Sunday 6 October 2013

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် ရှမ်းနီလူဦးရေ စာရင်းများ စတင်ကောက်ခံ

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် တိုင်းလိုင်(ရှမ်းနီ)လူဦးရေစာရင်းအား စတင် ကောက်ခံ လျှက်ရှိကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးစိုင်းဌေးအောင်က ပြောကြား သည်။
ဦးစိုင်းဌေးအောင်က ''အခု ကျွန်တော်တို့ လူမျိုးတွေရဲ့ လူဦးရေစာရင်း ကို ဒေသမှာ စာရင်းကောက်ခံနေ ပါတယ်။ ကောက်တဲ့နေရာမှာ ကျွန်တော် တို့ ပါတီကနေမှ အစုအဖွဲ့တွေ ဖွဲ့ပြီးတော့မှ ဒေသတွေ ခွဲပြီး ကောက်ကြမှာပါ။ လောလောဆယ်တော့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ၁၃ မြို့နယ်မှာ ကောက်ဖို့ စီစဉ်ထားပါတယ်၊ ကောက်တဲ့နေရာမှာဆိုရင် ကျွန်တော်တို့က မြို့နယ်တွေက လူဦးရေစာရင်းကို အကြမ်းဖျင်း ယူပြီး ကောက်ပါတယ်''ဟု ဆိုသည်။

ထို့ပြင် ယခုအခါ စစ်ကိုင်းတိုင်းအတွင်းရှိ မိုးညှင်းအပါအ၀င် မြို့နယ်သုံးမြို့နယ်မှ ရှမ်းနီလူဦးရေ စာရင်း အား ကောက်ယူပြီးပြီဖြစ်ရာ အဆိုပါ ကောက်ယူမှုများအရ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး တို့ တွင် ရှမ်းနီလူမျိုး သိန်း ၂၀ ခန့် ရှိနိုင်ကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။

''ကျွန်တော်တို့ လူမျိုးက သတ်မှတ်ထားတာ မရှိပါဘူး။ တကယ်တော့ ကျွန်တော် တို့လူမျိုးက ပျောက်နေ တာ ပါ။ အခု လ၀က စာရင်းမှာကို ကျွန်တော်တို့ လူမျိုးမရှိဘူး။လ၀ကမှာ မရှိပေမယ့် ရှမ်းနီဆိုတဲ့ လူမျိုးက ကျွန်တော် တို့ကိုယ် ကျွန်တော်တို့ခံယူတယ်''ဟု ၎င်းက ဆက် လက် ပြောကြား သည်။

Eleven Media Group

No comments:

Post a Comment