Saturday 12 October 2013

နှစ်နှစ်အတွင်း ကျေးရွာပေါင်း နှစ်သောင်း လျှပ်စစ်မီးရရှိရေး ဆောင်ရွက်သွားမည်

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာနမှ လာမည့် နှစ်နှစ် အတွင်း ကျေး ရွာပေါင်း နှစ်သောင်း မီးလင်းရန်အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးခင်မောင်အေးက ပြောကြားသည်။
ဒုတိယ၀န်ကြီး ဦးခင်မောင်အေးက အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ ငါးလုပ်ငန်း ဦးစီးဌာနတွင် ကျင်းပသည့် သား၊ ငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အတွက် Working Group အဖွဲ့အစည်း များနှင့် တွေ့ဆုံခြင်း အခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
''ကျေးလက်ကတော့ လက်ရှိမှာ လမ်းတံတား၊ မီး၊ ရေ၊ ကျေးလက် အိမ်ရာများကို ကျွန်တော်တို့ လုပ်နေပါတယ်။ ကျွန်တော် တို့ကို target ချပေးထားတာက ၂၀၁၅- ၂၀၁၆ ခုနှစ် အတွင်းမှာ ကျေးရွာပေါင်း နှစ်သောင်း မီးလင်းရမယ်။ ကျွန်တော်တို့က ၂၀၁၄-၂၀၁၅ ခုနှစ်မှာ ကျေးရွာ တစ်သောင်း မီးလင်းရမယ်။ ၂၀၁၅-၂၀၁၆ ခုနှစ်မှာ ကျေးရွာတစ်သောင်း မီးလင်းရမယ်ဆိုပြီး နှစ်နှစ်ခွဲပြီး လုပ်နေပါတယ်။ တကယ်တမ်းကျတော့ တော်တော်လေးကို ကြီးတဲ့ လုပ်ငန်းစဉ်ကြီး ဖြစ်ပါတယ်။ တကယ့် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ် ညှိနှိုင်းပြီး လုပ်ဆောင်ရမယ် လုပ်ငန်းတွေ ဖြစ်ပါတယ်။ ၀န်ကြီးဌာန အနေနဲ့ ဒါကိုလည်း တစ်ဖက်က ဆောင်ရွက်နေပါတယ်'' ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးခင်မောင်အေးက ပြောကြားသည်။

ကျွန်တော်တို့က ၂၀၁၄-၂၀၁၅ ခုနှစ်မှာ ကျေးရွာတစ်သောင်း မီးလင်းရမယ်။ ၂၀၁၅-၂၀၁၆ ခုနှစ်မှာ ကျေးရွာတစ်သောင်း မီးလင်းရမယ်ဆိုပြီး နှစ်နှစ်ခွဲပြီး လုပ်နေပါတယ်။ တကယ်တမ်းကျတော့ တော်တော်လေးကို ကြီးတဲ့ လုပ်ငန်းစဉ်ကြီး ဖြစ်ပါတယ်...


ယခု ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အတွက် အစိုးရမှ ငွေကျပ်သန်းပေါင်း ၇၅,၀၀၀ ကျော် ခွင့်ပြုထားကြောင်း သိရသည်။
ပြည်ထောင်စု အစိုးရ၏ ကျန်ရှိတဲ့ အချိန်ကာလများတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနမှ Focal Ministery အဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရှိရပြီး အခြားဝန်ကြီးဌာနများ၊ NGO၊ INGO၊ အလှူရှင် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
ကျေးလက်ဒေသများ လျှပ်စစ်မီး ရရှိရေးအတွက် ဆောင်ရွက်ရာတွင် မဟာဓါတ်အားလိုင်းရှိသည့် ရွာများကို ဓါတ်အားလိုင်းမှတစ်ဆင့် ပေးသွားမည်ဖြစ်ပြီး ဓါတ်အားလိုင်း မရှိသည့် ရွာများကို Hydro Power၊ Solar၊ Bio Gas၊ Bio Mass တို့မှ လျှပ်စစ်ဓါတ် ရရှိရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Eleven

No comments:

Post a Comment