Wednesday 23 October 2013

မန္တလေးမြို့အနှံ့ စီစီတီဗီတပ်ဆင်ရန် UNDP ကို ရဲတပ်ဖွဲ့တောင်းဆို

Photo: မန္တလေးမြို့အနှံ့ စီစီတီဗီတပ်ဆင်ရန် UNDP ကို ရဲတပ်ဖွဲ့တောင်းဆို
Tuesday, October 22, 2013

မန္တလေးမြို့တွင် မှုခင်းများလျော့ကျရေးနှင့် တရားခံများကို အချိန်နှင့်တစ်ပြေးညီ ဖမ်းဆီးဖော်ထုတ်နိုင်ရေးအတွက် မြို့ အနှံ့ စီစီတီဗီကင်မရာများ တပ်ဆင်ရန် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) အဖွဲ့အား တောင်းဆိုထားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကိစ္စများ ဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့အား လိုအပ်သည့်အကူအညီများပေးနိုင်ရန် UNDP မှ တာဝန်ရှိသူများက မန္တလေးမြို့ တွင် လာရောက်လေ့လာစဉ် မန္တလေးမြို့အနှံ့ စီစီတီဗီကင်မရာများ တပ်ဆင်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောသည်။

""ပံ့ပိုးဖို့၊ ကူညီဖို့ သူတို့က လိုက်လေ့လာတဲ့အချိန်မှာ တောင်းဆိုလိုက်တယ်။ ကျလာမယ်လို့တော့ ထင်တာပဲ။ ရှိတဲ့ရဲအင်အားနဲ့ နေ့ညလုပ်နေရတော့ တပည့်တွေလည်း ဒေါင်းကုန်ကြပြီ”” ဟု ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောသည်။

ယခုလအတွင်း မန္တလေးမြို့ ပေါ်တွင် ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင်လူသတ်မှုနှင့် ရွှေဘဲ စားတော်ဆက်အတွင်း ဗုံးတွေ့ရှိမှုများတွင် စီစီတီဗီကင်မရာများ၏ အကူအညီကြောင့်သာ သဲလွန်စရပြီး တရားခံများကို အမြန်ဆုံး ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မြို့အနှံ့ စီစီတီဗီကင်မရာတပ်ဆင်ပါက ရဲတပ်ဖွဲ့ဝင်များအတွက်လည်း များစွာအထောက်အကူဖြစ်နိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး အောင်ရွှေက ပြောသည်။

မန္တလေးမြို့ရှိ ဟိုတယ်၊ တည်းခိုခန်းများ၊ စားသောက်ဆိုင်များ၊ ဈေးများ၊ ကားဂိတ်များသာမက ရဲစခန်းများတွင်ပါ စီစီတီဗီကင်မရာများ တပ်ဆင်ထားပြီးဖြစ်ကြောင်း ဒုရဲမှူး အောင်ရွှေက ဆက်လက်ပြောကြားသည်။

မန္တလေးခရိုင်တွင် လူဦးရေ ၁၄ သိန်းကျော် ရှိနေပြီး ရဲတပ်ဖွဲ့ဝင်အရေအတွက်မှာ တစ်ထောင်ခန့်သာရှိသောကြောင့် လူဦးရေအချိုးနှင့် ရဲတပ်ဖွဲ့ဝင်အချိုးမှာ မမျှတဘဲ ဖြစ်နေသဖြင့် ယခုကဲ့သို့ စီစီတီဗီကင်မရာ တပ်ဆင်ရန် UNDP အား တင်ပြရခြင်းဖြစ်ျကြာင်း ခရိုင်ရဲတပ်ဖွဲ့မှူးက ပြောသည်။

ဘီဘီစီ (မြန်မာပိုင်း)
မန္တလေးမြို့တွင် မှုခင်းများလျော့ကျရေးနှင့် တရားခံများကို အချိန်နှင့်တစ်ပြေးညီ ဖမ်းဆီးဖော်ထုတ်နိုင်ရေး အတွက် မြို့အနှံ့ စီစီတီဗီကင်မရာများတပ်ဆင်ရန် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)အဖွဲ့ အား တောင်းဆို ထားကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကိစ္စများ ဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့ အား လိုအပ်သည့်အကူအညီများပေးနိုင်ရန် UNDP မှ တာဝန်ရှိသူများက မန္တလေးမြို့ တွင် လာရောက်လေ့ လာစဉ် မန္တလေးမြို့အနှံ့ စီစီတီဗီကင်မရာများ တပ်ဆင်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောသည်။

""ပံ့ပိုးဖို့၊ ကူညီဖို့ သူတို့က လိုက်လေ့လာတဲ့အချိန်မှာ တောင်းဆိုလိုက်တယ်။ ကျလာမယ်လို့တော့ ထင်တာ ပဲ။ ရှိတဲ့ရဲအင်အားနဲ့ နေ့ညလုပ်နေရတော့ တပည့်တွေလည်း ဒေါင်းကုန်ကြပြီ”” ဟု ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောသည်။

ယခုလအတွင်း မန္တလေးမြို့ ပေါ်တွင် ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင်လူသတ်မှုနှင့် ရွှေဘဲ စားတော်ဆက် အတွင်း ဗုံးတွေ့ရှိမှုများတွင် စီစီတီဗီကင်မရာများ၏ အကူအညီကြောင့်သာ သဲလွန်စရပြီး တရားခံများကို အမြန်ဆုံး ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မြို့အနှံ့ စီစီတီဗီကင်မရာတပ်ဆင်ပါက ရဲတပ်ဖွဲ့ဝင် များအတွက်လည်း များစွာအထောက်အကူဖြစ်နိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး အောင်ရွှေက ပြောသည်။

မန္တလေးမြို့ရှိ ဟိုတယ်၊ တည်းခိုခန်းများ၊ စားသောက်ဆိုင်များ၊ ဈေးများ၊ ကားဂိတ်များသာမက ရဲစခန်းများ တွင်ပါ စီစီတီဗီကင်မရာများ တပ်ဆင်ထားပြီးဖြစ်ကြောင်း ဒုရဲမှူး အောင်ရွှေက ဆက်လက်ပြောကြားသည်။

မန္တလေးခရိုင်တွင် လူဦးရေ ၁၄ သိန်းကျော် ရှိနေပြီး ရဲတပ်ဖွဲ့ဝင်အရေအတွက်မှာ တစ်ထောင်ခန့်သာ ရှိသောကြောင့် လူဦးရေအချိုးနှင့် ရဲတပ်ဖွဲ့ဝင်အချိုးမှာ မမျှတဘဲ ဖြစ်နေသဖြင့် ယခုကဲ့သို့ စီစီတီဗီကင်မရာ တပ်ဆင်ရန် UNDP အား တင်ပြရခြင်းဖြစ်ျကြာင်း ခရိုင်ရဲတပ်ဖွဲ့မှူးက ပြောသည်။

ဘီဘီစီ (မြန်မာပိုင်း)

No comments:

Post a Comment