Saturday 12 October 2013

ရော်နယ်ဒိုကဲ့သို့ ဘေးလ် ဂိုးမြောက်များစွာ သွင်းယူနိုင်လိမ့်မည် မဟုတ်ဟု ဆယ်လ်ဂါဒို ပြောကြား

--------------------

ဂိုးသွင်းယူမှု အပိုင်းတွင် ဂါရတ်ဘေးလ်သည် ခရစ္စတီယာနို ရော်နယ်ဒိုကို ကျော်လွန်နိုင်လိမ့်မည် မဟုတ်ကြောင်း ရီးယဲမက်ဒရစ် နောက်ခံကစားသမားဟောင်း ဆယ်လ်ဂါဒိုက ပြောကြားလိုက်သည်။

တော့တင်ဟမ်မှ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၈၆ သန်းဖြင့် မက်ဒရစ်သို့ ပြောင်းရွှေ့လာခဲ့သည့် ဘေးလ်သည် ၂၀၀၉ ခုနှစ်က မန်ချက်စတာယူနိုက်တက်မှ ပြောင်းရွှေ့လာခဲ့သည့် ရော်နယ်ဒိုထက် ပေါင် ၆ သန်း ပိုများသည်။

သို့သော်လည်း ပြီးခဲ့သည့် ဘောလုံးရာသီက တော့တင်ဟမ်အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၂၆ ဂိုးသွင်းယူခဲ့သည့် ဘေးလ်သည် ပေါ်တူဂီ ကစားသမား၏ ဂိုးသွင်းစွမ်းရည်ထက် သာလွန်သည်ဟု မထင်မြင်ကြောင်း ဆယ်လ်ဂါဒို က ပြောကြားခဲ့သည်။

“ဒါဟာ ရှုပ်ထွေးတဲ့ ကိစ္စပါ။ ပထမဦးဆုံးအနေနဲ့ အသင်းပရိသတ်တွေဟာ ဘေးလ်ကို ရော်နယ်ဒိုထက် ဂိုးပိုသွင်းနိုင်တယ်လို့ ထင်မှတ်မထားဖို့ လိုပါတယ်။ ဒါဟာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး” ဟု ဆယ်လ်ဂါဒိုက ပြောကြားသွားခဲ့သည်။
ဂိုးသွင်းယူမှု အပိုင်းတွင် ဂါရတ်ဘေးလ်သည် ခရစ္စတီယာနို ရော်နယ်ဒိုကို ကျော်လွန်နိုင်လိမ့်မည် မဟုတ်ကြောင်း ရီးယဲမက်ဒရစ် နောက်ခံကစားသမားဟောင်း ဆယ်လ်ဂါဒိုက ပြောကြားလိုက်သည်။

တော့တင်ဟမ်မှ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၈၆ သန်းဖြင့် မက်ဒရစ်သို့ ပြောင်းရွှေ့ လာခဲ့သည့် ဘေးလ်သည် ၂၀၀၉ ခုနှစ်က မန်ချက်စတာ ယူနိုက်တက်မှ ပြောင်းရွှေ့ လာခဲ့သည့် ရော်နယ်ဒိုထက် ပေါင် ၆ သန်း ပိုများသည်။

သို့သော်လည်း ပြီးခဲ့သည့် ဘောလုံးရာသီက တော့တင်ဟမ်အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၂၆ ဂိုးသွင်းယူခဲ့သည့် ဘေးလ်သည် ပေါ်တူဂီ ကစားသမား၏ ဂိုးသွင်းစွမ်းရည်ထက် သာလွန်သည်ဟု မထင်မြင်ကြောင်း ဆယ်လ်ဂါဒို က ပြောကြားခဲ့သည်။

“ဒါဟာ ရှုပ်ထွေးတဲ့ ကိစ္စပါ။ ပထမဦးဆုံးအနေနဲ့ အသင်းပရိသတ်တွေဟာ ဘေးလ်ကို ရော်နယ်ဒိုထက် ဂိုးပိုသွင်းနိုင်တယ်လို့ ထင်မှတ်မထားဖို့ လိုပါတယ်။ ဒါဟာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး” ဟု ဆယ်လ်ဂါဒိုက ပြောကြားသွားခဲ့သည်။
Soccer Myanmar

No comments:

Post a Comment