Wednesday 23 October 2013

မြန်မာနိုင်ငံတွင် အမျိုးသမီးများ၏ အခွင့်အရေး တိုက်တွန်းဆောင်ရွက်သော ဥပဒေပညာရှင်ဆုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း ရရှိ

မြန်မာနိုင်ငံတွင် အမျိုးသမီးများ၏ အခွင့်အရေး တိုက်တွန်းဆောင်ရွက်သော ဥပဒေပညာရှင်ဆုကို ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်မဲ ဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဒေါက် တာ ညိုညိုသင်းက ရရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဆုကို အမျိုးသမီးရေးရာ လုပ်ငန်းများ ပြုလုပ်နေသည့် အဖွဲ့အစည်းပေါင်း ၁၄၀ ခန့်ပါဝင်သည့် (Women Organization Network) မှ ချီးမြှင့်ခြင်းဖြစ်ပြီး ဆုချီးမြှင့်ခြင်း အခမ်းအနားကို အောက်တိုဘာ ၃၁ ရက်တွင် ရန်ကုန်မြို့ရှိ အင်းလျားလိတ် ဟိုတယ်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ အဖွဲ့အနေဖြင့် ပထဆုံးအကြိမ် ပြည်တွင်း ၌ ချီးမြှင့်ခြင်းဖြစ်ကြောင်း ဒေါက်တာ ညိုညိုသင်းက ပြောကြား သည်။

"လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကမှ အန်တီ့ဆီကို အီးမေးလ်ပို့လို့ သိခဲ့ရတာပါ။ ဒီလို အမျိုးသမီးတွေ သိန်းနဲ့ချီပြီး ပါဝင်တဲ့အဖွဲ့အစည်းက အသိအမှတ်ပြုပြီး ချီးမြှင့်တာဆိုတော့ အန်တီ့အနေနဲ့ ကျေနပ်ပါ တယ်"ဟု ဒေါက်တာ ညိုညိုသင်းက အောက်တိုဘာ ၂၂ ရက်က ပြောကြားသည်။

(Women Organization Network) မှ အဆိုပါ ဆုချီးမြှင့်ပွဲတွင် ဒေါက်တာညိုညိုသင်း အပါအ၀င် အမျိုးသမီးခြောက်ဦးအား ဆုချီးမြှင့်သွားမည်ဟု သိရသည်။

"ဒီဆုရသွားပြီဆိုပြီးတော့ အမျိုးသမီးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို ရပ်သွားမှာ မဟုတ်ပါဘူး။ ဆက်လုပ်မှာပါ။ အမှန်တော့ လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်။ ဆက်ပြီးတော့ တိုက်ပွဲ ၀င်ရဦး မှာ ဖြစ်ပါ တယ်။ အခုလက်ရှိမှာက အမျိုးသမီးနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေကို သိဖို့ပဲ လုပ်ရသေးတာ ပါ။ သူတို့တွေပါ ကိုယ်တိုင်ပါဝင်ပြီး ပူးပေါင်းဆောင်ရွက်ဖို့တွေ အများကြီးလုပ်ရဦးမှာပါ"ဟု ဒေါက်တာ ညိုညိုသင်း က ဆက်လက်ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment