Saturday 12 October 2013

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အလုပ်သမားများ သဘောထား စတင်ကောက်ခံ

အနည်းဆုံးအခကြေးငွေ သတ်မှတ် နိုင်ရန် အလုပ်သမားကိုယ်စားလှယ်များနှင့် အလုပ်သမားများ ၏ ဆန္ဒ သဘောထားများဆွေးနွေးခြင်းနှင့် သဘောထားကောက်ခံ ခြင်းများကို ရန်ကုန်တိုင်းဒေသ ကြီးအဆင့် အမျိုး သားကော်မတီ စတင်ဆောင်ရွက် ပြီဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမျိုး အောင်ထံမှ သိရသည်။
အောက်တိုဘာ ၁၀ ရက်တွင် မြောက်ဒဂုံမြို့နယ်ရှိ ပင်လုံခန်းမတွင် အလုပ်သမားများ၊ အလုပ် သမားခေါင်းဆောင်များနှင့် အစိုးရမှ တာဝန်ရှိသူများစုပေါင်းကာ သဘောထားညှိနှိုင်းကောက် ခံခဲ့ကြောင်း သိရသည်။

အဆိုပါအနည်းဆုံးအခ ကြေးငွေနှင့်စပ်လျဉ်း၍ သဘောထားကောက်ခံခြင်းကိုလည်း လုပ်ငန်းအမျိုး အစားပေါ်မူတည်၍ အဖွဲ့ခြောက်ဖွဲ့ခွဲကာ ခေါင်းစဉ် ခြောက်မျိုးဖြင့်ဆွေးနွေးခဲ့ပြီး အလုပ်သမားများ၏ သဘောထားဆန္ဒများကို အလုပ်ရှင်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များနှင့် အောက်တိုဘာ ၁၁ ရက် ဆွေးနွေး ရာတွင် ပြန်လည် ညှိနှိုင်းဆွေးနွေးမှုများ ပြု လုပ်သွားမည်ဖြစ်သည်။

ဆွေးနွေးပွဲတက်ရောက်ခဲ့ သည့် တိုင်ရီဖိနပ်စက်ရုံမှအလုပ် သမားသမဂ္ဂခေါင်းဆောင် ဒေါ်မိုး ဝေက ''လုပ်ခ လစာဘယ်လောက် ဆိုတာထက် ကိုက်ညီမှုရှိတဲ့လုပ်ခလစာကို သတ်မှတ်ပေးစေချင်ပါတယ်။ ခုလဲ ဆွေးနွေးနေတယ်ဆို ပေမယ့် ဆွေးနွေးပွဲနဲ့လဲမတူဘူး။ မေးခွန်းမေးပြီး ဖြေပေးနေရတဲ့ သဘော ပဲဖြစ်နေတယ်။ အမျိုးသား ကော်မတီကတော့ အတည်မပြု ရသေးဘဲ ဒီဆွေးနွေးပွဲတွေကို စတင်နေ တယ်။ ကျွန်မတို့အလုပ်သမားတွေက အမျိုးသားကော်မတီကို အရင်အတည်ပြုသင့် တယ်ထင် တယ်''ဟုပြောသည်။

ယင်းသည်လည်း အမျိုးသား ကော်မတီဖွဲ့စည်းရာတွင် အလုပ် သမားကိုယ်စားလှယ်အဖြစ် ပါဝင်ကြောင်း၊ ဖွဲ့စည်းထားသည်မှာလည်း ကြာမြင့်ပြီဖြစ်သော်လည်း ယခုထက်ထိ အတည်မပြုရသေး ကြောင်း၊ အလုပ် သမားများအနေ ဖြင့် လုပ်ခလစာသတ်မှတ်ခြင်းကို အမြန်ဆုံးသတ်မှတ်နိုင်ရန် မျှော်လင့်ပါကြောင်း ယင်း ကပြော သည်။

အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ''အနည်းဆုံးလုပ်ခ လစာ အမြန်ဆုံးသတ်မှတ်နိုင်ဖို့ကိုလဲ အလုပ်ရှင်၊ အလုပ်သမား၊ ညှိနှိုင်းပြေလည်နိုင်ရင် အမြန်ဆုံး ထွက်ပေါ်လာနိုင်မှာပါ။ အမြန်ဆုံး ထွက်လာဖို့ကိုလဲ လုပ်ဆောင်နေ ပါတယ်။ ခုလဲ လုပ်ဆောင်ချက် ဒုတိယအဆင့်ကို လုပ်ဆောင်နေ ပါပြီ''ဟုပြောသည်။

ဇာခြည်လှိုင်
Yangon Media Group

No comments:

Post a Comment