Wednesday 23 October 2013

မြန်မာ့သတ္တု တူးဖော်ရေး ကဏ္ဍအတွက် လိုအပ်သည့် ဥပဒေသစ် ပြင်ဆင်ရေး ဆွဲရာတွင် နိုင်ငံခြားငွေ ရရှိမှုထက် နိုင်ငံနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို မြှင့်တင်ပေးနိုင်သည့် ဥပဒေဖြစ်ရန် ပိုမိုအရေးကြီးကြောင်း သြစတြေးလျ ပညာရှင်များ သုံးသပ်

မြန်မာ့သတ္တု တူးဖော်ရေး ကဏ္ဍတွင် လိုအပ်သည့် ဥပဒေသစ်ကို ပြင်ဆင်ရေးဆွဲရာတွင် လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ရာတွင် လည်းကောင်း နိုင်ငံခြားငွေ ရရှိမှုထက် နိုင်ငံနှင့် နိုင်ငံသားတို့ အကျိုးစီးပွားကို မြှင့်တင်ပေးနိုင်သော ဥပဒေဖြစ်ရန် ပိုမိုအရေးကြီးကြောင်း အောက်တိုဘာ ၂၂ ရက်တွင် ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များ အသင်း ချုပ်တွင် ကျင်းပသော သတ္တုတူးဖော်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် သြစတြေးလျ ပညာရှင်များက သုံးသပ်ပြောကြားခဲ့သည်။
"ကျွန်တော် Mining Law နဲ့ ပတ်သက်ပြီး Macro Economic ရှုထောင့်ကပဲ ပြောချင်ပါ တယ်။ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေက အစိုးရ အတွက်လည်း Critical Objective ဖြစ်ဖို့ လိုသလို မြန် မာနိုင်ငံသား ဒေသခံ ဆင်းရဲသားတွေရဲ့ အကျိုးစီးကို မြှင့်တင်ပေးနိုင်တဲ့ ဥပဒေဖြစ်ဖို့ လိုပါတယ်။ ဒါကြောင့် ကုမ္ပဏီ အနေနဲ့လည်း ဒေသခံတွေရဲ့ အကျိုးစီးပွားကို အမြင့်ဆုံး မြှင့်တင်ပေးနိုင်ဖို့ လိုပါတယ်။ ရေရှည် တည်တံ့တဲ့ အကျိုးစီးပွားကိုလည်း ဖော်ဆောင်ပေးနိုင်ဖို့ လိုပါတယ်။ ဒီနေရာမှာ သဘာဝ ပတ်ဝန်းကျင် ကိုလည်း ပြန်ကြည့်ရမှာပါ။ တစ်ချိန်တည်းမှာပဲ International Obligation တွေကိုလည်း နားလည်ရမှာပါ" ဟု သြစတြေးလျ   ပညာရှင် William (Bill) Sullivan က ဆိုသည်။


"ပြည်ပ ရင်းနှီးမြုပ်နှံမှုလုပ်တဲ့ ကုမ္ပဏီတွေနဲ့ ပတ်သက်ပြီး ထည့်သွင်းစဉ်းစားတဲ့ အခါမှာ အကောင်း အဆိုးတော့ ခွဲခြားနိုင် ဖို့ လိုပါတယ်။ အစိုးရက ရွေးချယ်လိုက်တဲ့ ကုမ္ပဏီက International Practice ကို ဘယ်လောက်လိုက်နာမှု ရှိလဲသိဖို့ လိုပါတယ်။ ကောင်းမွန်တဲ့ ကုမ္ပဏီတွေကို အားပေးတာ ကောင်းပေမယ့် အကျိုးစီးပွားသက်သက် ထုတ်ယူသွားမယ့် ကုမ္ပဏီမျိုးကိုတော့ သတိထား ရွေးချယ်ရမှာပါ။ အစိုးရတွေက ပြောဖို့အားသန်ကြပါတယ်။ ဒေါ်လာရတယ်ဆိုတဲ့ စကားမျိုးပေါ့။ ကောင်းတဲ့ဒေါ်လာ ရှိတယ်။ မကောင်းတဲ့ဒေါ်လာ ရှိတယ်။ ဒီအပေါ်မှာ အဓိက မထားဘဲ ဘယ်ကလာတာလဲဆိုတာ သိဖို့လိုပါတယ်။ အဓိက အားဖြင့်တော့ သူ့မှာကောင်းမွန်တဲ့ နိုင်ငံတကာ ကျင့်စဉ်တွေ ရှိလား၊ နည်းပညာက ဘယ်လိုနည်းပညာလဲ၊ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ဘယ်လောက်အကာအကွယ် ပေးမလဲ ဆိုတာတွေနဲ့ ငွေရေးကြေးရေးပိုင်း ရှင်းလင်းမှု ရှိလားဆိုတာကို ပြန်ကြည့်ဖို့ လိုအပ်ပါတယ်" ဟု William (Bill) Sullivan က ပြောကြားသည်။  
 
"ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံရဲ့ Mining Law နဲ့ ပတ်သက်ပြီး အရမ်းထဲထဲဝင်ဝင် မသိရသေးပါဘူး။ ဒါပေမဲ့ ဒီဒေသထဲမှာဆိုရင် အင်ဒိုနီးရှားမှာ ၁၅ နှစ်လောက် Mining Sector နဲ့ ပတ်သက်ပြီး ရှေ့နေ တစ်ယောက် အနေနဲ့ ဆောင်ရွက်ခဲ့ဖူး ပါတယ်။ ဒီကဏ္ဍနဲ့ ပတ်သက်ရင် နိုင်ငံတိုင်းလိုလိုမှာ ပြဿနာ အနည်းနဲ့အများ ရှိပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ Legal Framework အားဖြင့်တော့ သြစတြေးလျ ပုံစံမျိုးဖြစ်အောင် လိုက်လုပ်ဖို့ မလွယ်ပါဘူး။ ကျွန်တော်တို့မှာက ရှင်းလင်းတိကျတဲ့ ဥပဒေတွေ ရှိပြီးသားပါ။ ဥပမာ ကုမ္ပဏီနဲ့ မြေပိုင်ရှင်နဲ့ အငြင်းပွားတာမျိုးဖြစ်ဖြစ်၊ အစိုးရနဲ့ အငြင်းပွားတာမျိုး ဖြစ်ဖြစ် တရားရုံးမှာ သွားပြီးဖြေရှင်းလို့ ရတယ်။ ကိုယ့်မှာ Legal Right ရှိတယ်ဆိုရင် ကိုယ်နိုင်မှာပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အနေအထားကတော့ ဒီလိုမဟုတ်ပါဘူး။ ဥပမာ အင်ဒိုနီးရှားမှာလည်း အလားတူ ပြဿနာတွေ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနဲ့ အင်ဒိုနီးရှားက စစ်တပ်ကနေ အရပ်သား အစိုးရကို ကူးပြောင်းလာတဲ့ ပုံစံချင်း တူတယ်။ ဒါကြောင့် လေ့လာသင့်တယ်လို့တော့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ သတ္တုတူးဖော်ရေး ကဏ္ဍက တကယ်တော့ စွန့်စားရတဲ့ လုပ်ငန်းတစ်ခုပါပဲ။ နောက်ပြီး ဒီကဏ္ဍမှာ လာဘ်ပေးလာဘ်ယူ မှုတွေလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ဥပဒေတစ်ရပ်ကို ရေးဆွဲတဲ့ နေရာ မှာတော့ နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် ဥပဒေမျိုးကို ရေးဆွဲစေချင်ပါတယ်" ဟု သြစတြေးလျ ပညာရှင် တစ်ဦးဖြစ်သူ Mr. Peter Church Oam က ပြောကြားသည်။

Mining လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်နေသည့် လုပ်ငန်းရှင် တစ်ဦးကမူ "ကျွန်တော်တို့ မြန် မာနိုင်ငံမှာ လက်တွေ့ပြဿနာ ဖြစ်နေတာ Mining  Law မဟုတ်ဘူး။ ဒီ Mining Law နဲ့ Rules and Regulation တွေ မဟုတ်ဘူး။ Ministry of Mining က ဥပဒေမှာ မပါတဲ့ ဟာတွေကို လျှောက် လုပ်နေတာကသာ ပြဿနာပါ" ဟု ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment