင်းရှင်းလင်းလင်း လက်တွေ့ပြသနိုင်အောင် ယူအက်စ်နဲ့ သူ့အနောက်တိုင်း မဟာမိတ်တွေက အစ္စလာမ် စစ်သွေးကြွဝါဒကို စီးပွားရေး၊ စစ်ရေးအပြင် တခြားနည်းလမ်း တွေနဲ့ပါ အသေအချာ ချေမှုန်းပစ်ရမယ်။

အရှေ့တောင်အာရှက အစ္စလာမ်ရဲ့ သဘောသဘာဝက လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ အတွင်းမှာ ပြောင်းလဲသွားခဲ့တယ်။ ပထမဦးဆုံး ၁၉၇၃ ခုနှစ်တုန်းက ရေနံဈေးလေးဆ တက်သွားပြီးတဲ့ နောက်ပိုင်းမှာ ဆော်ဒီအာရေးဗီးယား နိုင်ငံက တစ်ကမ္ဘာလုံးမှာ ဗလီတွေ၊ ဘာသာရေးကျောင်းတွေ ဆောက်ပေးပြီး ဘာသာရေးဆရာတွေ လစာထောက်ပံ့တဲ့ သာသနာပြု လှုပ်ရှားမှုကို ရက်ရက်ရောရော ငွေကြေးပံ့ပိုး ပေးခဲ့တယ်။ အဲဒီနောက် ၁၉၇၉ ခုနှစ် အီရန်မှာ ရှားဘုရင်ကို ဖယ်ရှား ပစ်လိုက်တာက အစ္စလာမ်ရဲ့ ပါဝါအပေါ် မွတ်ဆလင်တွေ ယုံကြည်သက်ဝင်ကြပုံကို အကြီးအကျယ် သြဇာ သက်ရောက်ခဲ့တယ်။

နောက်ဆုံးအနေနဲ့ ၁၉၈၀ ပြည့်နှစ်တွေ နဲ့ ၁၉၉၀ ပြည့်နှစ်တွေအတွင်း အာဖဂန်နစ္စတန် ဂျီဟတ်စစ်ပွဲကို အရှေ့တောင်အာရှက မွတ်ဆလင်ပေါင်းများစွာ ပါဝင် ဆင်နွှဲကြ တဲ့အတွက် အရှေ့တောင်အာရှ မွတ်ဆလင် အတော်များများ အစွန်းရောက်တွေ ဖြစ်သွားကြတယ်။
ကျွန်တော်တို့ဆီက မွတ်ဆလင်တွေကို "ခင်ဗျားတိုလိုက်နာတဲ့ ဘာသာရေး ကျင့်စဉ်တွေက ဘာကြောင့်အလွန်အမင်း စည်းကမ်းကြီးလာကြတာလဲ" လို့ မေးတဲ့ အခါ သူတို့ကဖြေတယ်။ "ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့က ပညာပိုတတ်တယ်။ ဒီတော့ ဘယ်ဟာကို လိုက်နာစောင့်ထိန်း ကြရမယ်ဆိုတာ ပိုသိတယ်" ဒါပေမဲ့ ဒီ့ထက် အရေးပါတဲ့ အကြောင်းရင်းက မွတ်ဆလင် ကမ္ဘာရဲ့ အချက်အချာမှာရှိတဲ့ ဘာသာတူတွေရဲ့ ဖိအားပဲ။ ဗလီတွေ၊ မဒရာဆာ ဘာသာရေးကျောင်းတွေ၊ ဘာသာရေးဆရာ တွေကို ထောက်ပံ့ပေးတဲ့ ဆော်ဒီရန်ပုံငွေ တွေကြောင့် ကမ္ဘာအနှံ့ ဘာသာရေးစိတ် ပြင်းပြမှုတွေ တိုးလာတာနဲ့အမျှ အဲဒီလူတွေ အားလုံးက အသင့်အနေအထားနဲ့ နိုးကြား နေကြတယ်။ အဲဒီနောက် စိတ်ဇောသန်သူ တွေထဲက တချို့ကို ဂျီဟတ်စစ်သည်တွေ ဖြစ်လာအောင် အစွန်းရောက် ရယ်ဒီကယ် တွေက အပိုင်စီး ထိန်းထားလိုက်ကြတယ်။ အယ်လ်ကေဒါနဲ့ သူတို့ဒေသခံ အစွန်းရောက် တွေက ဗလီတွေမှာ သူတို့ကိုယ်ပိုင် ဘာသာရေး သင်တန်းတွေအတွက် သင့်တော်မယ် ထင်တဲ့သူ လူသစ်တွေ စုဆောင်းကြတယ်။
ဒီသင်တန်းတွေမှာ ကမ္ဘာအနှံ့ အဖိနှိပ်ခံ မွတ်ဆလင်တွေ အတွက် တိုက်ပွဲဝင်ဖို့က ဘာသာရေးကိုင်းရှိုင်းတဲ့ မွတ်ဆလင် အားလုံးရဲ့တာဝန်ဖြစ်တယ်။ လိုအပ်ရင် ဒီအရေးအတွက် အသက်ပေးပြီး အာဇာနည်တွေ လုပ်ကြရမယ်လို့ သင်ကြားကြတယ်။

အရှေ့တောင်အာရှမှာ မွတ်ဆလင် တွေက တခြားမွတ်ဆလင်တွေနဲ့ မတူဘူး။ သူတို့က စိတ်အေးလက်အေး ရှိတယ်။ ပေါင်းရသင်းရတာ အဆင်ပြေတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်ကျော်အတွင်း ရေနံအကျပ်အတည်း ဖြစ်ကတည်းက ရေနံဒေါ်လာတွေက မွတ်ဆလင်ကမ္ဘာမှာ အဓိကသြဇာ သက်ရောက်တဲ့ အချက်ဖြစ်လာတယ်။ အစွန်းရောက်တွေက ဘာသာရေး သိမ်းသွင်းတာတွေ လုပ်ခဲ့ကြတယ်။ ဝါဟာဘီဝါဒကို သင်ကြားပေးတဲ့ ဗလီတွေ၊ ဘာသာရေး ကျောင်းတွေ ဆောက်ခဲ့ကြတယ်။ တရားဟော ဆရာတွေ စေလွှတ်ခဲ့ကြတယ်။ ညီလာခံတွေ ကျင်းပခဲ့ကြတယ်။ ကမ္ဘာအနှံ့ ဖြန့်တာ ကွန်ရက်ဖွဲ့တာတွေ လုပ်ခဲ့ကြတယ်။
(တန်ဖိုးအဆင့်သတ်မှတ်တဲ့) ရွှေစံချိန်က ဆော်ဒီအာရေးဗီးယား ဖြစ်တယ်။ ဆော်ဒီအာရေးဗီးယား ဟာ တကယ့်အစစ်အမှန် ဘာသာရေးကိုင်းရှိုင်းတဲ့ မွတ်ဆလင်တွေ ဖြစ်တယ်ဆိုတဲ့ အကြောင်း အရှေ့တောင်အာရှ မွတ်ဆလင်တွေ တကယ်တော့ ကမ္ဘာ တစ်ဝန်းလုံး မွတ်ဆလင်တွေကို တဖြည်းဖြည်းနဲ့ လက်ခံ ယုံကြည်လာအောင် လုပ်ခဲ့ကြတယ်။

The Voice Weekly
အစ္စလာမ္မစ် အစွန်းရောက်ဝါဒက အနောက်အတွက် ဖန်တီးလိုက်တဲ့ ခြိမ်းခြောက်မှုကဘာလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒရဲ့ ဇာစ်မြစ်တွေက ဘာတွေလဲ။
အစ္စလာမ္မစ် အစွန်းရောက်ဝါဒကို မီးထိုးပေးရာမှာ အစ္စလာမ်ကိုယ်၌က ပါဝင်တဲ့အခန်းကဏ္ဍက ဘာလဲ။ အစ္စလာမ္မစ်အစွန်းရောက်တွေရဲ့ အဓိကရည်မှန်းချက်တွေက ဘာတွေလဲ။ အစ္စလာမ္မစ် အစွန်းရောက်တွေ အတွက် ဒီရည်မှန်းချက်တွေ အောင်မြင်နိုင်စရာ အလားအလာ ဘယ်လောက်ရှိသလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒရဲ့ အနာဂတ်ကို ထိခိုက်စေမယ့် အကြောင်းခြင်းရာတွေက ဘာတွေလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒကို တိုက်ခိုက်ရာမှာ ပျော့ပျောင်းတဲ့ မွတ်ဆလင်တွေ ပါဝင်ရမယ့် အခန်းကဏ္ဍက ဘာလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒက တစ်ကမ္ဘာလုံးရဲ့လုံခြုံရေးကို ဘယ်လောက်ကြာအောင် ခြိမ်းခြောက် အန္တရာယ်ပေးနေမှာလဲ။ ဤမေးခွန်းများအပေါ် လီကွမ်ယု၏ ဖြေကြားချက်များတွင် စင်ကာပူ၏ အိမ်နီးချင်းတို့မှာ မွတ်ဆလင် နိုင်ငံများဖြစ်နေပြီး စင်ကာပူမှာ အကြမ်းဖက် တိုက်ခိုက်မှုများ၏ ပစ်မှတ်တစ်ခု ဖြစ်လာစရာ အလားအလာရှိနေပုံကို ထင်ဟပ်ဖော်ပြထားပါသည်။

အစ္စလာမ္မစ် အစွန်းရောက်ဝါဒက အနောက်အတွက် ဖန်တီးလိုက်တဲ့ ခြိမ်းခြောက်မှုက ဘာလဲ။

ကွန်မြူနစ်နိုင်ငံတွေနဲ့ ဒီမိုကရေစီ နိုင်ငံတွေအကြားမှာ ကြီးမားတဲ့သဘော ကွဲလွဲမှုမရှိတော့ဘူး။ အခု အဲဒီလို သဘော ကွဲလွဲမှုက မွတ်ဆလင် အကြမ်းဖက်သမား တွေကတစ်ဖက် ယူအက်စ်၊ အစ္စရေးနဲ့ သူတို့ကို ထောက်ခံသူတွေက တစ်ဖက် အကြားမှာရှိနေတာ။ ဆင့်ပွားတိုက်ပွဲ ကတော့ စစ်သွေးကြွ အစ္စလာမ္မစ်နဲ့ စစ်သွေးကြွမဟုတ်တဲ့ ခေတ်သစ်ဝါဒီ အစ္စလာမ်တွေကြားက တိုက်ပွဲပဲ။ လူမှုဖွံ့ဖြိုး တိုးတက်မှုသမိုင်းမှာ အရင်က ရင်မဆိုင်ခဲ့ဖူးတဲ့ အခြေအနေသစ် တစ်ခုနဲ့ ကျွန်တော်တို့ ရင်ဆိုင်နေကြရတာ ဖြစ်တယ်။ ကျွန်တော်တို့မှာ တခြားသူတွေ ထိခိုက်ပျက်စီးဖို့ ကိုယ့်ကိုယ်ကိုယ် လိုလို လားလား ဖျက်ဆီးပစ်မယ့် လူတစ်စုရှိနေတယ်။ သူတို့အရင် ရှိခဲ့တာက တမီးလ်ကျားတွေ။ ဒါပေမဲ့ သူတို့က အခိုင်အမာရှိတဲ့ အကြောင်းပြချက် တစ်ခုအတွက် တိုက်ခဲ့ကြတာ။ သီရိလင်္ကာက တမီးလ်တွေ နေစရာကိုယ်ပိုင် ဒေသတစ်ခုရဖို့ အတွက်ပဲ။ အခုဟာက ဘာသာရေးခံယူချက် က ပေါက် ဖွား လာတဲ့ တခြား အကြောင်းပြချက် တစ်ခုအတွက်၊ အစ္စလာမ်အတွက် တိုက်နေကြတာ။

အယ်လ်ကေဒါစတိုင် အကြမ်းဖက် ဝါဒက တစ်ကမ္ဘာလုံးအနှံ့ ပျံ့တာကြောင့် ဆန်းသစ်ပြီး တစ်မူထူး တယ်။ မော်ရော့ကို နိုင်ငံက အဖြစ်အပျက်တစ်ခုဟာ အင်ဒိုနီးရှား မှာရှိတဲ့ အစွန်းရောက် အုပ်စုတွေရဲ့ ဆန္ဒဇောကို လှုံ့ဆွပေးနိုင်တယ်။ ကမ္ဘာတစ်ဝန်းလုံးက ဒီအစွန်းရောက်သမား ပေါင်းစုံ တွေထဲမှာ တူညီတဲ့ တစ်ယူသန် အစွဲကြီးစိတ် ရှိတယ်။ ဒီအစ္စလာမ္မစ် အကြမ်းဖက်ဝါဒတွေ တစ်ဟုန်ထိုး အုံကြွလာတာ ကို နှိမ်နင်းဖို့က နှစ်ပေါင်း အတော်ကြာလိမ့်မယ်။ လောလောဆယ် ကမ္ဘာကြီးမှာ ဒီအကြမ်းဖက် သမား တွေလက်ထဲ ဖျက်အားပြင်း လက်နက်တွေ ရောက်သွားမယ့် အန္တရာယ် ရှိနေတယ်။ ဒီလို သာရောက်သွားခဲ့ရင် ကြောက်မက်ဖွယ် ကောင်းတဲ့ သတ်ဖြတ်ပွဲကြီး ဖြစ်လာလိမ့်မယ်။ ရန်လို တဲ့ နိုင်ငံတွေရဲ့ နျူကလီးယား အစီအစဉ်တွေကို ဒါကြောင့် ရပ်ဆိုင်းပစ်ရ မယ်။ သူတို့ သိုလှောင်ထားတဲ့ လက်နက်တွေ၊ ပစ္စည်းတွေကိုလည်း သိမ်းရမယ်။

အစ္စလာမ်က ဘာပြဿနာမှ ရှိခဲ့တာ မဟုတ်ဘူး။ သို့သော်လည်း ခေတ်ပြိုင် ရက်ဒီကယ် အစ္စလာမ်ဆိုတဲ့ အစ္စလာမ်ဝါဒက ပြဿနာ။ ရေနံနဲ့ မရောယှက်တဲ့ အစ္စလာမ် ဝါဒက အန္တရာယ် ပေးနိုင်တယ်။ ဒါပေမဲ့ အစ္စလာမ်ဝါဒ အပေါင်း ရေနံကတော့ အန္တရာယ်ပေးဖို့ လွယ်ကူတဲ့ အရောအဖက် ဖြစ်သွားပြီ။ အစ္စလာမ်ဝါဒအပေါင်း ရေနံ အပေါင်း ဖျက်အားပြင်းလက်နက် ညီမျှခြင်း အန္တရာယ်ပဲ။ နျူကလီးယား ထုတ်လုပ်နိုင်စွမ်းရှိတဲ့ အီရန်နိုင်ငံက ပထဝီနိုင်ငံရေး ချိန်ခွင်လျှာကို သိသိသာသာ ပြောင်းပစ်လိမ့်မယ်။ တခြား အရှေ့အလယ်ပိုင်း နိုင်ငံတွေကလည်း နျူကလီးယားလက်နက် ရချင်လာကြလိမ့်မယ်။ WMD (ဖျက်အားပြင်းလက်နက်) အတွက် နျူကလီးယားစွမ်းအင် ထုတ်လုပ်နိုင်စွမ်း ရှိတဲ့ ပစ္စည်းတွေ အကြမ်းဖက် သမားတွေလက်ထဲ ရောက်သွားမယ့် အခွင့်အလမ်း တွေလည်း ပိုများလာလိမ့်မယ်။

အစ္စလာမ္မစ် အစွန်းရောက်ဝါဒရဲ့ ဇာစ်မြစ်တွေက ဘာတွေလဲ။

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခက အစ္စလာမ္မစ် အကြမ်းဖက်ဝါဒ ပေါ်ပေါက်ရတဲ့ အကြောင်းရင်း မဟုတ်ဘူး။ မွတ်ဆလင်တွေ အထူးသဖြင့် အရှေ့အလယ်ပိုင်းက မွတ်ဆလင် တွေကြားမှာ အနောက်က သူတို့အပေါ် နှိမ့်ချ ဆက်ဆံခဲ့တာ ကြာလှပြီ။ အခု သူတို့ခေတ် ရောက်ပြီလို့ အလေးအနက် ယုံကြည်နေကြတယ်။ ၁၉၅၀ ပြည့်နှစ်တွေနဲ့ ၁၉၆၀ ပြည့်နှစ်တွေမှာ အာရပ်မျိုးနွယ်လုံး ဆိုင်ရာ အမျိုးသားရေးဝါဒက မွတ်ဆလင်ကမ္ဘာ စည်းလုံးညီညွတ်ရေးကို ဆောင်ရွက်မပေးနိုင်တော့ အစ္စလာမ် အစွဲသန်စိတ်က ညီညွတ်အောင် ပေါင်းစည်းပေးမယ့် တခြားရွေးစရာ အင်အား တစ်ခုဖြစ်လာခဲ့တယ်။

အောင်မြင်မှု သိပ်မရကြသူတွေ အတွင်းမှာ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ဖြစ်ပေါ်လာတဲ့ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှု ကင်းမဲ့စိတ်၊ အပယ်ခံစိတ်တွေပေါ် မှီပြီး စစ်သွေးကြွအစ္စလာမ်က ရှင်သန်တာ။ ဒါ့အပြင် ဂလိုဘယ်လိုက်ဇေးရှင်းကို အဓိက အားဖြင့် ယူအက်စ်က ဦးဆောင်ပြီး မောင်းနှင်တာ ဆိုတော့ စစ်သွေးကြွအစ္စလာမ်က အမေရိကားနဲ့ အမေရိကန်တွေဟာ အစ္စလာမ်ကို ခြိမ်းခြောက်သူအဖြစ် သတ်မှတ်လိုက်ကြတယ်။ အမေရိကားက အစ္စရေးကို အခိုင်အမာ ထောက်ခံတာကလည်း သူတို့စိုးရိမ် ထိတ်လန့်စိတ်ကို ဆွပေးနေတာပဲ။ ဒါပေမဲ့ အရှေ့အလယ်ပိုင်း ပြဿနာ ဖြေရှင်းပြီးသွားရင်တောင် အကြမ်းဖက်ဝါဒက ဆက်ရှိနေဦးမှာ။

အစ္စရေးနိုင်ငံ ထူထောင်လိုက် ကတည်းက အရှေ့အလယ်ပိုင်း အာရပ်တွေက သူတို့ စာသင်ကျောင်းတွေ၊ ဘာသာရေး ကျောင်းတွေ၊ ဗလီတွေမှာ ဂျူးမုန်းတီးရေး၊ အစ္စရေးမုန်းတီးရေးကို သင်ပေးနေ ခဲ့ကြတာ။ ဒါကို အသိမ်းပိုက်ခံ ပါလက်စတိုင်း နယ်မြေထဲ အင်အားကြီးမားတဲ့ အစ္စရေးရဲ့ စစ်ရေး ကျူးကျော်မှုတွေကို ထပ်တလဲလဲပြနေတဲ့ မီဒီယာပုံရိပ်တွေနဲ့ မကြာခဏ အားဖြည့်ပေး ကြတယ်။ ကွက်တိကွက်ကြား စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ အနှစ် ၄၀ နောက်ပိုင်းမှာ တစ်ချိန်က ဂုဏ်ယူ ဝင့်ကြွားလောက်တဲ့ အစ္စလာမ် လူမှုအဖွဲ့အစည်းဟာ အနောက် အထူးသဖြင့် အမေရိကားကြောင့် ဆုတ်ယုတ်သွားပြီး အမေရိကားရဲ့ လိင်မှုကိစ္စလော်လီတဲ့ ယဉ်ကျေးမှုကြောင့် ဖောက်ပြန် ပျက်စီးသွားပြီ ဆိုပြီး အာရပ်တွေ ဒေါသထွက် အရှက်ရကြတယ်။
ပါလက်စတိုင်း ပဋိပက္ခ ချုပ်ငြိမ်းသွားရင် အစွန်းရောက်တွေ အတွက် အလွယ်တကူ လှုံ့ဆော်စည်းရုံးစရာ အချက်တစ်ခု လက်လွတ်သွားမယ်။ ဒါပေမဲ့ အာရပ်နိုင်ငံ တွေနဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေ အုပ်ချုပ်တဲ့ နိုင်ငံတွေမှာ စစ်သွေးကြွ အုပ်စုတွေ ကျရှုံးသွားတာ မတွေ့ရသေးရင် အာရပ်မဟုတ်တဲ့ မွတ်ဆလင်ကမ္ဘာက ဂျမားအစ္စလာမီယားနဲ့ တခြားစစ်သွေးကြွ အုပ်စုတွေက အစွန်းရောက်တွေ စုဆောင်းတာ ဆက်လုပ်နေကြဦးမှာပဲ။ အစ္စရေး- ပါလက်စတိုင်း ပြေငြိမ်းမှု ရသွားရင်တောင်မှ အာရပ်မဟုတ်တဲ့ မွတ်ဆလင်တွေကို တစ်ယူသန်ဝါဒနဲ့ စစ်သွေးကြွလှုပ်ရှားမှုဟာ အောင် မြင်ဖို့ အလားအလာ မရှိကြောင်း ရှင်းရှင်းလင်းလင်း လက်တွေ့ပြသနိုင်အောင် ယူအက်စ်နဲ့ သူ့အနောက်တိုင်း မဟာမိတ်တွေက အစ္စလာမ် စစ်သွေးကြွဝါဒကို စီးပွားရေး၊ စစ်ရေးအပြင် တခြားနည်းလမ်း တွေနဲ့ပါ အသေအချာ ချေမှုန်းပစ်ရမယ်။

အရှေ့တောင်အာရှက အစ္စလာမ်ရဲ့ သဘောသဘာဝက လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ အတွင်းမှာ ပြောင်းလဲ သွားခဲ့ တယ်။ ပထမဦးဆုံး ၁၉၇၃ ခုနှစ်တုန်းက ရေနံဈေးလေးဆ တက်သွားပြီးတဲ့ နောက်ပိုင်း မှာ ဆော်ဒီအာရေးဗီးယား နိုင်ငံက တစ်ကမ္ဘာလုံးမှာ ဗလီတွေ၊ ဘာသာရေးကျောင်းတွေ ဆောက်ပေးပြီး ဘာသာရေးဆရာတွေ လစာထောက်ပံ့တဲ့ သာသနာပြု လှုပ်ရှားမှုကို ရက်ရက်ရောရော ငွေကြေး ပံ့ပိုး ပေးခဲ့တယ်။ အဲဒီနောက် ၁၉၇၉ ခုနှစ် အီရန်မှာ ရှားဘုရင်ကို ဖယ်ရှား ပစ်လိုက်တာက အစ္စလာမ်ရဲ့ ပါဝါအပေါ် မွတ်ဆလင်တွေ ယုံကြည်သက်ဝင်ကြပုံကို အကြီးအကျယ် သြဇာ သက်ရောက်ခဲ့တယ်။

နောက်ဆုံးအနေနဲ့ ၁၉၈၀ ပြည့်နှစ်တွေ နဲ့ ၁၉၉၀ ပြည့်နှစ်တွေအတွင်း အာဖဂန်နစ္စတန် ဂျီဟတ်စစ်ပွဲကို အရှေ့တောင်အာရှက မွတ်ဆလင်ပေါင်းများစွာ ပါဝင် ဆင်နွှဲကြ တဲ့အတွက် အရှေ့တောင်အာရှ မွတ်ဆလင် အတော်များများ အစွန်းရောက်တွေ ဖြစ်သွားကြတယ်။
ကျွန်တော်တို့ဆီက မွတ်ဆလင်တွေကို "ခင်ဗျားတိုလိုက်နာတဲ့ ဘာသာရေး ကျင့်စဉ်တွေက ဘာကြောင့်အလွန်အမင်း စည်းကမ်းကြီးလာကြတာလဲ" လို့ မေးတဲ့ အခါ သူတို့ကဖြေတယ်။ "ဘာကြောင့် လဲ ဆိုတော့ ကျွန်တော်တို့က ပညာပိုတတ်တယ်။ ဒီတော့ ဘယ်ဟာကို လိုက်နာစောင့်ထိန်း ကြရမယ်ဆို တာ ပိုသိတယ်" ဒါပေမဲ့ ဒီ့ထက် အရေးပါတဲ့ အကြောင်းရင်းက မွတ်ဆလင် ကမ္ဘာရဲ့ အချက်အချာမှာရှိတဲ့ ဘာသာတူတွေရဲ့ ဖိအားပဲ။ ဗလီတွေ၊ မဒရာဆာ ဘာသာရေးကျောင်းတွေ၊ ဘာသာရေးဆရာ တွေ ကို ထောက်ပံ့ပေးတဲ့ ဆော်ဒီရန်ပုံငွေ တွေကြောင့် ကမ္ဘာအနှံ့ ဘာသာရေးစိတ် ပြင်းပြမှုတွေ တိုးလာတာနဲ့ အမျှ အဲဒီလူတွေ အားလုံးက အသင့်အနေအထား နဲ့ နိုးကြား နေကြတယ်။ အဲဒီနောက် စိတ်ဇော သန်သူ တွေထဲက တချို့ကို ဂျီဟတ်စစ်သည်တွေ ဖြစ်လာအောင် အစွန်းရောက် ရယ်ဒီကယ် တွေက အပိုင်စီး ထိန်းထားလိုက်ကြတယ်။ အယ်လ်ကေဒါနဲ့ သူတို့ဒေသခံ အစွန်းရောက် တွေက ဗလီတွေမှာ သူတို့ကိုယ်ပိုင် ဘာသာရေး သင်တန်းတွေအတွက် သင့်တော်မယ် ထင်တဲ့သူ လူသစ်တွေ စုဆောင်းကြတယ်။
ဒီသင်တန်းတွေမှာ ကမ္ဘာအနှံ့ အဖိနှိပ်ခံ မွတ်ဆလင်တွေ အတွက် တိုက်ပွဲဝင်ဖို့က ဘာသာရေးကိုင်းရှိုင်းတဲ့ မွတ်ဆလင် အားလုံးရဲ့တာဝန်ဖြစ်တယ်။ လိုအပ်ရင် ဒီအရေးအတွက် အသက်ပေးပြီး အာဇာနည်တွေ လုပ်ကြရမယ်လို့ သင်ကြားကြတယ်။

အရှေ့တောင်အာရှမှာ မွတ်ဆလင် တွေက တခြားမွတ်ဆလင်တွေနဲ့ မတူဘူး။ သူတို့က စိတ်အေး လက်အေး ရှိတယ်။ ပေါင်းရသင်းရတာ အဆင်ပြေတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်ကျော် အတွင်း ရေနံအကျပ်အတည်း ဖြစ်ကတည်းက ရေနံဒေါ်လာတွေက မွတ်ဆလင်ကမ္ဘာမှာ အဓိကသြဇာ သက်ရောက်တဲ့ အချက်ဖြစ်လာတယ်။ အစွန်းရောက်တွေက ဘာသာရေး သိမ်းသွင်းတာတွေ လုပ်ခဲ့ကြတယ်။ ဝါဟာဘီဝါဒကို သင်ကြားပေးတဲ့ ဗလီတွေ၊ ဘာသာရေး ကျောင်းတွေ ဆောက်ခဲ့ကြ တယ်။ တရားဟော ဆရာတွေ စေလွှတ်ခဲ့ကြတယ်။ ညီလာခံတွေ ကျင်းပခဲ့ကြတယ်။ ကမ္ဘာအနှံ့ ဖြန့်တာ ကွန်ရက်ဖွဲ့တာတွေ လုပ်ခဲ့ကြတယ်။

(တန်ဖိုးအဆင့်သတ်မှတ်တဲ့) ရွှေစံချိန်က ဆော်ဒီအာရေးဗီးယား ဖြစ်တယ်။ ဆော်ဒီအာရေးဗီးယား ဟာ တကယ့်အစစ်အမှန် ဘာသာရေးကိုင်းရှိုင်းတဲ့ မွတ်ဆလင်တွေ ဖြစ်တယ်ဆိုတဲ့ အကြောင်း အရှေ့တောင် အာရှ မွတ်ဆလင်တွေ တကယ်တော့ ကမ္ဘာ တစ်ဝန်းလုံး မွတ်ဆလင်တွေကို တဖြည်းဖြည်းနဲ့ လက်ခံ ယုံကြည်လာအောင် လုပ်ခဲ့ကြတယ်။

The Voice Weekly

No comments:

Post a Comment