Wednesday 23 October 2013

မိုးညှင်းမှ ခဲပေါက်ဆိုင်ကယ်စီးလူငယ်အဖွဲ့ကို ခံဝန်ဖြင့်ပြန်လွှတ်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ အောင်သပြေရပ်ကွက်နှင့်နမ်းဘုတ်ကျေးရွာရှိ အိမ်အချို့ကို ခဲဖြင့်ပစ်ပေါက်ခဲ့သူ လူငယ်(၈)ဦးကို မိုးညှင်း ရဲစခန်းမှ အောက်တိုဘာလ(၂၂)ရက်က ခံဝန်ကတိလက်မှတ်ရေးထိုးကာ ပြန် လွှတ်ပေးခဲ့သည်ဟု မြို့ခံနှင့် အာဏာပိုင်များထံမှ သိရှိရသည်။
အောက်တိုဘာ(၂၀) ရက်နေ့ည နှင့်(၂၁)ရက်နေ့ ညများက ဆိုင်ကယ်စီးလူငယ်တစ်စုမှခဲဖြင့် လူမျိုးခြား နေ အိမ် များသို့ ပစ်ပေါက်ခဲ့၍ လူမျိုးရေးပဋိပက္ခအသွင်ဆောင်မည်စိုးရိမ် ခဲ့ကြောင်းကိုလည်း မြို့နေဒေသခံ တို့ကဆိုသည်။

အောက်တိုဘာ(၂၀)ရက်နေ့ည၌ မိုးညှင်းမြို့၊ နန်းဘုတ် ကျေးရွာရှိ ဦးတင်ဝင်းနှင့် ကိုစိုးခိုင်ဦးတို့ အိမ်အားခဲ့ဖြင့် ၀ိုင်းပစ်ခဲ့ပြီး အောက်တိုဘာ (၂၁)ရက်နေ့ ညပိုင်း၌ မိုးညှင်းမြို့ အောင်သပြေရပ်ကွက်ရှိ ဦးစိုးတင့်နှင့် ဦးဝင်းအောင်တို့ နေအိမ်များသို့ ခဲ့ဖြင့်ဝိုင်းပေါက်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ (၂၁)ရက်နေ့ည၌ ခဲဖြင့်ပေါက်သောအဖွဲ့မှာ ၄င်းတို့၏နေအိမ်များသို့ပြန်စဉ် ရဲစခန်းမှ လှည်ကင်း နှင့်တွေ့သည့်အတွက် ခဲပေါက်ခဲ့သူများအားစခန်းသို့ခေါ်ဆောင်ခဲ့သည်ဟု မိုးညှင်းဒေသခံ တစ်ဦး က ဆိုသည်။

အဆိုပါအဖွဲ့ ဆိုင်ကယ်စီလူငယ်အဖွဲ့၏ ပျမ်းမျှအသက်မှာ အသက်(၁၈)နှစ်အောက်နှင့် အသက်(၂၀ )အောက် ၀န်းကျင်ရှိ အမျိုးသားများဖြစ်ပြီး စုစုပေါင်းလူငယ်(၈)ဦးအား စခန်းသို့ခေါ်ဆောင်ကာ ယခုကဲ့သို့ ၄င်းတို့မိဘများ အားခေါ်ယူ၍ ခံဝန်ကတိဖြင့် ပြန်လွှတ်ပေးခဲ့သည်ဟု မိုးညှင်းရဲစခန်းမှ ဒုတိယစခန်းမှူး ဦးဝင်းဋ္ဌေးက ဆိုသည်။

မြစ်မခ

No comments:

Post a Comment