Saturday 12 October 2013

ဖမ်းသွားတဲ့သူတွေက အာဏာသိမ်းဖို့ကြံဟု လစ်ဗျားဝန်ကြီးချုပ်ပြော

Photo: ဖမ်းသွားတဲ့သူတွေက အာဏာသိမ်းဖို့ကြံဟု လစ်ဗျားဝန်ကြီးချုပ်ပြော 
Saturday, October 12, 2013

 ပြန်လွတ်လာတဲ့ လစ်ဗျား ၀န်ကြီးချုပ် Ali Zeidan က သူ့ကို ဖမ်းသွားတဲ့သူတွေဟာ အစိုးရကို ဖြုတ်ချဖို့ အာဏာသိမ်းမလို့ကြံတာဖြစ်တယ်လို့ အောက်တိုဘာလ ၁၁ရက်နေ့ သောကြာ နေ့က မြို့တော် Tripoli မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

ကျနော်မယုံနိုင်ဘူး ညသန်းခေါင်လောက်မှာ ကားအစီး ၁၀၀ လောက်နဲ့ လက်နက်ကိုင်တွေက Corinthia Hotel ပတ်ဝန်းကျင်ကို ၀ိုင်းလိုက်ကြတယ်။ ပြီးတော့ဘယ်သူ့ကိုမှ ၀င်ခွင့် မပေးတော့ဘူး။ ဒီကိစ္စတွေအားလုံးကို ကျနော်တို့ အစိုးရထဲက ခေါင်းဆောင်တချို့က အမိန့်ပေးနေတာ။ ဒါဟာ အစိုးရကို ဖြုတ်ချဖို့ အာဏာသိမ်းဖို့ ကြံတာလို့ ၀န်ကြီးချုပ်က ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနဲ့ ဆက်နွယ်နေပြီးတော့ လစ်ဗျားသူပုန် တပ်ဖွဲ့ ကျောထောက်နောက် ခံရှိတဲ့ စစ်သွေးကြွတွေက သူ့ကို ဖမ်းသွားခဲ့တာလို့ ၀န်ကြီးချုပ် ဇိုင်ဒန် ကပြောပါတယ်။

အမျိုးသားလွှတ်တော်ထဲက နိုင်ငံရေးခွဲထွက်အုပ်စုတွေ ဒီဖြစ်ရပ်နောက်မှာရှိနေတယ်။ လက်ရှိအစိုးရတက်လာကတည်းက သူတို့က အစိုးရကိုဖြုတ်ချဖို့ကြံနေခဲ့တာ။ သူတို့ မဲရ အောင်မဆွယ်နိုင်ခဲ့ဘူး။ ဒါကြောင့် နောက်နည်းလမ်းတခုအနေနဲ့ အခုလို လုပ်တာလို့ ပြောသွားတာပါ။

အောက်တိုဘာလ ၅ရက်နေ့က Tripoli မြို့မှာ Al Qaeda လို့သံသရရှိတဲ့ Abu Anas Al Libi အဘူအွန်စ် အယ်လီးဘီကို အမေရိကန်က ဖမ်းလိုက်တဲ့ကိစ္စကို Zeidan ကြိုသိခဲ့ တယ်လို့ သူ့ကိုဖမ်းတဲ့သူတွေက စွပ်စွဲပါတယ်။ Zeidan ကတော့ ဒီကိစ္စ သူနဲ့ မဆိုင်ဘူးလို့ ငြင်းပါတယ်။

ကျနော့်ကို ဖမ်းသွားတဲ့ စစ်သွေးကြွတွေက လစ်ဗျားလူမျိုးတွေကို အမေရိ ကန်က ဖမ်းတာကို ကျနော်တို့ကူညီတယ်လို့ သံသရရှိတယ်။ အမေရိကန်ရဲ့ အင်အားနဲ့ လစ်ဗျားရဲ့ အခြေအနေကို တကမ္ဘာလုံးသိပါတယ်။ ကျနော်တို့ အမေရိ ကန်ကို မဆန့်ကျင်နိုင်ပါဘူး။ အဲ့ဒီဖမ်းတဲ့ကိစ္စကို ကျနော်တို့ ဘာမှ မသိ ပါဘူး။ ပြီးတော့ လစ်ဗျားလူမျိုးတွေကို ပြန်ပေးဆွဲတာနဲ့ အန္တရာယ်ပေး တာကို ကျနော်တို့ လက်ခံလို့ မရပါဘူး။ သံသယရှိတဲ့ Lybyan လူမျိုးတိုင်း တိုင်းပြည်ပြင်ပမှာအစား နိုင်ငံအတွင်းက တရားရုံးမှာ တရားရင်ဆိုင် ရမှာပါလို့ သူပြော သွားပါတယ်။

ဒီဗွီဘီ
 ပြန်လွတ်လာတဲ့ လစ်ဗျား ၀န်ကြီးချုပ် Ali Zeidan က သူ့ကို ဖမ်းသွားတဲ့သူတွေဟာ အစိုးရကို ဖြုတ်ချဖို့ အာဏာသိမ်းမလို့ကြံတာဖြစ်တယ်လို့ အောက်တိုဘာလ ၁၁ရက်နေ့ သောကြာ နေ့က မြို့တော် Tripoli မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
ကျနော်မယုံနိုင်ဘူး ညသန်းခေါင်လောက်မှာ ကားအစီး ၁၀၀ လောက်နဲ့ လက်နက်ကိုင်တွေက Corinthia Hotel ပတ်ဝန်းကျင်ကို ၀ိုင်းလိုက်ကြတယ်။ ပြီးတော့ဘယ်သူ့ကိုမှ ၀င်ခွင့် မပေးတော့ဘူး။ ဒီကိစ္စတွေ အားလုံးကို ကျနော်တို့ အစိုးရထဲက ခေါင်းဆောင်တချို့က အမိန့်ပေးနေတာ။ ဒါဟာ အစိုးရကို ဖြုတ်ချဖို့ အာဏာ သိမ်းဖို့ ကြံတာလို့ ၀န်ကြီးချုပ်က ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနဲ့ ဆက်နွယ်နေပြီးတော့ လစ်ဗျားသူပုန် တပ်ဖွဲ့ ကျောထောက်နောက် ခံရှိတဲ့ စစ်သွေးကြွတွေက သူ့ကို ဖမ်းသွားခဲ့တာလို့ ၀န်ကြီးချုပ် ဇိုင်ဒန် ကပြောပါတယ်။

အမျိုးသားလွှတ်တော်ထဲက နိုင်ငံရေးခွဲထွက်အုပ်စုတွေ ဒီဖြစ်ရပ်နောက်မှာရှိနေတယ်။ လက်ရှိအစိုးရ တက်လာ ကတည်းက သူတို့က အစိုးရကိုဖြုတ်ချဖို့ကြံနေခဲ့တာ။ သူတို့ မဲရ အောင်မဆွယ်နိုင်ခဲ့ဘူး။ ဒါကြောင့် နောက်နည်းလမ်းတခုအနေနဲ့ အခုလို လုပ်တာလို့ ပြောသွားတာပါ။

အောက်တိုဘာလ ၅ရက်နေ့က Tripoli မြို့မှာ Al Qaeda လို့သံသရရှိတဲ့ Abu Anas Al Libi အဘူအွန်စ် အယ်လီးဘီကို အမေရိကန်က ဖမ်းလိုက်တဲ့ကိစ္စကို Zeidan ကြိုသိခဲ့ တယ်လို့ သူ့ကိုဖမ်းတဲ့သူတွေက စွပ်စွဲပါတယ်။ Zeidan ကတော့ ဒီကိစ္စ သူနဲ့ မဆိုင်ဘူးလို့ ငြင်းပါတယ်။

ကျနော့်ကို ဖမ်းသွားတဲ့ စစ်သွေးကြွတွေက လစ်ဗျားလူမျိုးတွေကို အမေရိကန်က ဖမ်းတာကို ကျနော်တို့ ကူညီတယ်လို့ သံသရရှိတယ်။ အမေရိကန်ရဲ့ အင်အားနဲ့ လစ်ဗျားရဲ့ အခြေအနေကို တကမ္ဘာလုံးသိပါတယ်။ ကျနော်တို့ အမေရိ ကန်ကို မဆန့်ကျင်နိုင်ပါဘူး။ အဲ့ဒီဖမ်းတဲ့ကိစ္စကို ကျနော်တို့ ဘာမှ မသိ ပါဘူး။ ပြီးတော့ လစ်ဗျားလူမျိုးတွေကို ပြန်ပေးဆွဲတာနဲ့ အန္တရာယ်ပေး တာကို ကျနော်တို့ လက်ခံလို့ မရပါဘူး။ သံသယရှိတဲ့ Lybyan လူမျိုးတိုင်း တိုင်းပြည်ပြင်ပမှာအစား နိုင်ငံအတွင်းက တရားရုံးမှာ တရားရင်ဆိုင် ရမှာပါလို့ သူပြော သွားပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment