Sunday 6 October 2013

သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး (၂) ထပ် ဇိမ်ခံ သင်္ဘောနှစ်စင်း တည်ဆောက် နေမှုနှင့် ဒေါပုံမြို့နယ် သမဝါယမ အသင်းစု လုပ်ငန်းဆောင် ရွက်နေမှု ကြည့်ရှုစစ်ဆေး

Photo: သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး (၂) ထပ် ဇိမ်ခံ သင်္ဘောနှစ်စင်း တည်ဆောက် နေမှုနှင့် ဒေါပုံမြို့နယ် သမဝါယမ အသင်းစု လုပ်ငန်းဆောင် ရွက်နေမှု ကြည့်ရှုစစ်ဆေး
Sunday, October 6, 2013

သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်းသည် တာဝန်ရှိ သူများ လိုက်ပါလျက် ယမန်နေ့ နံနက် ၉ နာရီက ရွှေနှင်းဆီ အထွေထွေ စီးပွားရေးလုပ်ငန်း

သမဝါယမ အသင်းသို့ ရောက်ရှိခဲ့ရာ အသင်းဥက္ကဋ္ဌ ဒေါ်သီတာအောင်က ရေယာဉ် လျှောလမ်းလုပ်ငန်း အား အသင်းသား ကိုးဦး၊ ဝန်ထမ်း ၁ဝ ဦး၊ အလုပ်သမား ၃ဝ ဦးတို့ဖြင့် ၂ဝ၁၁ ခုနှစ်တွင် အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ကုန်တွဲဆွဲရေယာဉ် တစ်စင်း တည်ဆောက်ပြီးစီးခဲ့မှု၊ ယခုအခါ မန္တလေး-ပုဂံ Packet ပြေးဆွဲရန် နှစ်ထပ် ဇိမ်ခံ သင်္ဘောနှစ်စင်းတည် ဆောက်နေမှုနှင့်အပျော်စီး နှစ်ထပ် သင်္ဘောတစ်စင်း တည်ဆောက်မည့် အခြေ အနေများကို ရှင်းလင်း တင်ပြခဲ့သည်။

အဆိုပါ ရှင်းလင်းတင်ပြမှု အပေါ် ပြည်ထောင်စု ဝန်ကြီးက ပြည်တွင်းကုန် စည်ပို့ဆောင်ရေးတွင် ရေကြောင်းပို့ ဆောင်ရေးသည် အဓိကဖြစ်ကြောင်း၊ သို့ပါ၍ သင်္ဘောကျင်း တိုးချဲ့ပြင်ဆင်ခြင်းကို Master Plan ရေးဆွဲဆောင်ရွက် ရန်လိုကြောင်း၊ ဝန်ထမ်းများအား အတွေ့အကြုံ၊ နည်းပညာများရရှိအောင် ပြည်ပသို့ သင်တန်း များ၊ လေ့လာရေးခရီးများ စေလွှတ်ဆောင်ရွက် ရန်လိုကြောင်း၊ မိမိအနေဖြင့် နိုင်ငံတကာ အထောက်အပံ့ နည်းပညာ၊ Grant နှင့် ချေးငွေများ ရရှိအောင် ဆောင်ရွက်ပေး မည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒေါပုံမြို့နယ် သမဝါယမ အသင်းစုတွင် မြို့နယ် သမဝါယမအသင်း ဦးစီးဌာန ဝန်ထမ်းများ အသင်းစုနှင့် မြို့နယ်အတွင်းရှိ အခြေခံ အသင်းများမှ အမှုဆောင်များနှင့် တွေ့ဆုံရာ အသင်းစု ဥက္ကဋ္ဌ ဦးကျော်စိန်က စတိုးဆိုင်ဖွင့် လှစ်ရောင်းချနေမှု၊ လစဉ် ဆန်ကုန်ကြွေးရောင်းချမှု၊ Micro finance လုပ်ငန်း ဆောင်ရွက်ပေးမှုနှင့် တိုးချဲ့ဆောင် ရွက်မည့်အိမ်ဆောက်ပစ္စည်း၊ အခြေခံ စားသောက်ကုန်၊ လက်လီလက်ကား ရောင်းချရေးလုပ်ငန်း ကိစ္စများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စု ဝန်ကြီး က Micro financ လုပ်ငန်းနှင့် သမဝါယမ အသင်းများ တိုးတက်ရေးလုပ်ငန်း တို့ကို ဆောင်ရွက်မှသာ ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် လူမှုစီးပွား ဘဝမြှင့်တင်ရေးကို အောင်မြင်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း၊ ကုန်ကြွေး ရောင်းချစနစ်အား စနစ်တကျ ဆက်လက်ဆောင်ရွက်ရန် လိုကြောင်း၊ ၎င်းအပြင် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၍ ပြည်သူများ ယုံကြည်မှုရှိအောင် ရောင်းချနိုင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ အခြေခံ အသင်းများ အနေဖြင့်လည်း အဆင့်မြှင့်တင်ရန်အတွက် စီမံချက်ရေး ဆွဲ၍ တင်ပြစေလိုကြောင်း၊ Micro financ လုပ်ငန်းအောင်မြင်ရန် ချေးငွေများကို ထိထိရောက်ရောက် အသုံးပြု ရေး အမှုဆောင်များက ကြပ်မတ်ရန် လိုသလို အသင်းသားများကလည်း သတ်မှတ်ကာလတွင် တိတိကျကျ ပြန်လည်ပေးဆပ်ရန် လိုအပ်ပါကြောင်းဖြင့် ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။ 

မြ၀တီ
သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းသည် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက် ၉ နာရီက ရွှေနှင်းဆီ အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းသို့ ရောက်ရှိခဲ့ရာ အသင်း
ဥက္ကဋ္ဌ ဒေါ်သီတာအောင်က ရေယာဉ် လျှောလမ်းလုပ်ငန်းအား အသင်းသားကိုးဦး၊ ဝန်ထမ်း ၁ဝ ဦး၊ အလုပ်သမား ၃ဝ ဦးတို့ဖြင့် ၂ဝ၁၁ ခုနှစ်တွင် အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ကုန်တွဲ ဆွဲရေယာဉ်တစ်စင်း တည်ဆောက်ပြီးစီး ခဲ့မှု၊ ယခုအခါ မန္တလေး-ပုဂံ Packet ပြေးဆွဲရန် နှစ်ထပ်ဇိမ်ခံ သင်္ဘောနှစ်စင်းတည် ဆောက်နေမှုနှင့် အပျော်စီး နှစ်ထပ် သင်္ဘောတစ်စင်း တည်ဆောက်မည့် အခြေ အနေများကို ရှင်းလင်း တင်ပြခဲ့သည်။

အဆိုပါ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းကုန် စည်ပို့ဆောင်ရေး တွင် ရေကြော င်း ပို့ ဆောင်ရေးသည် အဓိကဖြစ်ကြောင်း၊ သို့ပါ၍ သင်္ဘောကျင်း တိုးချဲ့ပြင်ဆင်ခြင်းကို Master Plan ရေးဆွဲဆောင်ရွက် ရန်လိုကြောင်း၊ ဝန်ထမ်းများအား အတွေ့ အကြုံ၊ နည်းပညာများ ရရှိအောင် ပြည် ပသို့ သင်တန်းများ၊ လေ့လာရေးခရီးများ စေလွှတ်ဆောင်ရွက်ရန်လိုကြောင်း၊ မိမိအနေဖြင့် နိုင်ငံတကာ အထောက်အပံ့ နည်းပညာ၊ Grant နှင့် ချေးငွေများရရှိအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒေါပုံမြို့နယ် သမဝါယမ အသင်းစုတွင် မြို့နယ် သမ ဝါယမအသင်းဦးစီးဌာန ဝန်ထမ်းများအသင်းစုနှင့် မြို့နယ်အတွင်းရှိ အခြေခံအသင်းများမှ အမှုဆောင် များနှင့် တွေ့ဆုံရာ အသင်းစုဥက္ကဋ္ဌ ဦးကျော်စိန်က စတိုးဆိုင်ဖွင့် လှစ်ရောင်းချနေမှု၊ လစဉ်ဆန် ကုန်ကြွေးရောင်းချမှု၊ Micro finance လုပ်ငန်း ဆောင်ရွက်ပေး မှုနှင့် တိုးချဲ့ဆောင် ရွက်မည့်အိမ်ဆောက် ပစ္စည်း၊ အခြေခံ စားသောက်ကုန်၊ လက်လီလက်ကား ရောင်းချရေးလုပ်ငန်း ကိစ္စများကို ရှင်းလင်းတင်ပြ ခဲ့ရာ ပြည်ထောင်စုဝန်ကြီး က Micro financ လုပ်ငန်းနှင့် သမဝါယမ အသင်းများ တိုးတက်ရေးလုပ်ငန်း တို့ကို ဆောင်ရွက်မှသာ ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် လူမှုစီးပွား ဘဝမြှင့်တင်ရေး ကို အောင်မြင်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း၊ ကုန်ကြွေး ရောင်းချစနစ်အား စနစ်တကျ ဆက် လက်ဆောင်ရွက်ရန်လိုကြောင်း၊ ၎င်းအပြင် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၍ ပြည်သူများယုံကြည်မှု ရှိအောင် ရောင်းချနိုင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ အခြေခံ အသင်းများ အနေဖြင့်လည်း အဆင့်မြှင့် တင်ရန်အတွက် စီမံချက်ရေး ဆွဲ၍တင်ပြစေလိုကြောင်း၊ Micro financ လုပ်ငန်းအောင်မြင်ရန် ချေးငွေများ ကို ထိထိရောက်ရောက် အသုံးပြု ရေး အမှုဆောင်များက ကြပ်မတ်ရန် လိုသလို အသင်းသားများ ကလည်း သတ်မှတ်ကာလတွင် တိတိကျကျ ပြန်လည်ပေးဆပ်ရန် လိုအပ်ပါကြောင်းဖြင့် ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။ 

မြ၀တီ

No comments:

Post a Comment